ရှေ့ဆက်ရမည့် အနာဂတ် (@aggamun)

in #blog5 years ago

မှန်းချက် နဲ့ နှမ်းထွက် မကိုက် သောအခါ မည်သူမဆို စိတ်ပျက် အားလျော့ လာပေလိမ့်မည်။ သို့သော် အခု အရာသည် ကျွန်ုပ်တို့ ယုံကြည်ထားသည့် လမ်း။ သာမန်ကာ လျှံကာ အပေါ်ယံလေးနဲ့ တော့ လက်မလျော့နိုင်။ လက်လည်း မလျော့သင့်။

မိမိ၏ ယုံကြည်ချက်ကို မိမိမှ မယုံကြည်လျှင် မည်သူက ယုံကြည်ပေးမည်နည်း။ ယုံကြည်ထားသည့် အရာများမှာ လည်း အလုံးစုံ ပျက်စီးခြင်းလည်း မရောက်သေး။ အခက်ခဲဆုံးသော ကာလ တစ်ခုကို ဖြတ်သန်းနေရချိန် ဖြစ်သည်။ ထိုကာလသည် စမ်းသပ်ခံ ကာလ၊ သင်ခန်းစာ ပေးသော ကာလ ဟုသာ မှတ်ယူထားရပေမည်။

ထိုကာလ မျိုး ထပ်မံ ကြုံတွေ့ မလာစေရန်၊ ကြုံတွေ့လာပါကလည်း မည်သို့ မည်ပုံ ကြိုတင် ပြင်ဆင်ထားရန် စသဖြင့် သင်ခန်းစာ ယူရမည်သာ။

အလီဘာဘာ သူဋ္ဌေး ဂျက်မား ပြောဖူးသည်ကို သတိရမိသည်။ သင် အောင်မြင်နေချိန်တွင် ပြောင်းလဲပါ။ ပြင်ဆင်ပါ။ ကျရှုံးနေချိန်တွင် ဘာမှ မလုပ်ပါနဲ့။ လို့ ပြောဖူးသည်။ အဓိပ္ပာယ် ရှိသော စကား ဖြစ်ပါသည်။ ဘဝ နဲ့ ရင်း ရလာသော စကား ဖြစ်သောကြောင့် ပြီး ပြီးရော ပြောသော စကားများ မဟုတ်ပါလေ။

အခု ကျွန်တော်တို့ ယုံကြည်ထားသော အရာ ကောင်းစားစဉ်က ယနေ့လို အဖြစ်မျိုး အတွက် ကြိုတင် မပြင်ဆင် ထားခဲ့၍ အခုအခါ အင်အား ချိနဲ့ လာကာ ပြိုကွဲ ပျက်စီး လုလု အခြေအနေ သို့ ရောက်ရှိ လာရပေသည်။ တင်းခံ နေသူများကိုလည်း လေးစားရပါသည်။ ယခု လို အချိန်တွင် အပြောင်းအလဲ တစ်ခုခု လုပ်ဆောင်လိုသူများလည်း တွေ့မြင်နေရသည်။

မည်သို့ပင် ဖြစ်စေ ကျွန်တော့ အနေနဲ့က တော့ ယုံကြည်ထားတဲ့ အရာကို အဆုံးတိုင် လျှောက်မှာ ဖြစ်သည်။ မည်သည့် အရာ ဖြစ်စေ လုပ်ကိုင် နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်မှာ ဖြစ်သည်။ နည်းပညာ သမား မဟုတ်၍ ဦးဆောင် ပြောင်းလဲနိုင်စွမ်း မရှိသော်လည်း တာဝန်ကျေသော နောက်လိုက်ကောင်း တစ်ယောက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

So many thanks for reading and visiting my blog.

Have a good day to all steemians!

MSU-022

@aggamun



Posted from my blog with SteemPress : http://www.steemhosting.com/aggamun/?p=18
Sort:  

ဒီထက်ကောင်းတာ မရှိသေးရင် ဒါဘဲလုပ် မယ်လေ
ဘာမှ မလုပ်တာထက်တော့ အများကြီးသာတယ်နော

ဟုတ်တယ် bro။ 👍

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02