ဖလားလက်ဆောင်ပေးကြမယ်

in #busy5 years ago

Screenshot_2018-11-26-22-44-18.png

ယခု သုံးကြိမ်မြောက် ရာသီပွဲစဉ်အတွက် အသစ်ချမှတ်လိုက်တဲ့ အပ်ဒိတ် စည်းကမ်း
အရဆိုရင်တော့ တစ်ဦးတည်ယောက်ကောင်း အဖွဲ့အစည်းတစ်ခုတည်းအသာရခြင်း တစ်လက်ကိုင် ဟီးရိုးတိုက်ခိုက်ခြင်း
ဒါတွေကို အကျပ်အတည်းဖြစ်စေခဲ့ပါပြီ အရင်တုန်းက အဆင်ပြေနေတဲ့ နည်းစနစ်
တွေအားလုံး ယခုလက်ရှိအခြေအနေမှာ အသုံးမတည့်တော့ပါဘူး
ဖလားရရေးအတွက် အတော်ကို ကြိုးစားအားထုတ်နေရပါပြီ ပြိုင်ဆိုင်မှုတွေလည်း
ပိုလို့ ပြင်းထန်လာနေပြီဖြစ်ပါတယ် တိုက်ပွဲက တိုက်ပွဲနဲ့တော့ တဖြည်းဖြည်း တူလာ
ပါပြီ စစ်အင်အားကောင်းသူ နည်းဗျူဟာကောင်းသူ အတွေးအခေါ်ကောင်းသူ
ကံကောင်းသူ ၀ိရိယအားစိုက်မှုကောင်းသူ အဲ့ဒီလို လူစားတွေအတွက် ကစားသူ
ပလေယာတွေအတွက် အလေးသာစေခဲ့ပြီဖြစ်ပါတယ်
အရင်တုန်းက ကစားတဲ့အခါ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေနဲ့ ထိပ်တိုက်တွေ့ရတဲ့ပွဲတွေမှာ
တစ်ခါတစ်ရံ ကိုယ်က အရှုံးပေးလိုက်ချင်ပါတယ် တစ်ဖက်ကစားသူကို အနိုင်ပေးလိုက်ချင်ပါတယ် ဒါပေမယ့် အဲ့ဒီလိုလုပ်ခွင့်ပေးတဲ့ ခလုတ် မပါဝင်ခဲ့ပါဘူး
ပွဲစပြီ ဆိုတာနဲ့ အနိုင်အရှုံးက အဖြေတန်းပေါ်ပါတယ် သူ့ကို အနိုင်ပေးလိုက်လို့
မရခဲ့ပါဘူး မြန်မာနာမည်နဲ့ ပလေယာတွေ ကိုတွေ့ရင် အရမ်းအားနာမိပါတယ်
ကိုယ်က အနိုင်ယူလိုက်ရတဲ့အခါ စိတ်ထဲ မလုံမလဲ ဖြစ်မိတယ် အဲ့ဒီလို မြန်မာအချင်းချင်းတွေ့တဲ့အခါ ကိုယ့်ထက် အားနည်းနေသူ ဖလားနည်းနေသူ
လိဒ်ပွဲအတွက် ရုန်းကန်နေရသူဖြစ်နေခဲ့ရင် ပိုလို့အားနာရပါတယ်
တစ်ဖက်ကစားသူကို ဦးစားပေးလိုက်ချင်တဲ့စိတ် ဖြစ်ပေါ်မိပါတယ် ဒါပေမယ့် ဘာမှ
လုပ်မပေးနိုင်ခဲ့ပါဘူး စစ်ပွဲက စစ်ပွဲအတိုင်း မတရားတာမရှိဘူး အနိုင်အရှုံး တိုက်ခိုက်ခဲ့ရပါတယ်
အခုအသစ်ထွက်လာသော အပ်ဒိတ် စည်းကမ်းမှာတော့ အဲ့ဒီလိုအပ်ချက်ရဲ့
တံခါးတစ်ချပ်က ပွင့်လို့သွားခဲ့ပါပြီ သူကတမင်ဖွင့်ပေးတာတော့ မဟုတ်နိုင်ပါဘူး
ဟာကွက် တစ်ခုလို့ ဆိုနိင်ပါတယ် ကိုယ်ကတော့ အဲ့ဒီဟာကွက်ကို သဘောကျ
နေမိပါတယ်
ဘာကြောင့်လဲ .......
Screenshot_2018-11-27-15-20-46.png

