Proposal to form an alliance

in #alliance5 years ago

အခုအချိန်မှာ Steemit ပေါ်မှာ စာရေးသားနေတဲ့သူတွေ အများစုက individual တွေများပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီသူတွေကို ပြန်ပြီး စုစည်းလိုက်ချင်ပါတယ်။ စည်းလုံးခြင်းသည် အင်အားဆိုတဲ့ စကားပုံလိုပေါ့ဗျာ။

Image Source

ဒါပေမဲ့ ဒီအဖွဲ့အစည်းက alliance လုပ်ထားတာသာ ဖြစ်တဲ့အတွက် စည်းမျည်းစည်းကမ်းတွေ မထုတ်ချင်ပါဘူး။ ပိုပြီး တိတိကျကျပြောရရင်တော့ စည်းကမ်းမလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလဲ မလုပ်ချင်ပါဘူး။ လူတိုင်းမိမိကိုယ်မိမိ တာဝန်ယူရမှာပါ။ အဲဒီအတွက် RP ၅၀ ကျော်တဲ့သူတွေ၊ Cheetah မိမထားတဲ့သူတွေကိုပဲ ပါဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ RP ၅၀ ထက်နည်းတဲ့သူတွေရဲ့ ပူးပေါင်းလုပ်ကိုင်ချင်တဲ့ ဆန္ဒကိုလဲ လျစ်လျှူရှု မထားပါဘူး။ လေ့လာသူ ဒါမှမဟုတ် junior အနေနဲ့ ပါဝင်ခွင့်ပေးထားမှာ ဖြစ်ပါတယ်။ Junior ကနေမှ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာမှာပါ။

ကျွန်တော်တို့ရဲ့ ရည်ရွက်ချက်က ဘာတွေလဲ −

  • Follower များလာစေရန်
  • ပိုစ့်တွေမှာ ကွန့်မန့်တွေ များလာစေရန်
  • Frontend တွေကို စနစ်တကျသုံးတတ်လာစေရန်

စတာတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်အခုလက်ရှိလုပ်နေတာက နှစ်ခုရှိပါတယ်။ Steempress နဲ့ esteem ပါ။ Esteem နဲ့ရေးတဲ့သူတွေကို ကျွန်တော့်အကောင့်ကနေ အပ်ဗုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Esteem ရဲ့ အပ်ဗုတ်ပါရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Steempress နဲ့ ရေးချင်တဲ့သူတွေကို website တစ်ခု ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ ဘာလုပ်ရမှာလဲ

  • အခြားအဖွဲ့ဝင်တွေကို follow လုပ်ပေးပါ။
  • အခြားသူတွေရဲ့ ပိုစ့်တွေကို comment ပေးပါ။
  • Frontend တွေနဲ့ပတ်သက်ပြီး အခြားသူတွေနဲ့ အတွေ့အကြုံမျှဝေပါ။

Esteem က follwer တွေရဲ့ စုစုပေါင်း SP ပေါ်ကိုကြည့်ပြီး vote ပေးပါတယ်။
Steempress ကတော့ မိမိ ဘလော့ကို သူများတွေက upvote ပေးတာ၊ comment
ပေးတာတွေကို ကြည့်ပြီး ဗုတ်ပေးပါတယ်။

ကျွန်တော့်အနေနဲ့ Tag တစ်ခုကို သုံးပြီး ပိုစ့်တွေကို စုစည်းထားမလားလို့ စဉ်းစားမိပါတယ်။ မိတ်ဆွေတို့ရဲ့ စိတ်ကူးကို ရေးပေးကြပါဦး။



Posted from my blog with SteemPress : https://www.steemhosting.com/mmunited/proposal-to-form-an-alliance/
Sort:  

တစ်သင်းတစ်ဖွဲ့လုပ်တာထက် ဘုံအဖွဲ့အစည်းသဘော ပိုကောင်းမယ်ထင်တယ် လူတိုင်းပါဝင်ခွင့်ရှိတယ် ဒီအဖွဲ့ဝင်မှ ဒါရမယ် မဟုတ်ဘဲ ဒါတွေလုပ်ရင် ဒါတွေအကျိုးခံစားခွင့်ရှိတယ်ဆိုတာမျိုးပေါ့

