" အလွဲ "
source
ဘဝ ဘဝ
ဘကုံးနှင့် ဝလုံးနှစ်လုံးတည်းပေမဲ့
လုပ်ငန်းဆောင်တာ ကရိကထတော့
အများသားလား။
တစ်ခါတလေမှာ ဘဝကြီးက
စာလုံးပေါင်းမသေသပ်ခဲ့တဲ့
အရေးအသားနဲ့တူတယ်။
သတ်ပုံအမှားတွေနဲ့
အလောတကော ရေးခြစ်ခဲ့ဖြစ်တယ်
အေးဆေးပြန်ဆစ်ကြည့်တော့
အတော်လေး လွဲမှားနေတယ်။
တစ်ခါတလေကျတော့
အနာတစ်ခြား ဆေးတစ်ခြား
မှားသောက်ခဲ့သလိုပဲ
ဖြစ်နေတာက ခေါင်းကိုက်တာ
သောက်မိတာက ဗိုက်နာပျောက်ဆေး။
တစ်ခါတလေကျတော့လည်း
ဘဝဆိုတာ တောင်တက်ခရီးစဉ်လိုပါပဲ
လူဖြစ်စကနေ တက်ခဲ့လိုက်တာ
သေဆုံးချိန်ထိ ဆက်တက်နေရဦးမယ်။
တစ်ခါ တစ်ခါမှာတော့
တစ်စိတ်ကို တစ်အိတ်လုပ်
လွဲမှားကျပြန်လေတယ်။
တကယ်ဆိုရင်
စူလသုဘဒ္ဒါ လိုချင်ခဲ့တာက
နားဋောင်းတစ်ရံစာပါ
မင်းဆဒ္ဒန်ရယ်။
အသေခံပြီး အစွယ်အကုန်လုံး
ဖြတ်စရာမလိုခဲ့ပါဘူးလေ။
source
Author>>>@aungzawhtwe
I like the poems but i dont understand it
Ofcouse this is written by our mother language , Myanmar. Thank .
စကားလုံးတွေကေ ပြာင်ေ မြာက်တယ်ဟေ့။
ပြောင်မြောက်ပါဘူးဗျာ ။ မတောက်တခေါက်ပါ။
ဘဝအလွဲများစွာမထင်မှတ်သောအရာများရှိခဲ့လေသည်
တစ်ခါတလေကိ တော်တော်ကြီး လွဲခဲ့တတ်ကြတယ်။
မိန်းမတို့သဘော မှန်းဆလို့ မရပါ သူလိုချင်တာ နားဋောင်းမဟုတ်ပါ ဆင်မင်းရဲ့အချစ် သက်သေပြမှုကိုပါ တောင်းနည်းမှားယွင်းတာကြောင့် သူလည်း ရင်ကွဲခဲ့ရတယ်
အမှန်တော့ မတောင်းတတ် မပေးတတ်ကြတာပေါ့နော်။
ဖြတ်တော့ ဖြတ်ခဲ့ပြီကော
လွန်ကုန်ပြီလေ။
Your article is very exciting!
မင်းဆဒ္ဒန်က နောက်ဘဝတွေမှာ အမုန်းကြွေးသံသရာရှည်မှာစိုးလို့
အကြွေးဆပ်လိုက်တာပါ
ဟုတ်လောက်မယ်။
ဘ၀ကို အရွဲ့မတိုက်လေနဲ့ ကိုယ်ပဲ ရွဲ့သွားမယ် အပြစ်ရှာရင် အပြစ်တွေ့မယ် အချစ်ရှာတော့ အချစ်တွေ့မှာပေါ့ ဘာရှာနေတာလဲ? စဉ်းစားပေါ့
ဟုတ် ကဲ့။