ကလန်ဂိမ်းနှင့်စုပေါင်းစွမ်းအား

in #busy6 years ago (edited)

@bobokyaw.jpg

စီအိုစီ ဆိုသော ဂိမ်းလေးသည် အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းသောဂိမ်း
ဖြစ်သည်ဟု မှတ်ယူမိပါသည်။ မိမိအတွက်တော့ အပျင်းလည်းပြေ စိတ်ဖြေရာ
လည်းဖြစ်စေသော မွန်းကြပ်မှုများကို ဖွင့်ချရာ နေရာတစ်ခုလည်း ဖြစ်စေခဲ့ပါသည်
စီအိုစီ စဆော့တုန်းက နေ့မအိပ် ညမအိပ်ဆော့ရသည်အထိ စွဲလမ်းနှစ်သက်ခဲ့
ဖူးသည်။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဆော့ရသည်ကြောင့်လည်း
ဖြစ်သည်။ ထိုထက်ပိုသည်က စီအိုစီရဲ့ တည်ဆောက်ဖွဲ့စည်းပုံသည် အပြင်လော
ကသဘာဝ များကိုအခြေခံလို့ တည်ဆောက်ထားခြင်း ဖြစ်လေသည်။ အလုပ်တစ်ခု
မပြီးဘဲ အကျိုးတစ်စုံတစ်ရာမရနိုင်သည်ကိုလည်း လက်တွေ့မြင်ရမည်ဖြစ်သည်။
ဒီနေ့အတွက် တိုက်ပွဲမ၀င်ခဲ့လျှင် နောက်ရက်အတွက်အလုပ်တွေ ပိုလုပ်ရတော့
မည်။ သူများတွေ လေဘယ်တက်သွားသည်ကို အကြွားခံရနိုင်သည်။ အတူကစား
ဖော်များစုံလျှင် တစ်ယောက်ရဲ့ တောင်းဟောကိုတစ်ယောက် ကြည့်လို့ ကိုယ်ဘယ်လောက် အလုပ်ပြီးစီးပြီဖြစ်ကြောင်းပြောကြမည်ဖြစ်သည်။ ကိုယ်က အတူကစားတာချင်းကို နောက်ကျကျန်ခဲ့မှာတော့ စိုးရိမ်ပါလေသည်။
အဲ့ဒီနောက် တောင်းဟောလေဘယ်မြှင့်ခြင်းနဲ့အတူ ကလန်ဝါးတိုက်ခြင်းသည်
စတင်စွဲလမ်းခြင်းကို ဖိတ်ခေါ်ပါလေတော့သည်။ စွဲလည်းစွဲချင်စရာဖြစ်သည်။
မြန်မာပြည်အင်တာနက်တစ်ခေတ်ထ သည့်အချိန်နှင့် စီအိုစီ ပေါ်လာသော အချိန်သည် မရှေ့ မနှောင်းဖြစ်သည်။အားလုံးက အွန်လိုင်းဂိမ်းဟု ဆိုလျှင် ထိုစဉ်
က စီအိုစီကို အပြေးမြင်ကြမည် ကစားကြမည်ဖြစ်သည်။ အင်မတန် နာမည်ကြီး
ခဲသော ဂိမ်းဖြစ်သည်ကား ငြင်းဖွယ်မရှိပါလေ။ ဂျာနယ်ထဲတောင် စိအိုစီရဲ့ မကောင်းကြောင်း ဆိုးကြောင်းတွေကို ဝေဖန်ရေးနဲ့ လေကန်ရေး ခါတော်မှီ ဆောင်းပါးများ ပညာပေး အယောင်ဆောင်လို့ ရေးလာတာတွေ့ရပါလေသည်။
