တခါတလေ တော့လည်း (@aggamun)

in #battle5 years ago

SM က ရာသီ ပြီးဖို့ တစ်ရက်နှစ်ရက်ပဲ လိုပါတော့တယ်။ ဖလားက 1800 နဲ့ 1900 ကြားထဲမှာ ပြေးနေပါတယ်။ gold ||| ကို သွားရင် ကောင်းမလား မသွားရင် ကောင်းမလား စဉ်းစားနေပါတယ်။ ရာသီပြီးကာ နီးတော့မှ နာရီ ပိုင်းအလိုလောက်မှာ ရေလှိုင်းကို ကိုင်ပြီး gold ||| ကို သွားမယ်ဆိုရင် အဆင်ပြေ နိုင်ဖို့ ရှိပါတယ်။ အဲ့ဒါဆိုရင် Reward Card တွေလည်း များများရမှာ ဖြစ်သလို နောက် Season အတွက်လည်း ဖလား အနည်းငယ် ပိုရမှာ ဖြစ်ပါတယ်။

NC ကတော့ Planet အသစ်တစ်လုံး တွေ့ပေမယ့် မစွံပါဘူးဗျာ။ Common Atmosphere ဆိုတော့ ထူးထူးခြားခြား ဘာမှ လုပ်ပြနိုင်ဖို့ မရှိပါ။ တည်ဆောက်စရာ တွေရှိတာ တည်ဆောက်ပြီး Battleship တွေ ထုတ်ဖို့အတွက် နေရာတစ်ခု ပိုရတယ် လို့ပဲ သတ်မှတ်ရတော့ မှာဖြစ်ပါတယ်။ Miner တွေမြင့်မြင့် တင်နိုင်ခဲ့ ရင်တော့ Skill အတွက် RSS တွေ ရယူနိုင်စရာ နေရာတစ်ခု အဖြစ်တော့ အသုံးတည့်နိုင် ကောင်းပါရဲ့။

တစ်ခုကောင်းသွား တာက Planet အသစ်တွေ့တဲ့ ဘက်အခြမ်းကို နယ်ချဲ့ ဖို့ အရေးတကြီး လိုအပ်နေချိန်မှာ အခုလို နေရာတစ်ခု ထပ်မံ ချဲ့ထွင် နိုင်တာကတော့ ကောင်းမွန်တဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။ နေရာသစ်ကနေ စပြီး Planet တွေ ရှာဖွေဖို့ Explorer တွေ လွှတ်မယ်ဆိုရင် အချိန်ကုန် အများကြီး သက်သာသွားပါ လိမ့်မယ်။ အခုတွေ့တဲ့ ဘက်အခြမ်းကနေ Planet အသစ်တွေ ထပ်တွေ့ဖို့လည်း မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှာဖွေမှု မလုပ်ရသေးတဲ့ နေရာလွတ်တွေ အများကြီး ရှိနေလို့တာပါပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်နေ့ Nextcolony, Steemmonster, Steemengine တစ်ခုပြီးတစ်ခု လည့်ပတ်လုပ်လိုက် စာလေးရေးလိုက် Vote တောင်းလိုက် ဟိုဟာလေးပြေးဖတ်လိုက် ဒီဟာလေးပြေး Vote လိုက် လုပ်နေတာ မမောနိုင် မပန်းနိုင် ပါပဲ။ တစ်ခါတစ်ရံ ဘာအတွက်လုပ် နေမှန်းတောင် မသိတော့ဘဲ Program ဆွဲထားတဲ့ စက်ရုပ်တစ်ရုပ်လို အလုပ်တစ်ခုပြီး တစ်ခုကို အသက်မဲ့စွာ လုပ်နေမိပါတယ်။ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ သာ မခိုင်မာခဲ့ရင် အခုလို လုပ်နိုင်ခဲ့ပါမလား။ တစ်ခါတစ်ခါတော့ တွေးမိပြန်ပါတယ်။

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=122

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10