အင်း ကောင်းပါတယ် ဘရို။ ကျွန်တော်လုပ်ချင်တာကတော့ မဟာမိတ်ဖွဲ့တဲ့ သဘောပါပဲ။ မလုပ်မနေရတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ရင်တော့ ပိုကောင်းမယ်ပေါ့။ upvote ကတော့ ကျွန်တော်တို့က frontend တွေအပေါ်ပဲ မှီခိုနေတဲ့အတွက် မပေးလဲ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ comment တွေ
follow တွေကျတော့ ကျန်တဲ့သူတွေ အတွက်က လိုလာပြန်ရော။ ဘယ်သူတွေကတော့ မဟာမိတ်လုပ်ထားတယ်ဆိုတာ သိတယ်ဆိုရင် အဲဒီလူတွေကို ဦးစားပေးပြီးတော့ မန့် ပေးဖြစ်မယ်ထင်တယ် ဘရို။

စိတ်ထဲရှိတာပြောရလျှင်တော့ ကျွန်တော်အများကြီးမသိပါဘူး။
ကျွန်တော်သိတာစာရေးပို့စ်တင်ဖို့လောက်ပါပဲ။
commentအကြောင်းလေးကတော့အတော်လေးကိုစိတ်ဝင်စားမိပါတယ်။
followလုပ်တာနဲ့ပတ်သက်ပြီးလူတကာဆီကအများကြီးမမျှော်လင့်ပါဘူး။ဘာကြောင့်လဲဆိုတော့followများများရနိုင်ဖို့ရန်အလွန်ခက်ခဲသောအခြေအနေနဲ့အချိန်အခါမလို့ပါ။ဒါကအတွေ့အကြုံအရပါ။
commentနဲ့ပတ်သက်ပြီးပြောရလျှင်မြန်မာတွေဂွတ်ပို့အဆင့်လောက်သာရှိကြပါသေးတယ်။
သိသလောက်ကတော့ဒီလောက်ပါပဲ။
ကျန်တဲ့အပိုင်းတွေကိုတော့ အစ်ကိုကြီးတို့သဘောအတိုင်းလိုက်လုပ်နိုင်ရန်ကြိုးစားလုပ်ဆောင်သွားပါ့မယ်
@thura

ပါဝင်ချင်ပါတယ် msc အဖွဲ့ဝင်တစ်ယောက်အနေနဲ့
ဝင်ခွင့်ရရင်ပေါ့

ပါဝင်လို့ရပါတယ်ဗျ။ အဲဒါဆို ပိုအဆင်ပြေတာပေါ့ဗျာ။

!sbi status

Hi @mmunited!

  • you have 43 units and 0 bonus units
  • your rshares balance is 104460418471 or 0.051 $
  • you need to wait until your upvote value (current value: 0.010 $) is above 0.012 $

tag တစ်ခုတော့ အသိအမှတ်ပြုလာတဲ့အထိသုံးရမှာပေါ့၊ steempress အတွက် ဘယ်အချိန် 1$ ပေးပို့ရမလဲ၊ Upvote တော့မရဖူးသေးပါဘူး။ ဒါပေမယ့် လတစ်လရဲ့ ဘယ်ရက်ဆိုပြီးပြောထားရင်တော့ စုထားလို့ရအောင်ပါ

Posted using Partiko Android

အပ်ဗုတ်ရမှ ပို့ပါဘရို။ ဘရို့နာမည်ကို တော့ ပေးထားတယ်။ ပြဿနာတစ်ခုက Review လုပ်မဲ့သူမရှိတာပဲ။ အဲဒီအတွက် လက်ရှိရနေတဲ့သူကတော့ ဆက်ရနေတာပေါ့။ ဒါပေမဲ့ မရတဲ့သူကလဲ မရနိုင်ဘူး ဖြစ်နေတယ်။

https://steemit.com/photography/@alcibiades/street-photography-is-hard-work#@mmunited/re-alcibiades-street-photography-is-hard-work-20190210t072703654z

@curie ရဲ့ head of general curation ရဲ့ ပိုစ့်မှာ ရေးထားတာပါ။ ဖတ်ကြည့်ပြီး ရင် မှတ်ချက်ရေးပေးပါဦး။
@bobokyaw, @minsoenaing, @mm7, @thura, @aggamun, @nayhlaingsoe, @mamamyanmar, @lwanwai, @kyawhlaing, @ansoe. @pyaesonekhinkhin.

ပြောချင်တာတွေ များလို့ post အနေနဲ့ ရေးလိုက်ပါတယ် ဗျ။ အဆင်မပြေရင် ဝေဖန်ပေးပါဦးနော့
https://steemit.com/blog/@aggamun/aggamun-feicopt1h1

Posted using Partiko Android

good တယ်ထင်ရင် do သာdo ပါ အားပေးနေပါ့မယ်

Hi, @mmunited!

You just got a 3.89% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13