ကျလို့ကောင်းနေတုန်းလား

in #busy6 years ago

@bobokyaw.jpg

ဒီတစ်ခါ ဈေးတက်ရင်တော့ သေချာစုမှဖြစ်မယ်လေ။ တက်နေတုန်းခဏမှာ ရသလောက် စုရမည်။ ဈေးကျတဲ့အခါ
မျက်စိသူငယ် နားသူငယ်နဲ့ ဖြစ်သွားတက်လွန်းလို့ ခဏခဏ ဆိုတော့ အမှတ်သည်းချေ ရှိလာပြီပေါ့ဗျာ
အခုက ကျပြီးတော့ တက်မည်လို့ မျှော်တာပေါ့ ဒီထက်လည်း မကျကောင်းတော့ဘူးလေ ကျရင်လည်းဘာကျန်တော့မည်နည်း
အဲ့ဒီတော့ တက်မယ်လို့ မျှော်သည်ပေါ့။ တက်သည်ဆိုပါစို့ စာရေးရတာလည်း အားရှိသည် ရတာလေးတွေလည်းတန်သည်
ရောင်းစားမည်ဆိုလျှင် လည်း ဈေးကောင်းလေးရတော့ ဘာဖြစ်ဖြစ် အဆင်ပြေလေသည်။ ဒီဈေးလေး တစ်ချက် အတက်ကို
စောင့်နေမိသည် သတ်မှတ်တဲ့ အတိုင်းအတာရောက်ရင်တော့ တစ်ခုခုလုပ်ရမည်။ ဒီအတိုင်း ပုံသေသွားနေလို့က မဖြစ်သေး
အခြေအနေက အမြဲပြောင်းလဲနေသည်။ ပြောင်းလဲသည့်အတိုင်း အလှည့်အပြောင်းလေး လုပ်ကြည်ရင် ကောင်းမည်ဟု
တင်ကြိုစိတ်ကူးမိသည်။
coins-1523383_960_720.jpg

အကောင်းဆုံးမျှော်လင့်ထားသလို ထင်မှတ်မထားအောင် တက်သွားရင်တော့ ဆိုဖွယ်မရှိအောင် ကောင်းပေမည်။
စတီးမစ် တစ်ခေတ်ဆန်းသည့် အချိန်ကာလလေးကို ဖြတ်သန်း ချင်စမ်းပါဘိ။ ဆယ်ဒေါ်လာအထက် ရုတ်တရက်များ
တက်သွားခဲ့ရင်တော့ အားလုံးက သာယာလှပနေတော့မည်။ တကယ်တွေးကြည့်တော့ ဆယ်ဒေါ်လာလောက်ဆိုရင်ကိုဘဲ
မြန်မာပြည် အတိုင်းအတာအရ အတော်ကို ဟန်ကျပန်ကျ ရှိနေပြီဖြစ်လေသည်။ အဲ့ဒီလောက်တော့ သာသာယာယာနဲ့ မဖြစ်မနေ ရောက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ရောက်ပါ ရောက်ပါ ရောက်လိုက်စမ်းပါဟု အကြိမ်ကြိမ် အခါခါ ဆုတောင်း
ပါလေသည်။

ဈေးကျလို့ စိတ်ညစ်နေရတယ် အားပြတ်နေပြီဆိုတာရဲ့ အခြားတစ်မျက်နှာသည် ဈေးတက်သောအခါ အတိုင်းထက်အလွန်
ပျော်ရလိမ့်မည်။ ကျေနပ်အားရခြင်းဖြစ်ရလိမ့်မည် ဆိုသည့်သဘောမဟုတ်ပါလော။ ဘာဖြစ်ဖြစ်ပါ တို့များရောက်တဲ့ အရပ်မှာ
ပျော်သလိုနေတက်ပါပြီလေ။စတီးမစ်ရဲ့ ချိုချဉ်ဖန်ငံစပ်ခါး အရသာစုံအောင် ခံစားဖူးကြရမည်ပေါ့။ အတွေ့အကြုံတွေက
နောင်တစ်ချိန် ငွေပေးဝယ်လို့တောင် မရနိုင်လောက်တော့ဘူး။ ဟုတ်လောက်မယ်။ တွေးကြည့်တာပေါ့။ ဈေးက အတက်ကြီး
တက်သွားပြီးရင် အကျကြီးပြန်ကျလာဖို့ အတော်မလွယ်တဲ့အရာဘဲလေ တကယ်က အခုလို တစ်ဒေါ်လာနားကို ပြန်ရောက်
တယ်ဆိုတာ အတော်ကို ကံကောင်းလို့ ပြန်ရောက်တယ်တောင် ထင်မိတယ်။ ဒေါ်လာ ဆယ်ကြီးဂဏန်းလောက်ရောက်သွား
ပြီးရင် အခုလို တစ်ဒေါ်လာနား သူပြန်မလာတော့ဘူး။ ဒီတော့ အခုကံကောင်းလို့ ရောက်နေတဲ့ တစ်ဒေါ်လာနားက ခံစားချက်
ဖီလင်လေးကို ပြည့်ပြည့်၀၀ ခံစားလိုက်ကြပါစို့လေ။

ကဲစတင်းဈေးရေ တက်လိုက အမောင့် စိတ်သဘောရှိ တက်လိုက တက်ပါလေ။ ကန့်ကွက်ရန်မရှိ တစ်ရာရာနှုန်းပြည့် ထောက်
ခံပါသည်။ တက်မှာသာတက် ဘယ်သူ့မျက်နှာမှ ထောက်မနေနဲ့ ။တို့များ လိုက်မမှီတဲ့ အထိဆိုလည်း အားနာမနေပါနဲ့
တက်သာတက်လိုက်ပါတော့ဗျာ
@bobokyaw
photo-pixabay.com

Sort:  

တက်​တာကျတာသူ့အလုပ်​ ​ရေးရမှာက ကိုယ့်​အလုပ်

ကိုယ့်အလုပ်ကိုယ်လုပ်သော်လည်း သူက သူ့အလုပ်သူ ကောင်းကောင်းမလုပ်ပါဘူးဗျာ

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79