န့တိုင်းမျက်နှာပွင့်အောင်

in #artzone6 years ago

image
photo credit

  လူတွေကနေ့တိုင်းအပြင်ကို တစ်ခါမဟုတ်တစ်ခါတော့ထွက်ကျမှာအမှန်ပါပဲ။။နေ့တိုင်း လူချစ်လူခင်ပေါပြီး သွားလေရာ ရောက်လေရာမှာ အနှောင့်ယှက်ကင်းကင်းနဲ့ အဆင်ပြေပြေဖြစ်အောင်ကူညီသူပေါ၊

မေတ္တာထားသူပေါများ တဲ့ ဓါတ်သဘာဝကို ပီယဓါတ်ဟု ခေါ်ပါတယ်။ အဲဒီတော့ အပြင်ထွက်တဲ့အခါ

ကိုယ့်မျက်နှာလေးကိုသူများတွေမြင်တာနဲ့ ခေါ်ချင်ပြောချင်စိတ်တွေပွားပီး အကြွေးရှင်တောင် သွားဖြဲပြနိုင်

အောင်လို့ သူငယ်ချင်းတို့ကို ပီယဓါတ်ရွှင်နည်းလေးပေးလိုက်ပါရစေ။တချို့တွေပြောတယ်မို့လား မင်းကောင်မ

လေးနဲ့အဆင်ပြေသွားပီပေါ့ ဟုတ်လား၊ သူငယ်ချင်းရာ ငါလဲအဲလိုမျိုး ပီယ ဓါတ်လေးလိုချင်လိုက်တာ မင်းဆီ

မှာ ပီယဆေးရှိရင်ငါ့ပေးပါလားတို့ ဘာတို့ပေါ့ ကဲ စိတ်ဝင်စားမယ်ဆိုရင် အောက်မှာဆက်ပီး ဖတ်ကြည့်လိုက်

နော်။

အိမ်က အပြင်ထွက်ရင် သွားလေရာ လမ်းတစ်လျှောက် အနှောင့်ယှက် ပေးတဲ့လူလည်းကင်းဝေးချင်တယ်၊

သူတစ်ပါး သဘောကျလောက်အောင်လည်း စတိုင်ထုတ်ချင်တယ်၊ ဒီလိုအနေအထားမျိုး မိန်းကလေးတိုင်း

လိုလားတယ်။ဒီနေရာမှာ ပီယဓါတ်က သိပ်အရေးကြီးတယ်လေ။

လိုက်နှောင့်ယှက်တာမျိုး၊ က္ကနြေ္ဒပျက်လောက်အောင်ဒုက္ခပေးစော်ကားမော်ကားပြောဆို ပြုမူတာတွေ အရှက်

ကွဲအောင် ရိုင်းစိုင်းပြောဆိုတာမျိုး ဘယ်မိန်းကလေးမှမလိုလားတာ အမှန်ပါပဲ။ နောက်ပြောင်သူ အနှောင့်ယှက်

ကင်းပြီး ချစ်ခင်သနားစိတ်နဲ့ ရိုင်းပင်းကူညီ လေးစား ဆက်ဆံသူပေါများပြီး ကိုယ့်တစ်ချက်လောက် ပြုံးပြတာနဲ့

တစ်ဖက်လူက ကူညီလိုစိတ် ညွတ်ကျစေတဲ့ ဓါတ်ကို ပီယလို့ခေါ်ပါတယ်။

အမျိုးသားများအဖို့လည်း ရန်အနှောင့်အယှက်ကင်းပီး မိန်းကလေးတွေစိတ်ဝင်စားခံရပြီး အကြီးအကဲ ဆရာ

သမားပင် နှစ်သက်ခံရတဲ့ မျက်နှာပွင့်ခြင်းကို ပီယလို့ ခေါ်ပါတယ်။

တနင်္ဂနွေနေ့ ။ ။ အိမ်ကထွက်ရင် ဦးခေါင်းထိပ်မှာ (အ) အက္ခရာကို လက်ညှိုးနဲ့တို့ထိရေးပြီး ထွက်ပါ။

တစ်နေ့တာ စိတ်ချမ်းသာစေရမယ်။

တနင်္လာနေ့။ ။ အိမ်ကထွက်ရင် လက်ညှိုးဖြင့် နဖူးမှာ (က) အက္ခရာကိုရေးပြီး ထွက်ပါ။

တစ်နေ့တာလုံး ထူးခြားစွာ အဆင်ပြေပါလိမ့်မယ်။

အင်္ဂါနေ့။ ။ အိမ်ကထွက်ရင် မျက်လုံးမျက်ခုံးပေါ်မှာ (ဆ) အက္ခရာရေးပြီး အိမ်ကထွက်ပါ။ အားလုံး

အဆင်ပြေ ခရီးလမ်းပန်းချောမွေ့ တနေ့တာ အဆင်ပြေမည်။

ဗုဒ္ဓဟူးနေ့။ ။ အိမ်မှထွက် လက်ညှိုးလေးနဲ့ လျှာပေါ်မှာ (ရ)အက္ခရာကို ရေးပြီးထွက်။ထူးခြားစွာ အဆင်

ပြေလိမ့်မည်။

ကြာသပတေးနေ့။ ။အိမ်ကထွက်ရင် လက်ညှိုးနဲ့ ညှပ်ရိုးမှာ(ပ)အက္ခရာရေးပြီးထွက်ပါ။ဒီနေ့ကိစအားလုံး

ချောမွေ့ပါလိမ့်မယ်။

ယတြာ

မိတ်ဆွေအနေနဲ့ ယတြာလေးတွေချေပေးပါဦး။
အမွှေးနံ့သာရေနှင့် တနင်္လာထောင့်က ဆင်းတုတော်ကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပေးပါ။ ကြာဖူး (၂) ပွင့်၊ သစ္စာပန်း (၆) ပွင့်ကိုလည်း ၎င်းဘုရားမှာပဲ ကပ်လှူပူဇော်လိုက်ပါ။ နဂါးရုံဘုရားမှာ ထန်းလျက် (၁၁) ခဲကို စက္ကူကတော့ထဲ ထည့်ပြီး ကပ်လှူပူဇော်လိုက်ပါ။
အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဒီနှစ်ပိုင်းမှာ မိတ်ဆွေကြုံတွေ့ရမယ့် အခိုက်အညံ့လေးတွေ ပြေပျောက်သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဟာ မိတ်ဆွေအဖို့ ကံကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63478.09
ETH 3067.28
USDT 1.00
SBD 3.81