Steemit မှာ ကြိုးစားနေဆဲပါ

in #blog5 years ago



steemit မှာ တစ်နေ့ကို post ၂ ခု ၃ ခု လောက်တင်နိုင်ဖို့ ကြိုးစားပြီးတော့ စာတွေရေးဖြစ်တယ် ။ ကြိုးစားပြီး စာရေးနေပေမဲ့ ဗဟုသုတဖြစ်မဲ့ အကြောင်းအရာလေးတွေတော့ သိပ်မရေးဖြစ်သေးပါဘူး ။ အဓိကကတော့ esteem နဲ့ steempress မှာ တင်နိုင်ဖို့ အတွက်ပါပဲ ။ လက်ရှိကတော့ game အကြောင်းတွေပဲ ရေးဖြစ်ပါတယ် ။ ဂိမ်းအကြောင်းဆိုတာတောင် ကိုယ်လုပ်ထားတဲ့ အကြောင်းအရာလေးတွေကိုပဲ ရေးပြီးတင်ဖြစ်တာပါ ။ ဂိမ်းရဲ့သဘောတရားတွေကတော့ အင်္ဂလိပ်လိုရေးထားတာများတော့ ကိုယ်တိုင်တောင် ကြိုးစားပြီးဘာသာပြန်နေရတော့ အမှားရှိမှာစိုးလို့ တော်ရုံနဲ့ မရေးဖြစ်ဘူး ။ ကိုယ်တိုင်တွေ့ကြုံပြီး သိတော့မှသာ ရေးဖြစ်တာများပါတယ် ။


source


steemit ကိုစတင်ဝင်ရောက်တာလဲ တော်တော်လေးနောက်ကျခဲ့တယ် ။ စလုပ်တုန်းကအခက်အခဲတွေလဲရှိခဲ့တယ် ။ အဓိကဘာသာစကားကြောင့် သူတို့ရဲ့ စည်းကမ်းချက်တွေကို သေချာမသိခဲ့ဘူး ။ ဘယ်လိုလုပ်ရတယ်ဆိုတာကအစ သိသူတွေကိုမေးပြီး ကြိုးစားခဲ့ရတယ် ။ ဒေါင်းဗိုတီတွေလဲ ထိခဲ့တယ် သေချာမသိတဲ့ လင့်တွေဝင်မိပြီး အကောက်လဲ အဟက်ခံခဲ့ရတယ် ။ ဒါပေမဲ့ ဘယ်တော့မှ စိတ်ဓာတ်မကျခဲ့ဖူးဘူး ဆက်လုပ်တယ် ကြိုးစားတယ် ။ စာအရေးအသားမကောင်းလို့ ဘယ်အဖွဲ့အစည်းကိုမှ မဝင်ခဲ့ဖူးဘူး ကိုယ့်အတွက်နဲ့ သူများတွေပါ ထိခိုက်မှာစိုးလို့ မဝင်ခဲ့တာ ။ တစ်ယောက်ထဲလျောက်လှမ်းတယ်ဆိုပေမဲ့ နီးစပ်ရာ ဆရာသမား @mmunited နဲ့ သူငယ်ချင်း ညီအကိုမောင်နှမတွေဆီက အကူအညီတွေရခဲ့တယ် အက်ဗုတ်တွေရခဲ့တယ် ။ အဲဒီ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ် ။ အက်ဗုတ်တွေကအများဆုံး ရခဲ့တာကတော့ esteemapp , steempress နဲ့ game တွေဆီကပါပဲ ။ game တွေကစားဖြစ်အောင် လမ်းညွှန်ပြောပြပေးတဲ့လူတွေကိုလဲ ကျေးဇူးတင်ပါတယ် ။ လောလောဆယ် စာအရေးအသားမကောင်းတော့ game တွေကစားပြီး game status တွေရေးပြီးတော့ sp တွေတိုးကြိုးစားနေပါတယ် ။

Author @naythan

Game play link👇

https://nextcolony.io

https://steemmonsters.com?ref=naythan

https://drugwars.io/i/naythan



Posted from my blog with SteemPress : http://steemhosting.com/naythan/?p=264

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63510.75
ETH 3065.54
USDT 1.00
SBD 3.82