AGTI ေတြကို ဆြေပးျခင္း

in #blog5 years ago

အခုတေလာ AGTI ေတြ ကေန profile ပံုေျပာင္းတာေတြ ဘာေတြ လုပ္ေနၾကတယ္။ ဘယ္သူကေတာ့ AGTI နဲ့ ဘယ္အဆင့္ထိေရာက္ခဲ့တာ စသျဖင့္ ေျပာေနၾကတယ္။ MEC ကလဲ လြတ္ေတာ္အမတ္ေတြဘက္ ထိုးခ်ထားတယ္။ ဒါသူတို့ လုပ္တာ မဟုတ္ဖူး။ လြတ္ေတာ္အမတ္ေတြ လုပ္တာ ဆိုတဲ့ ပံုစံမို်း ခို်းထားတယ္။ တစ္ကယ္က သူတို့လုပ္တာပါ။ အင္ဂ်င္နီယာေတြၾကားမွာ ေသြးခဲြဖို့ လုပ္ထားတာပါ။

တကယ္ကေတာ့ PE, RSE စတာေတြကကို လဲြေနတာပါ။ အဲ့ဒါေတြရေတာ့ေရာ ဘာလုပ္လို့ရလဲ။ ဘယ္ေနရာမွာ သံုးလို့ရလဲ။ အဲ့ဒါေတြ မရိွရင္ေရာ ဘာျဖစ္သလဲ။ ျမန္မာနိုင္ငံမွာပဲ သူတို့ အမိန့္ထုတ္လို့ရတာေလ။ အျခားနိုင္ငံေတြ မွာက အဲ့ဒါေတြ မရိွလို့လဲ ရေနတာပဲ။ ဘာနဲ့တူသလဲဆိုေတာ့ သူကလဲ ဗဝတလိုပါပဲ။ ျပည္တြင္းမွာပဲ အသံုးတည့္တယ္။ ကိုယ့္နိုင္ငံက အင္ဂ်င္နီယာေတြ အျခားနိုင္ငံသားေတြနဲ့ ယွဉ္ျပိုင္နိုင္စြမ္း မရိွေအာင္ လုပ္ပစ္လိုက္တာပဲ။

ဒီလက္မွတ္ေတြ မရိွရင္ အလုပ္လုပ္လို့မရဘူးလို့ ကန့္သတ္လိုက္တယ္။ အဲ့ဒိလို ကန့္သတ္ေတာ့ ဘယ္သူေတြ နစ္နာသလဲ။ ကိုယ့္နိုင္ငံက အင္ဂ်င္နီယာေတြပဲ နစ္နာတာပဲ။ အျခားနိုင္ငံမွာ အလုပ္လုပ္လို့ ရတဲ့ certificate ေတြ ရေအာင္လုပ္ေပးရမွာကို သူတို့ကေနပဲ ျပန္ကန့္သတ္ေနတယ္။ ဒါလံုးဝကို မျဖစ္သင့္ပါဘူး။ ဝန္ထမ္းေတြကေတာ့ အဲ့ဒိ certificate ေတြ မရိွလဲ ဆက္လုပ္လို့ရေနတာပဲေလ။ တစ္ကယ္က လက္မွတ္ထိုးျပီး ပိုက္ဆံယူေနတဲ့ အင္ဂ်င္နီယာေတြကို တားဆီးရမွာပါ။ လုပ္လိုက္ရင္ေတာ့ တလဲြေတြခ်ည့္ပဲ။

[Unicode]

အခုတလော AGTI တွေ ကနေ profile ပုံပြောင်းတာတွေ ဘာတွေ လုပ်နေကြတယ်။ ဘယ်သူကတော့ AGTI နဲ့ ဘယ်အဆင့်ထိရောက်ခဲ့တာ စသဖြင့် ပြောနေကြတယ်။ MEC ကလဲ လွတ်တော်အမတ်တွေဘက် ထိုးချထားတယ်။ ဒါသူတို့ လုပ်တာ မဟုတ်ဖူး။ လွတ်တော်အမတ်တွေ လုပ်တာ ဆိုတဲ့ ပုံစံမျိုး ချိုးထားတယ်။ တစ်ကယ်က သူတို့လုပ်တာပါ။ အင်ဂျင်နီယာတွေကြားမှာ သွေးခွဲဖို့ လုပ်ထားတာပါ။

တကယ်ကတော့ PE, RSE စတာတွေကကို လွဲနေတာပါ။ အဲ့ဒါတွေရတော့ရော ဘာလုပ်လို့ရလဲ။ ဘယ်နေရာမှာ သုံးလို့ရလဲ။ အဲ့ဒါတွေ မရှိရင်ရော ဘာဖြစ်သလဲ။ မြန်မာနိုင်ငံမှာပဲ သူတို့ အမိန့်ထုတ်လို့ရတာလေ။ အခြားနိုင်ငံတွေ မှာက အဲ့ဒါတွေ မရှိလို့လဲ ရနေတာပဲ။ ဘာနဲ့တူသလဲဆိုတော့ သူကလဲ ဗဝတလိုပါပဲ။ ပြည်တွင်းမှာပဲ အသုံးတည့်တယ်။ ကိုယ့်နိုင်ငံက အင်ဂျင်နီယာတွေ အခြားနိုင်ငံသားတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် လုပ်ပစ်လိုက်တာပဲ။

ဒီလက်မှတ်တွေ မရှိရင် အလုပ်လုပ်လို့မရဘူးလို့ ကန့်သတ်လိုက်တယ်။ အဲ့ဒိလို ကန့်သတ်တော့ ဘယ်သူတွေ နစ်နာသလဲ။ ကိုယ့်နိုင်ငံက အင်ဂျင်နီယာတွေပဲ နစ်နာတာပဲ။ အခြားနိုင်ငံမှာ အလုပ်လုပ်လို့ ရတဲ့ certificate တွေ ရအောင်လုပ်ပေးရမှာကို သူတို့ကနေပဲ ပြန်ကန့်သတ်နေတယ်။ ဒါလုံးဝကို မဖြစ်သင့်ပါဘူး။ ဝန်ထမ်းတွေကတော့ အဲ့ဒိ certificate တွေ မရှိလဲ ဆက်လုပ်လို့ရနေတာပဲလေ။ တစ်ကယ်က လက်မှတ်ထိုးပြီး ပိုက်ဆံယူနေတဲ့ အင်ဂျင်နီယာတွေကို တားဆီးရမှာပါ။ လုပ်လိုက်ရင်တော့ တလွဲတွေချည့်ပဲ။



Posted from my blog with SteemPress : https://mmunited.timeets.com/?p=20
Sort:  

Hi, @mmunited!

You just got a 5.66% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ႂကြားေျပာတာမဟုတ္ဘူး၊ကြၽန္ေတာ္ AGTI ပါ။BE ဆင္းေတြကို သင္ေပးေနရတယ္။ ကိုယ္ကေတာ္လြန္းလို႔မဟုတ္ဘူး။ သူတို႔ကဘာမွတတ္မလာဘူး။ ျမန္မာျပည္မွာ BEေရာ AGTI ေရာ ညံ့သြားတာ ၈၈ ေနာက္ပိုင္းကတည္းကပဲ။ အဆင့္ျပန္မီလာဖို႔က အမ်ားႀကီးမြမ္းမံျပင္ဆင္ယူရမွာ မလြယ္ေတာ့ဘူး

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10