မင်္ဂလာရှိသောညနေခင်းလေး

in #busy5 years ago (edited)

@bobokyaw.jpg

ဒီနေ့ ညနေပိုင်းမှာတော့ အပျော်တွေကို မျှဝေ ခံစားဖြစ်ခဲ့ပါတယ် မိတ်ဆွေတစ်ယောက်
ရဲ့ ပျော်ရွှင်မှု တွေကို ၀ိုင်းလို့ အားပေးခဲ့တာပါ။ သူပျော်သလို ကိုယ်လည်း ပျော်ရပါတယ်
ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ဂိမ်းကစားဖော် မိတ်ဆွေ ရဲဖော် ရဲဘက်တစ်ယောက်
လို့ပြောရင်ရပါတယ်သူ့ရဲ့စတင်းမွန်းစတား ဂိမ်းကစားခြင်းကနေ အမှန်တကယ်
ဒေါ်လာရတယ်ဆိုတာကို ကိုယ်တွေ့လက်တွေ့ ခံစားသိမြင်လိုက်ရခြင်းကြောင့်
သူတကယ်ကို အားရကျေနပ်နေတာပါ။

စတင်းမွန်းစတား ဂိမ်းစကစားဖြစ်တော့ ကိုယ်တစ်ယောက်တည်း ယောင်လည်လည်နဲ့
ပါဘဲ တိုင်ပင်ဖော်တိုင်ပင်ဖက်လည်း အနားမှာမရှိ အကောင်းအဆိုး အကြောင်း အကျိုးလေးတွေကိုလည်း ဝေဖန် လေကန်စရာ ဘက်မရှိဖြစ်နေခဲ့ပါတယ်
ကစားရတာ သိပ်ဖီလင်မလာဘူးဆိုပါတော့ အရင်ကဂိမ်းကစားဖော်တွေကလည်း
ပိုက်ဆံပေးရတဲ့ ဂိမ်းဆိုတော့ သိပ်အာရုံမလာကြလို့ မကစားကြပါဘူး ကစားချင်ဦးတာင်မှ စတင်းအကောင့်ရှိဦးမှဆိုတော့ လွယ်တော့မလွယ်ဘူးလေ
ဒီိလိုနဲ့ စတီးမစ်လုပ်ဖော် ကိုင်ဖက် ဟောင်းတွေကို လှည့်ပါတ်ပြီး ဖျာရောင်းပြီး သွေး
စောင်းရပါတယ် အဲ့............. အဲ့သလိုလေးလဲ လုပ်တက်ရပါသေးတယ်

အများကြီးတော့ မဖောလိုက်ရပါဘူး စတီးမစ်လုပ်ဖူးသူတွေဆိုတော့ သဘောပေါက်
လွယ်ပါတယ် ဆယ်ဒေါ်လာစီရင်းပြီး ဂိမ်းစဆော့ကြတယ် ဆိုပါတော့လေ
ကိုယ်ကလည်း မင်းတို့ ဒီဂိမ်းကစားရင် ဒေါ်လာရမယ်လို့ ရဲရဲကြီးအာမခံခဲ့ရသကိုး
အဲ့ဒီစကားကို လက်တွေ့ သက်သေပြဖို့လိုအပ်နေခဲ့တာပါ။ ဂိမ်းကစားရင် ဘုတ်စတားကတ်တွေရတဲ့အခါ ကိုယ့်အတွက် အရင်ဆုမတောင်းမိပါဘူး
သူတို့လေးတွေ တန်ဖိုးများသော ကဒ်တွေရကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်
ဒီဂိမ်းက ဒေါ်လာတကယ်ရတယ်ဆိုတာ ကိုယ်ကသိနေပြီဖြစ်ပေမယ့် သူတို့က
လက်တွေ့မသိမမြင်ရသေးဘူး သူတို့ကို သက်သေပြဖို့လိုတယ်လေ

အဲ့ဒီလိုအပ်ချက်ကို
ဒီနေ့တော့ လုပ်ဆောင်ခဲ့နိုင်ပါပြီ ဖြစ်ချင်တော့ ကစားဖော်ထဲက တစ်ယောက်က
ဂိုးကဒ်တစ်ခု တန်ဖိုးများများလေး ရလိုက်ပါတယ် ဒေါ်လာ နှစ်ဆယ်ကျော်တန်တဲ့
ကဒ်ပါ ချက်ချင်းငွေဖော်ဖို့လိုအပ်တော့ အနည်းငယ် ဈေးလျှော့ပြီး အရောင်းတင်ခိုင်းလိုက်ပါတယ် မကြာပါဘူး အရောင်းအ၀ယ်ဖြစ်သွားတော့
သူ့စတင်းဝေါလက်ထဲ ကို ကျသင့်ငွေတန်ဖိုး အက်ဘီဒီတွေ ချက်ချင်းရောက်လာပါလေရော စုစုပေါင်း အက်ဘီဒီ နှစ်ဆယ့်တစ်ဒေါ်လာရလိုက်ပါတယ်
သူလဲ ပျော် ကျန်တဲ့အပေါင်းအသင်းတွေလည်း အားတက် ကိုယ်လည်း အပြောနဲ့အလုပ် ညီတယ်ဆိုတာ သက်သေပြပြီးဖြစ် သွားပါတော့တယ်
ဒီညနေကတော့ အပျော်တွေပေါင်းစုံစည်းလို့ မင်္ဂလာရှိသောညနေခင်းလေးဖြစ်ခဲ့ပါတယ်

Author : @bobokyaw

Sort:  

ခုလိုအပျော်တွေမျှဝေပေးတာ ကောင်းတယ်ဗျို့

Posted using Partiko Android

ဒီအချိန်ကတော့ ဂိမ်းကစားတာဘဲ ပျော်စရာကောင်းတော့တယ်

ကျွန်တော်ကတော့ ပျော်နိုင်သေးဘူးဗျ 👍

Posted using Partiko Android

မကြာခင် အလှည့်တစ်ခုကတော့ ရောက်လာမယ်လေ့

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05