မှုခင်းသတင်းများတွင်လည်း စီအိုစီသည် နေရာတစ်ခုတော့ ရအောင် ယူပါလေသည်။ လူငယ်တွေအကြားလည်း တစ်ယောက်အကဲ တစ်ယောက်စမ်းလို့ သိန်းချီလို့ လောင်းပြီး အပြိုင်တိုက်သည့် ပွဲများပင် ရှိခဲ့လေသည်။ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက် တစ်ခုတောင် ဖြစ်ခဲ့သေးသည်။ မှတ်မှတ်ရရ မူဆယ်မှ ရှမ်းတရုတ်ကောင်လေးရဲ့ တောင်းဟော နိုင်း မက်ဖြစ်နေသည့် အကောင့်ကို ငွေကျပ် ဆယ့်ငါးသိန်းနှင့် လာရောက်ဝယ်ယူတာကို မျက်စိရှေ့တွင် တွေ့မြင်ခဲ့ရလေသည်။ ထိုမျှနာမည်ကြီးလို့ ဟော့လွန်းခဲ့သော ဂိမ်းဖြစ်လေသည်။ စီအိုစီ အကောင့် အရောင်း အ၀ယ်သည် ဈေးကွက် တစ်ခုပမာဖြစ်ပေါ်ခဲ့ဖူးပါသည်။ ယခုအွန်လိုင်း
ငွေရှာဆိုဒ်တွေမှာ ကျင်လည်နေသူ လူငယ်များရဲ့ တစ်ဝက်လောက်သည် စီအိုစီ
ကစားခဲ့ဖူးသော သူများဖြစ်ပေလိမ့်မည်။
ကလန်ဝါးဆိုသော စနစ်လေးပါလာသည့်အတွက် အုပ်စုဖွဲပြီး တိုက်ပွဲဝင်ရသည့်
ဖီလင်သည် စွဲလမ်းခြင်းရဲ့ အရင်းအမြစ်ဖြစ်လေသည်။ အုပ်စုတောင့်သည်ထက်
စည်းလုံးညီညွတ်သော တက်ညီလက်ညီရှိသော အုပ်စု ကလန်သည် ၀ါးအမြဲလို
နိုင်လေသည်။ အွန်လိုင်းဂိမ်းဖြစ်သည့်အတွက် တကဘာလုံးနှင့် ဆက်နွယ်ပါက်သက်ပြီး တိုက်ပွဲဝင်ရသည့် သဘောဖြစ်သည်။ မိမိသက်ဆိုင်ရာ
နိုင်ငံကိုယ်စားပြုပြီး တိုက်ရသည့်သဘောဖြစ်သည်။ ထိုအတွက် မျိုးချစ်စိတ်လို့
ဆိုနိုင်သော နိုင်ငံချစ်စိတ် တို့သည် အနည်းငယ် သို့မဟုတ် ရာခို်င်နှုန်းအတော်များများ ရောစွတ်လျှက်ရှိခဲ့လေသည်။ မြန်မာ ဟူသော အမည်
နာမကိုတပ်ကာ ကလန်ဝါးတွေကို အကြိတ်အနယ် တိုက်ခဲ့ကြလေသည်။ ဘောလုံးပွဲတွေမှာ အမြဲရှုံးတက်သော အာရှနိုင်ငံများနှင့် ကြုံရသော ကလန်ဝါးများသည် ကစားရအလွန်ကောင်းပါသည်။ အင်ဒို မလေး တရုတ် ထိုင်း
တို့သည် ကလန်ဝါးတွင် လက်စွာသူများဖြစ်သည် သူတို့ကလည်း အကြိတ်အနယ်ဆော်ပါသည်။ မိမိတို့ကလည်းမြန်မာကိုယ်စားပြုထားသည့် အတွက် ကိုယ်တိုင်ဝင်ကန်ခွင့်မရသော ဘောလုံးပွဲများရှုံးသည့်အကြွေးကို ကိုယ်တိုင် ဦးစီးကွပ်ကဲလို့ စုပေါင်း တိုက်ရသော ကလန်ဝါးဂိမ်း စီအိုစီတွင် အနိုင်ရအောင် အလုပ်ပျက် အကိုင်ပျက် တိုက်ကြပါလေသည်။ ပြန်တွေးရင် အမှတ်တရတွေက အများကြီးဖြစ်ပါသည်။ စီအိုစီကို သုံးနှစ်သုံးမိုး ရူးသွပ်ခဲ့သည့်
