ညအိမ်သို့တစ်ခေါက်

in #busy6 years ago

@bobokyaw.jpg

ဒီနေ့အတွက်ကတော့ ကလန်အကြောင်းလေး ဆက်ရေးပါဦးမယ် အခြားရေးစရာက ရွေးချယ်ရတာတွေ
များတော့ သိပ်အဆင်မပြေဘူးဖြစ်နေတယ် ကလန်အကြောင်းဆိုတော့ စိတ်ပါလက်ပါနဲ့ အားတက်သရော
ရေးလို့ အဆင်ပြေတာတွေ့ရတယ် အဲ့သလိုဖြစ်ရမယ်လေ ကိုယ်က ရာနှုန်းပြည့် အာရုံစူးစိုက်တဲ့အရာ
ဖြစ်နေတော့ အထူးတလည် အားစိုက်စရာမလိုတော့ဘူးပေါ့
ကလန်အကြောင်းရေးနေမိတာ အခုနောက်ပိုင်း ထွက်လာတဲ့ အိမ်အသေးလေး အကြောင်း မရေးရသေး
တာ သတိရသွားတယ် ဒါနဲ့ ဒီညတော့ အဲ့ဒီအိမ်သေးသေးလေးအကြောင်းရေးလိုက်ပါတယ်

အိမ်သေးသေးလေးလို့ခေါ်တဲ့ ခုနောက်ပိုင်းမှ ထည့်သွင်းလာတဲ့ ဘေ့စ်အသစ်လေးပါ အသစ်ဆိုသော်လည်း ထွက်တာတော့ ကြာပါပြီ ကိုယ်တွေကတော့ အဲ့ဒီအိမ်သေးသေးလေးကို
အလွယ်ခေါ်တာတော့ ညအိမ်လို့ဘဲ ခေါ်ပါတယ် အခြားသူဘယ်သို့ ခေါ်သည်မသိ ကိုယ့်ကလန် အုပ်စု
မှာတော့ ညအိမ်လို့ခေါ်တာ နှုတ်ကျိုးသွားပြီ ဒါကြောင့် ညအိမ်လို့ဘဲ ဆိုကြပါစို့လေ

အဲ့ဒီညအိမ်ကို အချို့ ပလေယာတွေက မကစားကြပါဘူး အချိန်မပေးနိုင်တာရယ် အလုပ်ပိုတယ်လို့
ယူဆတာရယ်ကြောင့်ပါ။ တကယ်က အဲ့ဒီဘက် ညအိမ်မှာ ကစားရတာက ဖီလင်တစ်မျိုးပါ
ကိုယ်ကတော့ ညအိမ်ကို ဒီဘက်က အိမ်ကြီးမှာ စစ်သားထုတ်နေတုန်း အားတဲ့အချိန်လေး ပြေးကစားတာ
ပါဘဲ အဓိကကတော့ အဲ့ဘက်က စိန်တွင်းရှိတာကို သဘောကျလို့ပါ စိန်တွေကလည်းအထွက်များပါတယ် အဲ့ဘက်က စုထားတဲ့ ဂျမ်လို့ ခေါ်သော စိန်တွေနဲ့ ဟီးရိုးတွေကို
အချိန်မစောင့်ဘဲ အပ်နေခဲ့တာ အတော်အဆင်ပြေနေပါတယ်

ညအိမ်မှာကလည်း အပ်စရာတွေများပါတယ် ကိုယ်ကတော့ တစ်ခုကောင်းဘဲ တင်ပါတယ်
မီနီယမ်ရယ် ဘော်လွန်းရယ် အဲ့ဒီအတွဲကိုဘဲ အပ်ဒိတ်တင်ပြီး ကစားပါတယ် ကျန်တာတွေတော့
အချိန်မပေးနိုင်တာနဲ့ မတင်ဘဲပြစ်ထားလိုက်တယ် အခုချိန်ထိတော့ အဲ့ဒီ အဲယားလိုင်းဟီးရိုးအတွဲလေးနဲ့
ဖလား နှစ်ထောင့်ရှစ်ရာနားမှာ ကစားနေတာပါ။ ဖလားသုံးထောင်ရောက်အောင် သွားမလို့လေ
ဖလားသုံးထောင်ရောက်ရင် ဂျမ်တစ်ထောင်ရမယ်ဆိုလို့ ဖလားတင်ကြည့်နေတာ
ဒါပေမယ့် ကိုယ့်ဘေ့စ်က ၀ိနေတော့ ဘယ်လိုတိုက်တိုက် နှစ်ထောင့်ကိုးရာ မကျော်ဘူးဖြစ်နေခဲ့တယ်

အခုနောက်ဆုံး လေဘယ်အပ်ထားတာကတော့ ဘော်လွန်းဆယ့်သုံးပါ အဲ့ဒီကောင်လေး ထွက်လာရင်
တော့ ဖလားသုံးထောင်ကို ရောက်အောင် သွားနိုင်မယ်လို့ ထင်ပါတယ် ထုံးစံအတိုင်းပါဘဲ ကိုယ်က တိုက်စစ် အားထားတာဆိုတော့ ခံစစ်က အမြဲပွင့်နေတော့ နိုင်ရင်နိုင်မနိုင်ရင် အရှုံးဆိုသလိုပါဘဲ
နိုင်အောင် တိုက်မှသာ သေချာမှာဖြစ်ပါတယ် ဒါကြောင့်လည်း မီနီယမ်နဲ့ဘော်လွန်း အတွဲလေးကို အဆုံးထိလေဘယ် ရောက်အောင် တင်နေတာပါ။ အားလုံးမျှတအောင် လေဘယ်အပ်ရင်တော့ အဆင်ပြေနိုင်ပေမယ့် ကိုယ်က အချိန်မပေးနိုင်ဘူးလေ ဒါကြောင့် ဖြတ်လမ်းလို့ခေါ်ရမလား ခရီးလမ်းအတိုကို ရွေးတယ်ဆိုရမလား အလွယ်လမ်းလိုက်တယ် သတ်မှတ်ရမလားဘဲ
ဖလားသုံးထောင်ရရေးအတွက်ဘဲ ဦးတည်ချက်ထားလို့ ကျန်တာတွေကို လစ်လျှူရှုခဲ့လိုက်ရတယ်
ဖလားသုံးထောင် ရပြီးမှဘဲ ဘယ်လို ဆက်ပြီး စခန်းသွားရမယ်ဆိုတာကို စဉ်းစားတော့မယ်လေ
ဦးတည်ချက်ဆိုတာက ဗျာများလို့မရပါဘူး တစ်ခုခုကို စူးစိုက်ခြင်းဆိုတာ တကယ်တော့ အသဲမာတက်ရပါတယ်
@bobokyaw

Sort:  

ကလန်ဂိမ်းဆော့တာတော့ တန်သွားပြီပေါ့

တန်အောင်လုပ်နေသလိုဖြစ်သွားပြီလား

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61572.53
ETH 2995.53
USDT 1.00
SBD 3.73