ကိုယ်ပိုင် တိုကင်လုပ်ကြမလား

in #blog5 years ago

Steem blockchaain နဲ့ ချိတ်ထားတဲ့ ကိုယ်ပိုင် တိုကင် လုပ်လို့ရနေပါပြီ။ ဒီ တိုကင်တွေကို smart contract လို့ခေါ်ပါတယ်။ ERC-20 တိုကင်တွေလိုပါပဲ။ ဘယ် app, wallet, exchange နဲ့မဆို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒီ token တွေက SMT တိုကင်တွေနဲ့ မတူပါဘူး။ SMT တိုကင်တွေက Steemit နဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီတိုကင်တွေကတော့ steemit နဲ့ မသက်ဆိုင်ပါဘူး။ ဒီတိုကင်တွေကို Steem blockchain ပေါ်မှာ လွှဲပြောင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ third party ဆော့ဝဲလ်ကို သုံးပြီးတော့ စိစစ်မှာ ဖြစ်ပါတယ်။

ဒီပိုစ့်မှာတော့ တိုကင်တွေကို ဘယ်လို လုပ်ရသလဲ။ ဘယ်လို ဖြန့်ဖြူးမှာလဲ ဆိုတဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို မသွားတော့ပါဘူး။ Token လုပ်ပြီးသွားရင် ဘယ်လို အသုံးပြုမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအချက်တော့ kryptonia တို့ လုပ်သလိုပါ။ ပိုစ့်တစ်ခုတင်မယ်။ အပ်ဗုတ် ၊မန့်ပေးမယ်ဆိုရင် ဘယ်လောက်ပေးမယ်။ စသဖြင့် လုပ်လို့ရပါတယ်။ Kryptonia ကို သုံးဖူးရင် သိကြမှာပါ။ ဒါဆိုရင် ပိုစ့်တွေ လဲရေးလို့ရမယ်။ Token လဲပေးလို့ရမယ်ပေါ့။ ခက်နေတဲ့ အပိုင်းက token ပေးတဲ့ အချိန်မှာ လူတစ်ယောက်ချင်းစီကို လွှဲပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်က အဆင်မပြေပါဘူး။

နောက်တစ်ချက်တော့ ဒီ Token ကို Steem နဲ့ချိတ်ထားတာပါ။ ကျွန်တော်တို့ ဆီမှာ Steem ရောင်းချင်နေတဲ့ သူတွေ ရှိပါတယ်။ ဝယ်ချင်နေတဲ့သူ ရှိဖို့တော့ လိုပါတယ်။ Steem ဝယ်ချင်တဲ့သူကို 1 Steem အတွက် 1 token ပေးမှာ ဖြစ်ပါတယ်။ ပြန်ထုတ်တဲ့ အချိန်မှာလဲ 1 token ကို 1 Steem ပြန်ရမှာ ဖြစ်ပါတယ်။ ဒီလို invest လုပ်ထားတဲ့အတွက် အတိုးနှုန်းရနေမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းလောက်ရမှာ ဖြစ်ပါတယ်။ ဘဏ်ထက်တော့ များပါတယ်။ အဲဒီ Steem တွေကိုကျတော့ အခြားနေရာတွေမှာ ရင်းထားမှာ ဖြစ်ပါတယ်။ ပြန်ထုတ်ချင်ရင်တော့ ၁၃ ပတ် အချိန်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ token တွေကို ဈေးကွက်မှာ ရောင်းလို့ရပါတယ်။ Steem ရဲ့ ဈေးနှုန်းနဲ့ အတူတူပါပဲ။

ဘယ်လိုနည်းလမ်းက ပိုအဆင်ပြေမယ်လို့ ထင်ပါသလဲ။ မိတ်ဆွေတို့ရဲ့ အမြင်ကို သိချင်ပါတယ်



Posted from my blog with SteemPress : http://www.steemhosting.com/mmunited/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9-%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%84%e1%80%b9%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%81%be%e1%80%80/
Sort:  

အားပေးမယ်

Posted using Partiko Android

ကောင်းပါလေဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66384.36
ETH 3272.25
USDT 1.00
SBD 4.27