ကိုယ်ဟာ ခရီးသွားဧည့်သည်

in #busy6 years ago (edited)

@bobokyaw.jpg

စတီးမစ်ဆိုသော အဆန်ရထားကြီးသည် တရွေ့ရွေ့ ခုတ်မောင်းလျှက်ရှိလို့နေပါလေသည်။ ဒီခရီးကို လိုက်ပါခဲ့ရပါသော
ခရီးသွားတစ်ဦးဖြစ်သူ မိမိသည် အချိန်အတော်ကြာအောင် အိပ်စက်ခြင်းတို့ မပြုနိုင်ဘဲ ဖြစ်ခဲ့ရပါသည်။အကြောင်းမူကား
ခရီးသွားသောအခါတို့တွင် စိတ်လွတ်လက်လွတ် အိပ်လို့မရသည်က ကိုယ့်အတွက် အခက်အခဲဖြစ်လေသည်။ မအိပ်ဘူး
ဆိုရင်လည်း သုံးလေည ဆက်တိုက်နေလိုက်ရင်ရပါသည်။ အိပ်ပြီဆိုရင်လည်း တစ်ရေးထဲ တစ်မောထဲ နိုးကာမှ နိုးရော
လန့်နိုးတာတို့ အိပ်မပျော်လို့ ဆက်အိပ်မရတာတို့ မဖြစ်တက်ပါလေ။မအိပ်ရခြင်းရဲ့ အကြောင်း အခြင်းအရာများလည်း
ရှိပါသေးသည် ခရီးသွားသောအခါ အသစ်အဆန်း မြင်ကွင်းများ ရှုခင်းများ လူတွေ သူစိမ်းတွေ ဘ၀ရုပ်ပုံလွှာတွေ
လူ့စိတ်သဘောတွေကို များစွာ များစွာ လေ့လာခွင့်ရလေသည်။ သည်အတွက် စိတ်ဝင်စားမှုလည်း ရှိသည် အချိန်လည်း
ပေးချင်မိသည်။ ဒါကြောင့် သူများက ခရီးသွားရင် အိပ်တာတို့ ပင်ပန်းတာတို့ အန်တာတို့ ဖြစ်တက်ပါလေသော်လည်း
မိမိကတော့ ခရီးသွားလျှင် ဘာအတွက်နှင့်ခရီးသွားရသည် ဖြစ်စေကာမှု အပျော်ကြီးပျော်လို ကျေနပ်နေတက်ပါလေသည်။

စတီးမစ်ရထားပေါ်ရောက်လာခဲ့သည့် အချိန်မှ စလို့ ယခုအချိန်အထိ နိုးကြားခြင်းများနှင့် စူးစမ်းလေ့လာခြင်းများကို
စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပါသည်။ ခရီးစဉ်တစ်လျှောက် တွေ့မြင်ကြားသိရသော ထူးဆန်းသောအခြင်းအရာများနဲ့
အရောင်စုံသော လူတွေရဲ့ သဘောသဘာဝကို သေချာလေ့လာဖြစ်ပါသည်။ ရထားစီးရသော ခရီးစဉ်ကို ကြိုက်နှစ်သက်
သည်ကလည်း မိမိသည် တစ်ခါတစ်ရံမှသာ ကြုံတောင့်ကြုံခဲ ရထားစီးနှင်းခွင့်ရပါလေသောကြောင့်ဖြစ်တန်ရာသည်
မိမိတို့တောင်ပေါ်ဒေသတွင် ရထား ခရီးစဉ်ထက် ကားခရီးစဉ်ကသာ အသုံးပြုမှုများလေသည်။ ယခုတော့ မိမိသည်
အကြောင်းရယ်ဖန်လို့ စတီးမစ်ရထားပေါ်ရောက်လို့နေလေပြီ။

ဒီခရီးစဉ်ကို မိမိသည် လိုက်ပါခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရထားစီးခြင်း အနုပညာကိုလည်း အတော်
အသင့် တက်သိလို့နေရလေပြီ မတက်သိလို့ကလည်း မဖြစ်ပါလေ။ ရှေ့မှ စီးနင်းသူတို့ရဲ့ ထုံးနှလုံးမူကာ ဖြည်းဖြည်းချင်း
သင်ယူထားရပါလေသည်။ ဈေးသက်သာနည်းပါးခြင်းသာ တက်နိုင်ပါသော မိမိသည် ရထားစီးသောအခါ နေရာတစ်ခု
ရရန် မလွယ်ကူနိုင်ခဲ့ပါလေ။ အများနည်းတူ လိုက်ပါခွင့်ရလျှင်ပင် ကျေနပ်ရမည့် အရေးဖြစ်သည်။ ရထားခရီးစဉ်တစ်လျှောက်
ထူးခြားသည်ကား တစ်ဦးနှင့်တစ်ဦး မသိသည်ကများလေသည်။ တစ်ချို့လည်း ဘယ်ဘူတာက တက်လို့လာမှန်းပင်မသိလိုက်
သိပ်မကြာခင် နောက်ဘူတာတစ်ခုအရောက်တွင် ပျောက်ကွယ်သွားတက်သည်။ ရှေ့ဘူတာတွင် အသစ်တက်လာသော
ခရီးသွားများလည်း ရှိလိမ့်ဦးမည်။ မိမိဘေးတွင် တစ်ဦးပြီးတစ်ဦး မိမိနောက်ဝဲယာတို့တွင် တစ်ယောက်ပြီးတစ်ယောက်
တက်လာလိုက် ဆင်းသွားလိုက်ဖြင့် လူတွေများစွာ ခရီးသွားများစွာတို့နှင့် ကြုံရ ဆုံရ မြင်တွေ့ရပါလေသည်။အချို့လည်း
တစ်ယောက်ချင်းဖြစ်သည်။ အချို့ကတော့ အုပ်စုလိုက်ဖြစ်သည်။ မိသားစုလိုက်ဖြစ်သည်။ အချို့လည်း ညားကာစဇနီးမောင်
နှံတို့ဖြစ်သည်။ အချို့ဆိုလျှင် အခါလည်သားကလေးငယ်အား ရင်ဝယ်ပိုက်လို့ တွေ့ရတက်သေးသည်။ အချို့လည်း
ရေမွှေးနံ့သင်းနေသော ရီဝေေ၀ မျက်လုံးများနှင့်

