ပေါင်းကူးတံတားတည်ဆောက်နိုင်မည်လား

in #busy5 years ago

bridge-1385938_960_720.jpg

ဒီနေ့တော့ ဟိုဘက် ရပ်ကွက်လေးအကြောင်း ရောက်တက်ရာရာ ရေးကြည့်ပါဦးမည်
ဟိုဘက်ရပ်ကွက်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်ပါသည်။
ထုံးစံအတိုင်းပါဘဲ ကိုယ်အပါအ၀င် အားလုံးလိုလို အခြေချနေထိုင်သူတွေ ပျာပျာ သလဲ ဖြစ်ကုန်ကြ
ပါတယ် သူ့ရဲ့ ထင်မှတ်မထားသော မဟာအပြောင်းအလဲက ရုတ်တရက် ပြုလုပ်လာတော့
ကိုယ်တွေမှာ ဟန်ချက်ပျက်ကုန်ပါတော့တယ်။ ရည်မှန်းထားတဲ့ ဦးတည်ချက် တားကတ် ပစ်မှတ်တွေ
လွဲချော်ကုန်ပါတယ် သွားနေတဲ့ လမ်းကြောင်းတွေကလည်း သွေဖီကုန်ပါတော့တယ်
ဘယ်လိုမှ လိုက်မမှီတော့တဲ့ ခရီးလမ်းကြောင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်

စတီးမစ်မှာ ဝေလငါးဖြစ်ဘို့ မလုပ်နိုင်သေးရင်တောင် (တကယ်က ဖြစ်နိုင်စရာ အလားအလာ အလွန်
နည်းပါးလွန်းပါတယ်) ဟိုဘက်ရပ်ကွက်မှာတော့ ဝေလငါးအဖေလောက်တော့ အသာလေးဘဲလို့
အတွေးလွန်မိပါလေသည်။ နဂိုမူလ အခြေအနေနဲ့ဆို ဖြစ်နိုင်စရာ ရှိပါသည်။
သို့သော် ကိုယ့်တွက်ကိန်းတွေ စိတ်ကူးတွေက သူတို့ရဲ့ အပ်ဒိတ်ဆိုတာကြီးကြောင့်
အလိုလိုနေရင်း အရည်ပျော်လို့ သွားရသည်။ အငွေ့ပျံလို့ သွားလေသည်။
စိတ်တော့ မပျက်မိပါဘူး အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲလို့ ရှိတာ မြင်နိုင်ခဲ့မယ်ဆိုရင်
ဖြစ်သမျှအကြောင်း အကောင်းချည့်ဘဲဆိုတဲ့ လူကြီးသူမတို့ရဲ့ စိတ်ဖြေစရာ စကားတစ်ခွန်းက
တကယ့်လက်တွေ့ဘ၀တွေမှာ အသုံးကျလို့ နေဦးမှာပါဘဲ
arno-river-1066307_960_720.jpg

ပထမ လမ်းကြောင်းအတိုင်း သွားမရတော့ လည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ဒုတိယ လမ်းကြောင်းကို ရှာကြံရပါလေသည်။ ထိုဒုတိယ လမ်းကြောင်းသည် ပထမလမ်းကြောင်းထက်တော့
ခရီးကြမ်းမည် ခရီးရှည်မည်။ အချိန်တစ်ခုရယ် ကံဆိုတဲ့ မမြင်နိုင်သော စွမ်းအားတို့ရဲ့ ဖေးမမှုရယ်
ကြည့်တက် မြင်တက်တဲ့ အလုပ်ကသင်သော စွမ်းအားတို့ရယ် ပေါင်းစပ်ကာ ထိုခရီးကိုတော့
အရောက် လှမ်းရပါလေဦးမည်။

စိတ်ထဲမှာတော့ တွေးမိပါတယ်။ တကယ်တမ်း ဖြစ်လာခဲ့ရင်တော့ တို့တစ်တွေ ဆန်ရေစပါး ပေါများပေလိမ့်မည်လို့ ဟုတ်သည်လေ ငယ်တုန်းအခါက နှစ်သီးစား ဆိုတဲ့ ဝေါဟာရ စကားစိမ်းတစ်ခုကို အလွန်နှစ်သက်စွာ နားလည်ခဲ့မိသည်။ သူများတွေ တစ်နှစ် တစ်သီးဘဲ စိုက်လို့
တစ်သီးဘဲ စားနေချိန် သူက တစ်နှစ် နှစ်သီးစိုက်လို့ နှစ်သီးစားနေနိုင်အောင် လုပ်ဆောင်ခြင်းလေ
အဲ့ဒီသဘောလေးကို အလွန်နှစ်သက်မိသည်။ ထိုသဘောအတိုင်း ဒီဘက်ရပ်ကွက်နဲ့ ဟိုဘက်ရပ်ကွက်
ကို ပေါင်းကူးတံတားလေးများ ထိုးပေးနိုင်ခဲ့ရင်တော့ အလွန်ကို နေရာကျပေရော့မည်။
suspension-bridge-1149942_960_720.jpg

နှစ်သီးစားလို့ ရနိုင်ပေလိမ့်မည်။ ကံဇာတာ အလှည့်အပြောင်းနဲ့ ကြုံရလေမည်လား တစ်ခါတော့
အလှည့်ပေးလှည့်ပါဟု တောင်းဆိုချင်မိသည်။ တိတ်တခိုး မျှော်လင့်ချက်တွေ ရုပ်လုံးကြွလာခဲ့ရင်တော့
စိတ်ကူးအိပ်မက်တို့သည် အရောင်စုံခြယ်လို့ လှပနေလေရော့မည်။
@bobokyaw.jpg

Photo Credit : Original source
Author : @bobokyaw

Sort:  

အတွေးနက်တာတွေ သဘောကျတယ်

ရိုးရိုးလေးတွေပါ ဘရားသားရယ် မလုပ်ပါနဲ့

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 69796.92
ETH 3521.66
USDT 1.00
SBD 4.70