အိပ်မက်ဆိုးတစ်ချို့အလည်လာခြင်း

in #busy6 years ago

@bobokyaw.jpg

အားလုံးမှာ အတိတ်တွေ ကိုယ်စီရှိနေကြတာပါဘဲ ကောင်းသောအတိတ်တွေဖြစ်ချင်ဖြစ်မယ် ဆိုးဝါးသော အတိတ်အိပ်မက်ဆိုးရင်လည်း ဖြစ်ကောင်းဖြစ်မယ်
ဘယ်လို အတိတ်ဖြစ်နေပါစေ အားလုံးက ပြီးခဲ့ပြီ ယခုအဲ့ဒါတွေကို ပြန်ယူပေးလို့
မရနိုင်တော့ဘူး ဒါပေမယ့် လက်ရှိအချိန် ဘ၀ကိုတော့ သူက ကောင်းကောင်း
နှိပ်စက်နိုင်ပါတယ်
ဘ၀ကိုပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရန်အတွက် သင့်ရဲ့ အတိတ်နဲ့ အဆင်ပြေဖို့လိုပါတယ် အတိတ်ကခြောက်
လှန့်နေတာက သင့်ကို စိတ်မချမ်းမြေ့စရာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ရဲ့ အတိတ်နဲ့ ငြိမ်းချမ်းရေးရအောင်
လုပ်ရပါမယ်။ ဒါမှ သင့်ရဲ့ အတိတ်က သင့်ရဲ့ ဘ၀ကိုမနှောက်ယှက်တော့မှာဖြစ်ပါတယ် လူတွေက စိတ်ဆင်းရဲရတဲ့
အကြောင်းအရင်းကတော့ အတိတ်က အကြောင်းတွေကို ပြန်တွေးနေလို့ဘဲဖြစ်ပါတယ် အတိတ်က မအောင်မြင်
ခဲ့တာတွေ နဲ့ ကျဆုံးခဲ့တာတွေ စိတ်ညစ်စရာတွေကို ပြန်တွေးလေ့ရှိလို့ စိတ်ဆင်းရဲကြတာ များပါလေသည်။ ဒီတော့
အခုချိန်ကစပြီး ပြန်သွားလို့ မရတော့တဲ့ အတိတ်နဲ့ ငြိမ်းချမ်းရေး ရယူပြီး လက်ရှိ လုပ်နေတာတွေကိုဘဲ အကောင်း
ဆုံးဖြစ်အောင် လုပ်ဆောင်လိုက်စမ်းပါလို့ တိုက်တွန်းလိုပါသည်။နောက်တစ်ခါ
ပြန်သွားလို့မှမရတော့တာဘဲ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အမှတ်တရ
အဖြစ်အပျက်ထက် ဘာမှ မပိုတော့ပါဘူး အတိတ်အိပ်မက်ဆိုးက နိုးထလိုက်ဖို့တော့ လိုအပ်နေခဲ့ပါပြီ။ အတိတ်ကအကြောင်းအရာတွေက လက်ရှိ
ဘ၀ကို ခြောက်လှန့်နေသေးတယ်ဆိုရင်တော့ အတိတ်က အကြွေးကို ကြေအောင် ပေးဆပ်ရန်ကျန်ရှိနေလို့သာ ဖြစ်နိုင်ပါသည်။
အခွင့်အခါကြုံခဲ့မယ်ဆိုရင်တော့ အတိတ်ရဲ့ အရိပ်ဆိုးတစ်ချို့ကို ဆေးကြောခွင့်
ရချင်ပါသေးသည်။ ပြေလည်အောင် ပေးဆပ်လိုက်ချင်သည်။ ဒဏ်ရာတွေကို
မေ့ထားတာထက် ပျောက်ကင်းအောင် ကုသတာက အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။ ဘ၀တစ်ကွေ့မှာ ကြုံဆုံခဲ့ရတဲ့ အတိတ်ဆိုးတို့အား
ဆေးကြောခွင့် ရချင်မိပါသည်။
ဒီနေ့က လူလည်း ကြောင်စီစီဖြစ်နေတာ မလန်းဘူး အတိတ်ဆီအလည်ရောက်
သွားမိတာကနေ စတာဘဲ ဒါကြောင့်ဒါလေး ချရေးကြည့်တာ အမှီးအမောက်မတည့်လဲ ရှိစေတော့။ အတိတ်သည် အတိတ်သာဖြစ်သည်
@bobokyaw

Sort:  

we also love steemit a lot.

Thanks you mahadihasanzim

This post received upvote from @tipU :) | Voting service | For investors.

Thanks you tipu

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87