မသိုးသင်္ကန်းကပ်လှူခဲ့တယ်

in #busy5 years ago

နောက်ကျမှတင်ဖြစ်တော့တယ် ရိုက်ထားတာတော့ တစ်ပါတ်လောက်ရှိပါပြီ တန်ဆောင်မုန်းလပြည့်နေ့က ရိုက်ထားတဲ့ ပုံလေးတွေဖြစ်ပါတယ်
အဲ့ဒီနေ့က မူဆယ် လွယ်တိန်ခမ်း ဘုရားတောင်ပေါ်ကိုသွားပြီး မသိုးသင်္ကန်းအတွက် ရည်မှန်းပြီး
ရှစ်မျက်နှာဘုရားမှာ သင်္ကန်းတွေ သွားရောက်ကပ်လှူ ပူဇော်ဖြစ်ပါတယ်
မသိုးသင်္ကန်းကတော့ ကျီးမနိုးခင်အပြီးရက်လုပ်ပြီးတဲ့ သင်္ကန်းကို ကပ်လှူ ပူဇော်ကြတာဖြစ်ပါတယ်
ကိုယ်တွေကတော့ အဲ့လောက် မတက်နိုင်သေးလို့ ဈေးထဲက သင်္ကန်းစလေးတွေ အလွယ်တကူ
ဝယ်ပြီး ဘုရား ဆင်းတုတော်တွေမှာ သွားရောက်ကပ်လှူခဲ့ပါတယ်
ဘုရားပေါ်ရောက်သွားဖြစ်တာက ညနေပိုင်း နေ၀င်ချိန်ဖြစ်ပါတယ် ကိုယ်ထင်တာက သင်္ကန်းလှူတဲ့သူ
မရှိသေးဘူးပေါ့ ဘာလို့လဲဆိုတော့ အခုမြင်တွေ့ရတဲ့ ဘုရားက မြို့ပြင်က တောတောင်ထဲဖြစ်လို့
တော်တန်ရုံလူ မရောက်ဖြစ်တဲ့ နေရာမို့ပါ။ ဒါပေမယ့် တကယ်ရောက်သွားတော့ ကိုယ်က နောက်ကျနေ
ပါပြီ ကိုယ့်ရှေ့မှာ ဘုရားကို သင်္ကန်းကပ်လှူထားတဲ့ သူက နှစ်ဦးတောင်ရှိနှင့်နေပါပြီ
အဲ့ဒီဘုရားမှာ ဂေါပက အဖွဲ့ဝင် ရှမ်းအမျိုးသားကြီး က အကြံပေးပါတယ်
တူမောင် ကပ်လှူမယ်ဆိုရင် ရှေ့ကကပ်လှူတဲ့သူတွေရဲ့ သင်္ကန်းကို အပေါ်ဆုံးကထားပြီး အတွင်းပိုင်းက
စတင်လို့ ကပ်လှူပါတဲ့ ဒါနဲ့ ဘဲ ရှေ့ က ကပ်လှူထားတဲ့သင်္ကန်းတွေကို ခဏတာဖွယ်ခွါရပါတယ် ပြီးတော့
ကိုယ်လှူတဲ့ သင်္ကန်းကို ကပ်လှူပါတယ် ပြီးမှ အရင်ကပ်လှူထားတဲ့ သင်္ကန်းတော်တွေကို အပေါ်ဆုံးကနေ တစ်ခါ ပြန်ပြီး ကပ်လှူပါတယ် ကုသိုလ်တွေ ထပ်သွားတာပေါ့လေ
ရှစ်မျက်နှာ ဘုရားဆိုတော့ ဘုရားရှစ်ဆူတိတိကို မသိုးသင်္ကန်းများ ကပ်လှူခွင့်ရခဲ့ပါတယ်
အရင်နေ့တွေက စာရေးတဲ့ ဘက် အာရုံများနေတာနဲ့ ဒီပုံလေးတွေမတင်ဖြစ်ခဲ့ဘူး
ဒီနေ့တော့ စာရေးရန် ခေါင်းစဉ်ရှာမရတာနဲ့ ဓါတ်ဖမ်းတာလေးတွေကို ပြန်အလှည့်ပေးရင်
တင်ဖြစ်လိုက်ပါပြီ

IMG_20181121_164452.jpg

IMG_20181121_164518.jpg

IMG_20181121_164335.jpg

IMG_20181121_164425.jpg

IMG_20181121_164347.jpg

IMG_20181121_164401.jpg

IMG_20181121_164411.jpg

IMG_20181121_164443.jpg

IMG_20181121_164507.jpg

Photo : Original
Author : @bobokyaw
@bobokyaw.jpg

Sort:  

ဓါတ်ဖမ်းတာလေးတွေ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.033
BTC 63900.26
ETH 3063.07
USDT 1.00
SBD 4.21