.
ဟုတ်ပါတယ် အဲ့ဒီဟာကွက်ကတော့ အပေါ်မှာပြောခဲ့သလို တစ်ဖက်ကစားသမားကို
အနိုင်ပေးလို့ရတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေါ်စေတာပါ။
အရင်က တိုက်ပွဲရှာရင် ဒဲ့တွေ့ရင်တောင် ဒီတိုင်းထိုင်ကြည့်ခဲ့ရတယ် ဘယ်သူနဲ့တွေ့
မယ်ဆိုတာကို ကြိုမသိခဲ့ရဘူး
အခုတော့ တိုက်ပွဲရှာပြီးတာနဲ့ မင်းဘယ်သူနဲ့ တိုက်ခိုက်ရမယ်ဆိုတာကို ကြိုတင်သိမြင်ခွင့်ပေးပါတယ် တစ်ဖက်ကစားသမားရဲ့ နာမည်ရယ် သူလက်ရှိရနေသောဖလားအရေအတွက်နဲ့ သူစစ်ပြင်လာမယ့် စစ်သားအမျိုးအစားတို့ကိုပါ မြင်ရပါတယ်
ဒီတော့ ဘာဖြစ်သလဲ
တစ်ဖက်က ကစားသမားရဲ့ အခြေအနေကို တင်ကြို သိရတဲ့အတွက် သိပ်ကိုကောင်းသွားပါတယ် သူ့အခြေအနေကို ကြည့်ပြီးမှ ကိုယ့်ရဲ့ တပ်ကို စစ်ပြင်ဆင်ရတာဖြစ်လို့ပါ
တကယ်လို့ တစ်ဖက်ကစားသမားက ကိုယ့်အသိဖြစ်မယ် ကိုယ့်ထက်အားနည်းသူ
ခင်မင်သူဖြစ်မယ် ကိုယ်က အနိုင်ပေးလိုက်ချင်သူဖြစ်မယ်ဆိုရင် သူ့ကိုအနိုင်ပေးလိုက်လို့ရနေပါပြီ တိုက်ပွဲထိသွားချင်တယ်ဆိုရင်လည်း ကိုယ်က
အညံ့စား စစ်သားတစ်ကောင်လောက်သာခေါ်သွားပေးလိုက်ပေါ့
အရေးတကြီး ပွဲစဉ်များကလွဲလို့ အခြားသာမာန် တွေ့ဆုံမှုတိုင်းမှာ မြန်မာပလေယာ
နာမည်မှန်သမျှကို အနိုင်ပေးမယ်လို့ စဉ်းစားထားပါတယ်
ဘယ်သူဖြစ်ဖြစ်ပါ ဖလားလက်ဆောင်ပေးတယ်လို့ မှတ်ယူကြပါဗျာ
ကိုယ့်ကို အနိုင်မပေးလည်း ဘာမှမဖြစ်ဘူးနော်။ ကိုယ်က အနိုင်ပေးချင်တာပါ။
အချင်းချင်းတွေ့ချင်တယ်ဆိုရင်တော့ အချိန်တူ အချိန်ကိုက် တိုက်ပွဲရှာကြပါ
တွေ့ဆုံနိုင်ခွင့်က 70% ရှိပါတယ်။
အဆင်ပြေတယ်ဆိုရင် ဖလားလက်ဆောင် ပေးကြရအောင် သို့မဟုတ် ဖလားလက်ဆောင်ယူကြရအောင်ပါ။

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

အရမ်းအားနာမိပါတယ်

ကျွန်တော့ကိုတော့ အကောင်းဆုံး ကဒ် တွေနဲ့ တိုက်ပါ။ ဒါမှ ကဒ် အထာသိအောင်လို့ ပါ။ 👍

Posted using Partiko Android

အခုလောလောဆယ်တော့ ဖလားမတင်နိုင်သေးဘူးဗျာ
ဖလား လေးရာနားမှာ လည်ထွက်နေတယ်

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11