ရှုံးသလား မြတ်သလား (@aggamun)

in #blog5 years ago

ခုနေ ဟေ့ကောင် မင်း စတီးမစ်မှာ post ကောင်းကောင်း တင်တတ်ပြီလား လို့ တစ်စုံ တစ်ယောက်က များ မေးလာခဲ့သည် ရှိသော် ကျွန်တော် ဖြေရမည့် အဖြေက တစ်ခုတည်း ရှိပါသည်။ No ဟု သာ ဖြေရပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ပိုစ့် တစ်ခု၏ အပြင်အဆင်ကို စိတ်တိုင်းကျ မပြင်ဆင်နိုင်သေးလို့ ပဲ ဖြေရပေလိမ့်မည်။

ကျွန်တော်သည် ဖန်တီးရေးသား ရခြင်းထက် ခံစား တည်းဖြတ်ရသည်ကို ပို၍ ဝါသနာကြီးသူ ဖြစ်သည် အားလျော်စွာ ပိုစ့်ကောင်း တစ်ခုကို ခံစား ဖတ်ရှုရသည်ကို ပျော်ရွှင် ကျေနပ် သော်လည်း ဖန်တီးရေးသား ဖို့တော့ အင်မတန် ပျင်းရိ ငြီးငွေ့ တတ်သူ ဖြစ်သည်။

သို့သော် ဤကဲ့သို့သော သူမျိုးအနေဖြင့် စာပိုဒ်ပေါင်း တစ်နည်းအားဖြင့် ပိုစ့်ပေါင်း ၃၀၀ ကျော်အောင် ရေးသားထားပြီးပြီ ဟု steemitboard ၏ စာရင်း အရ သိရသောအခါ မိမိကိုယ် မိမိ အနည်းငယ် ပင် စိတ်ကြီး ဝင်မိသည် ဟုဆိုလျှင် လွန်အံ့ မထင်ပေ။ အဖွဲ့ အစည်းနှင့် ဆောင်ရွက်ခဲ့သော ကာလများတွင် ပရိုမိုးရှင်း ရှိရန် အတော်အတန် ဖတ်ရှုချင့် စဖွယ် စာများ ရေးသား ခဲ့ရသေးသည်။

ယခုမူ စာရေးသားရာ၌ ပိုမို လွတ်လပ်လာ သော်လည်း ပရိုမိုးရှင်း ရရှိ စဉ် အချိန်ကကဲ့သို့ ဖတ်ရှုချင် စဖွယ် စာ အတိုအစ လေးများ မရေး သားဖြစ်တော့ သည်ကိုတော့ ဝန်ခံရပေမည်။ ဤသည်မှာလည်း စည်းကမ်း ရှိခြင်း မရှိခြင်း ဆိုသည်ထက် ကျွန်တော်၏ အပျင်း ဓာတ်ခံ ကြောင့်သာ ဟု ဆိုချင်ပါသည်။ ပရိုမိုးရှင်း မရှိတော့၍ ကြိုးစား အားထုတ်မှု လျော့ပါရပါသည် ဟု လျှောက်လဲချက် မပေးချင်တော့ပါ။ ဘယ်သူမပြု မိမိမှု မဟုတ်ပါလားဗျ။

အခုတော့ စာ တစ်နေ့ တစ်ပုဒ် မဖြစ်မနေ ရေးသားရန် အကြောင်းက ရှိလာခဲ့ချေပြီ။ ယခင် က ရေးသားထားသည့် ပိုစ့်များကို အခြားသူများ vote ၍ $1 နား ရောက်အောင် ကြိုးစား နေရသော်လည်း ယခု အခါတွင်မူ ပိုစ့် သာရေးတင်လိုက်ပါက ပုံမှန် vote ပေး၍ $ များများရအောင် လုပ်ပေးနိုင်သော မိတ်ဆွေများ အတော်အတန် ရှိလာခဲ့သည် မဟုတ်ပါလားဗျာ။

မိတ်ဆွေများကလည်း တကယ့်ကို မိတ်ကောင်း ဆွေကောင်း များသာ ဖြစ်ကြသည်။ post သာ တင်လိုက် aggamun ရေ ! … ငါတို့က vote ပေးဖို့ အသင့်ပဲ ဟ ဟူ၍ အသင့် ဖြစ်နေသူများ ဖြစ်ကြသည်။ ရေးသားမှု ကောင်းသည် မကောင်းသည် အပ ထား၊ အချင်းချင်း ရိုင်းပင်း ကူညီကြသည့် စိတ်ဓာတ် များပီပီ မခို မကပ်ဘဲကို vote ကြခြင်း ဖြစ်သည်။ ကျေးဇူး တင်စရာ အလွန်ကောင်းပေ၏။

ဤကဲ့သို့ သော မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်များး ရှိနေသော ကျွန်တော်သည် နေ့တိုင်း ပိုစ့်တင်ဖို့ အတွက် အချိန်ပေးကာ ရေးသားဖန်တီးရန် ကြိုးစားအားထုတ် နေသည်မှာ ဆန်းကြယ်သော အရာ မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့ အနေနဲ့ကတော့ steemit အသုံးပြုတာသည် ရှုံးသလား မြတ်သလား ဆိုသည်ကိုတော့ အထူးပြောပြနေရန် မလိုအပ်တော့ပါကြောင်း ……


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=55
Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

မိတ်ဆွေရဲ့ ပိုစ့်ကို C2 Myanmar Curation အဖွဲ့မှ ရွေးချယ်လိုက်ပါသည်။

Very nice! Thank you!

Posted using Partiko Android

အရေးအသား ကြွေသွားလို့
ဗုတ်ပေးသွားပါတယ်လို့ 😁

အရေးအသား ကောင်း ကောင်း မကောင်း ကောင်း ဦးထွေးက ကိုယ့် ဆရာ သမား ကောင်းပါဗျ။ အမြဲတမ်း vote လာလာပေးတယ်နော်။ ကျွန်တော်လည်း ဦးထွေး ရေးတာတွေ ဖတ်ပြီး အရေး အသား တက်လာတာ နေမှာပါဗျ။ :-)

Posted using Partiko Android

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79