ပျော်စရားလည်းကောင်းလှသည် စိတ်ပျက်စရာဟုဆိုလည်းရနိုင်သည်။ ဘယ်လိုပင် အရောင်အသွေးစုံနေပါစေ
အားလုံးသောသူတို့သည် ခရီးသွားများသာဖြစ်ကြလေသည်။ ဒီရထားကြီး မရပ်သရွေ့ ခရီးဆုံးထိ သွားမည့်သူများလည်း
ပါမည်။ရှေ့ဘူတာမှာ ဆင်းကျန်နေရစ်သူလည်း ရှိမည်။ အိပ်ပျော်သွားသောကြောင့် ဆင်းရမည့်နေရာကကျော်လာသော
လူတစ်ယောက်ရဲ့ သနားစဖွယ် မျက်နှာပေးလေးကိုလည်းမြင်တွေ့ရသည်။ သွားမည့်ခရီးက ဝေးလွန်းလို့ စိတ်ချလက်ချ
အိပ်လို့နေသည့်သူတွေလည်း တွေ့ရမည်။မကြာခင် ဘူတာတစ်ခုသို့ ဆိုက်တော့မည်။ ခရီးစဉ်ပြီးဆုံးလို့ ဆင်းနေရမည်
ဖြစ်သောကြောင့် မိမိပါသောအထုပ်ကြီးငယ်များကို ရထားမရပ်ခင်ကတည်းက အဆင်သင့်ပြင်နေသော သူများလည်း
မြင်ရသည်။ သည်လိုမြင်ကွင်းတွေကို နေ့စဉ်မြင်တွေ့ရင်း လေ့လာရင်းစူးစမ်းရင်းဖြင့် အချိန်တို့သည် ကုန်လွန်ခဲ့သည်
ရထားအတွင်းက ဇာတ်လမ်းမြင်ကွင်းများ ရိုးအီလာသောအခါ စိတ်ပြေလက်ပျောက် ရထားလမ်းဘေး ၀ဲယာ ရှုခင်းများ
လှမ်းလို့ ကြည့်နေမိသည်။

အားလုံးသော သူတို့သည် ခရီးသွားများဖြစ်သည်။ ခရီးသွားသူများဖြစ်သည့်အတွက် ခရီးသွားသော အဆာင်အယောင်
ဟန်ပန်အမူအရာနှင့် အတွေ့အကြုံများ ကြုံရဆုံရမည်။ မြင်ရတွေ့ရမည်။ ကြားရသိရမည်။စတီးမစ်ရထားကြီးကတော့
ဆက်လက် ခုတ်မောင်းလျှက်ရှီသည်။
@bobokyaw

Sort:  

လူတိုင်းဟာ ခရီးသွားဧည့်သည်တွေချည်းပါသားရေ၊

ကျေးဇူးတင်ပါတယ်ဆရာ
သံသရာမဆုံးသရွေ့တော့ သွားနေရမှာပေါ့ဆရာရေ

ခရီးသည်ကြီးခင်ဗျာ တစ်ခါတစ်လေ အလည်အပတ်လာပါဦး။ကျွန်တော်က ခရီးသည်ကြီးအိမ်မကြာခဏရောက်ပါတယ်။ အကြောင်းက SP , RP အတက်မြန်လို့ လိုက်အတုခိုးချင်နေတာပါ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရေ

အမတို့ကအခုမှစတီးမစ်ရထားပေါာတက်စပါ

တဖြည်းဖြည်းချင်း မှန်မှန်လေးသွားရမှာဖြစ်ပါတယ်

This post received upvote from @tipU :) | Voting service | For investors.

ကျေးဇူးတင်ပါတယ်

ရထားအကြောင်းလေးဖတ်ရတော့ ငယ်စဉ်တစ်ချိန်က မှုလတန်းစာကိုပြန်အမှတ်ရမိတယ်။
ဤခရီးနီးသလားတဲ့
လောလောစယ်အတွေးကတော့ စတီးမစ်ရထားပေါ် မှာ တွေ့မြင်သမျှအတွေ့ကြုံတွေကို သင်ယူရင်း မဆုံးသောခရီးကို လိုက်ပါနေလျက်ပါပဲဗျာ

ဒီခရီးက မနီးပါဘူး ဝေးတာမှ ကမ်းမမြင်လမ်းမမြင်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84