ရေသာများငါးမတွေ့

in #busy6 years ago

@bobokyaw.jpg

အခုတလော အားအားရှိတာနဲ့ ဖရီးဘောတွေ လိုက်လုပ်ကြည့်နေမိတယ် အချိန်တွေတော့ ကုန်တာ မြန်
သား လုပ်ပြီးသားတွေ ပြန်စစ်ကြည့်ချင်စိတ်တောင် မရှိပါဘူး ဟိုဟာလား ဒီဟာလား တစ်ခါတစ်ခါ
မမှတ်မိနိုင်လောက်အောင် အလုပ်တွေ များတော့တာပါဘဲ ဟိုလူက ဒါကောင်းတယ်ဆို ချလိုက်တာပါဘဲ
ဒီလူက ဒါလေး မဆိုးဘူးဟေ့ဆိုလည်း တွယ်လိုက်တာပါဘဲ ရနိုးရနိုးနဲ့တော့ စောင့်သေးတယ် အချိန်လေး
နဲနဲကြာရင်တော့ ရှေ့ကလုပ်ပြီးသားတွေ သိပ်အာရုံမပါတော့ပြန်ဘူး နောက်ထပ်အသစ်သစ် ကောင်း
တယ်ဟေ့ဆိုတာတွေ ထပ်လုပ်ပြန်ရော ဒီလိုနဲ့ လုံးချာလည်နေလိုက်တာ နောက်ဆုံးတော့ ဘာမှလည်း
မဟုတ်ပါဘူးကွာ ဆိုဖြစ်လာတော့တယ် တကယ်လည်း ကိုယ့်အတွက်တော့ ခုချိန်ထိ ဘာမှလည်း
မဟုတ်ပါဘူးကွာ
ပေးချင်ပေးလိမ့်မယ် ပေးရင်ရလိမ့်မယ် ပေးနိုင်ခြေများတယ် ရနိုင်ခြေများတယ် ဒီလို ခန့်မှန်းချက်တွေနဲ့
ဆရာတွေချပြတော့ ဘယ်နေမလဲ လိုက်လုပ်တာပေါ့ သိပ်မကြာဘူး နောက်အသစ်တစ်ခု ထပ်ချပြပြန်ရော ဒါလဲလိုက်လုပ်တာဘဲ ဟိုဟာလည်းမဟုတ် ဒီဟာလည်းမဟုတ်နဲ့ နောက်ဆုံးတော့
စတီးမစ်ဘဲ ကောင်းပါတယ်ကွာ ဆိုပြီး စိတ်ကိုလျှော့ရတော့တယ်
တကယ်ပေးတဲ့နေရာတွေလည်း ရှိပါတယ် ကိုယ်တွေက ပေးပြီးမှ ရောက်ရောက်သွားတာချည့်ပါဘဲ
အသစ်အသစ်တွေကနေ့စဉ် ပေါ်နေတော့ အသစ်အသစ်တွေလိုက်လုပ်ရင်း ရေလိုက်တွေလွဲနေပြန်ရော
သူတို့ပေးမှ ကိုယ်ကရမယ့် အပေါက်တွေချည့်ပါဘဲ ပေးချင်လည်း ပေးမယ်ထင်တာပါဘဲ
မပေးတာလည်း ဖြစ်နိုင်တာပါဘဲ နောက်ဆုံး စိတ်ကို အတည်အခန့် ဆုံးဖြတ်ရတော့တယ် တော်ပြီကွာ
အလကားပေးတာဆိုရင် မယူတော့ဘူးလို့ ဟုတ်တယ် အဲ့သလို ရိုးရိုးလေးတွေးလိုက်ရင် ဒီရန်တွေက
လွတ်ပြီ နောက်မလုပ်တော့ဘူး ဘာဘယ်လောက်ကောင်းကောင်း အခြားမလုပ်တော့ဘူး
ထိုက်သင့်တဲ့ ရင်းနှီးမှု တစ်စုံတစ်ရာမပါဘဲ အလကားနီးပါးရတာတွေက ရေပွက်ပမာဘဲဖြစ်လိမ့်မယ်လေ လမ်းဟောင်းကြီးဘဲ ကောင်းပါတယ် အသစ်အသစ်တွေက
စိတ်မောစရာချည့်ဘဲ ဘေကုန်တာအဖက်တင်ကျန်ရစ်တယ်လေ
နောက်မလုပ်တော့ဘူး
@bobokyaw

Sort:  

တစ်ခုတည်းဘဲ လုပ်ဖြစ်တော့တယ် အခုနောက်ပိုင်း

သူရဲကောင်းဟာ အမြင်မှန်ရသွားပါတော့တယ် 😁

အဲ့သလိုကို ဖြစ်သွားတယ် အစ်ကိုကြီးရေ
အမှန်မြင်သွားပါပြီ နောက်မလုပ်တော့ဘူးဗျ

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

Thanks you
ကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63134.74
ETH 3052.94
USDT 1.00
SBD 3.81