အတွက် စတီးမစ်ပေါ်ရောက်သောအခါ အထောက်အကူ များစွာ ရခဲ့ပါသည်။
ယခုချိန်ထိလည်း မစွန့်လွှတ်နိုင်သေးပါ အပြီးတိုင် မစွန့်လွှတ်နိုင်သေး သံယောဇဉ် အမျှင်တန်းလို့ သတိရလို့ အခွင့်သာတိုင်း ကစားဖြစ်နေသေးသည်။
စီအိုစီတွင်တော့ ကလန်တစ်ခုကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့သည်
တောင့်တင်းခိုင်မာသည့် ကလန်အုပ်စုတစ်ခုကိုစုစည်းနိုင်ခဲ့သည် နိုင်ပွဲများစွာ
ဆက်ဆောင် စွမ်းဆောင်နိုင်ခဲ့သည်။တောင်းဟော အပ်ဒိတ်အသစ်ထွက်လာတိုင်း သူများထက်နောက်ကျမကျန်အောင် လုပ်နိုင်ခဲ့သည် စီအိုစီက ဒိတ်အောက်သောဂိမ်းတစ်ခုဖြစ်သွားပြီ အသစ်ထွက်
လာသောနာမည်ကြီးဂိမ်းတွေနောက် လိုက်ပါကစားခြင်း ရူးသွပ်ခြင်းမရှိခဲ့ပါ
ကိုယ်စမိသောအလုပ်တစ်ခုသည် ဆုံးခန်းမတိုင်သေးဘဲ နောက်တစ်ခုကို ကူး
ပြောင်းလုပ်ရမည်ကို ၀န်တာလေးမိပါသည်။စွဲလမ်းခြင်းနဲ့စွဲမြဲခြင်းသည် နီးကပ်နေသောကြယ်လေးတွေကဲ့သို့သာဖြစ်ပေမည်။သူများတွေကစားလို့လိုက်
ကစားခြင်းမဟုတ်သလို သူများတွေ ရပ်နားလို့ကိုယ်လည်းလိုက်ပါရပ်နားရမည့်အဖြစ်မျိုးတော့ မဖြစ်လိုပြီ ၀ါသနာနှင့်ယုံကြည်ရာအတွက် စွဲမြဲခြင်းသည်အဖော်မွန်ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ ထိုအရာတွေအတွက် ဘာပြန်ရသနည်း အခြားသူများအတွက် ဒီအခြင်းအရာတို့သည် ရယ်သွမ်းဖွယ်ကောင်းလို့နေပါလိမ့်မည်။ကိုယ့်အတွက်တော့
အဖြေသည် များစွာ ရှိလို့နေပါသည်။ စတီးမစ်တွင် တစ်နှစ်မျှ ကြိုးစားလုပ်ကိုင်
ထားပြီဖြစ်သည်။ နောက်ထပ်လည်း ဆက်လက် လုပ်ကိုင်နေမည်ဖြစ်သည်။
ထင်သာမြင်သာသည့် အရာထင်သော စွမ်းဆောင်မှုတွေကို စတီးမစ်ပေါ်မှာ
ရေးခြစ်မှတ်တမ်းတင်နိုင်အောင် ကြိုးစားဦးမည်လို့ စိတ်ဝယ် ဆုံးဖြတ်ထားပြီးဖြစ်လေသည်။
@bobokyaw

Sort:  

ကလန်ကိုနေ့မအားညအိပ်ပျက်ခံပြီးတိုက်ပွဲတွေတစ်ခန်းပြီးတစ်ခန်းအနိုင်တိုက်လာသလို
စတီးမစ်တွင်စာရေးခြင်းအလုပ်ဖြင့် ငွေအတက်အကျ ဖြစ်နေတဲ့ဒဏ်ကို အံတုပြီးရေးနေရဦးမှာပဲဗျာ။

အကောင်းဆုံးသော လုပ်ဆောင်မှုပေါ့လေ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25