လက်ညှိုးပေါင်းတစ်ထောင် မျက်လုံးပေါင်းတစ်သိန်း

in #busy6 years ago

@bobokyaw.jpg
ဒီနေ့တော့ သီချင်းတစ်ပုဒ်နဲ့ ငြိနေတယ်ဗျာ အကြိမ်ကြိမ်နားထောင်နေမိတယ်
အတွေးအမြင်တွေလည်း အသစ်တွေ မွေးဖွားလာတယ် ခံစားချက်တွေလည်း
အနည်းငယ်သက်သာစေတယ်။ စိတ်ထွက်ပေါက်လေးတစ်ခု ရလိုက်တယ်လို့
တောင် ခံစားလာမိတယ်။ သီချင်းလေးက အသစ်မဟုတ်ဘူး။ အဟောင်းလေးပါ
အဟောင်းဆိုမှ ဘယ်လောက်ကြာပြီလဲဆိုရင် ငယ်စဉ်အခါတုန်းက သီချင်းတစ်ပုဒ်ပါဘဲ ကိုယ်တွေတောင် မွေးပါဦးမလားမသိပါဘူး။ အဲ့ဒီ သီချင်းလေ
အခုအကြိုက်တွေ့မိနေပြန်တယ်။
ဟိုတစ်နေ့က လေဒီယို မှာ နားထောင်လိုက်မိတာပါ။ နားထောင်ပြီးတော့ ငယ်ဘဝ
အတိတ်တွေကို ပြန်ပြောင်းအောင်းမေ့ မိလာပြန်တယ်။ မန်မိုရီက အနောက်ကို
တော်တော် လေးပြန်ရောက်သွားတယ်။ ဒီခံစားချက်နဲ့အတူ ဒီသံစဉ် စာသားလေး
တွေနဲ့အတူ အခြား အမှတ်တရတွေလည်း ပြန်ပြောင်းသတိရလာစေမိတယ်
သီချင်းလေးက မြူးကြွတဲ့ ပေါ့ပါးသော သွက်လက်သော သံစဉ်လေးတွေနဲ့ပါ
စတူဒီယို ခေတ်ဦးကာလ က စတိုင်လေးပေါ့။ ဒါပေမယ့် အခုနားထောင်မိတော့
အရမ်း ဒိတ်အောက်နေတယ်လို့တောင် မထင်ရပါဘူး အခုခေတ်ကာလ ကြား
နေရတဲ့ သီချင်းပေါင်းစုံကိုလည်းကြိုက်ပါတယ် အခုအဟောင်းလေးကလည်း
အဲ့ဒီအကြိုက်ထက်တော့ မလျှော့တဲ့ ဖီလင်ကို ရစေပြန်တယ်။
ဒါနဲ့ လေဒီယိုအက်ဖ်အမ်က တစ်ကြိမ်နားထောင်ပြီးတော့ အားမရဖြစ်မိပြန်တယ်
လိုင်းပေါ်တက်ပြီးမွှေတာပေါ့။ ဘယ်လိုရှာရှာ မရပါဘူး။ နေရာအတော်များများ ရောက်တယ် မတွေ့ဘူး အခြားသီချင်းတွေအကုန်တွေ့တယ်။ အဲ့ဒီသီချင်းလေး
ကမတွေ့ဘူးဖြစ်နေတယ်လေ။ ဒါနဲ့ အဆိုတော်နာမည်နဲ့ တစ်ခါ ထပ်ပြီး မွှေရပြန်ပါတယ်။ ဘယ်မှာမှ ရှာမရပါဘူး။ ကိုယ်ရှာနေတာက အမ်ပီသရီး ဖြစ်နေတယ်လေ ဒါနဲ့ ယူကျုပေါ်တက်ပြီးရှာရပါတယ် တော်တော်နဲ့ မတွေ့ပါဘူး
အဆိုတော်နာမည်နဲ့ တစ်ပုဒ်ချင်း စိတ်ရျည် လက်ရျည် ရှာရပြန်ပါတယ် ကုန်လိုက်တဲ့ ဘေဖိုး မနည်းဘူးရယ်။ နောက်ဆုံးတော့ တွေ့လိုက်ပါပြီ။
သီချင်းလေးကို အမြန်ဒေါင်းပြီး ထပ်ခါထပ်ခါ နားထောင်နေမိတယ်။စိတ်ကြည်နူး
မှု လေးက ခုချိန်ထိ ရင်ထဲမှာ ဆွတ်ပျံ့နေတုန်းပါဘဲ။ ကျေးဇူးတင်ပါတယ် အဆိုတော်ရယ် သီချင်းရေးသူရယ် မပျော်မရွှင် ဖြစ်နေတဲ့ စိတ်လေးက အခုတော့ ပုံမှန်အနေအထားပြန်ရနေပြီ စိတ်တွေ ပေါ့ပါး လန်းဆန်းစေခဲ့ပြီ
ဒီနေ့တော့ ဒီလောက်ဘဲ ရေးလိုက်ပါရစေဦး မနက်ဖန်မှ သီချင်းစာသားပါ
အကြောင်းအရာတွေ ထပ်ရေးပါဦးမယ်။ အော်........ အရေးကြီးတာ ကျန်နေတယ် သီချင်းနာမည်က လက်ညှိုးပေါင်း တစ်ထောင် မျက်လုံးပေါင်း တစ်သိန်းတဲ့။ ကံ့ကော်တောမျိုးအောင် စတင်ဆိုတယ် ထင်တာဘဲ အတိအကျတော့ မသိဘူး။ အခုနားထောင်ပြီးကြိုက်နေတာတော့ အန်တီမေဆွိရဲ့ အသံချိုချိုလေးနဲ့ပေါ့။ အခု ဒီပို့စ်ကိုရေးနေတာတောင် ဒီသီချင်း
နားထောင်ရင်းရေးနေတာပေါ့။
@bobokyaw

Sort:  

တွင်းပေါင်းတစ်ထောင်ပဲ ကြားဖူးတယ် ဘိုဘိုရေ။

အဲ့ဒီ တွင်းပေါင်းတစ်ထောင်ဆိုတဲ့ သီချင်း စထွက်တော့
ဖားကန့်မှာ ရှိတယ် ဆရာရေ။ ဒါပေမယ့် တွင်းတူးရမယ့်ကံ
မပါတော့ ပြန်လာခဲ့ရတယ်

စောစောကကျုပ်ပြောရောပေါ့ ကျုပ်ဆီမှာရှိပ
ကျုပ်လည်းလွှတ်ကြိုက် ပေါ့ ဒီသီချင်း
မေဆွိဆို ထားတာ
မတန်သလို နှိမ်ကြည့်သော မျက်လုံးပေါင်းတစ်သိန်း
သေစေညွန်ထားရစ်လေသလား
ကိုယ်တိုင်ပဲ သတ်လိုက်ပါတော့လား
မိုက်တယ် စာသားတွေက 👍

သီချင်းနာမည်လေးနဲ့ကို စိတ်ဝင်စားသွားနိုင်တယ်ဗျာ
လက်ညှိုးပေါင်းတစ်ထောင်ထက် မျက်လုံးပေါင်းတစ်သိန်းကို
ပိုပြီးစိတ်ဝင်စားမိပါတယ်ကိုဗိုလ်ဗိုလ်ရေ
ဆက်ဆက်မျော်နေမယ် နောက်တစ်ပုဒ်ကို

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64207.05
ETH 3065.15
USDT 1.00
SBD 3.87