စတီးမစ်ရဲ့ လမ်းကြိုလမ်းကြားနှံ့အောင်သွားပါ

in #busy5 years ago (edited)

@bobokyaw.jpg

တကယ်လုပ်ချင်သူနဲ့ တကယ်လုပ်တဲ့သူတွေအတွက် ယခုအချိန်အထိ စတီးမစ်က
လုပ်စရာတွေ လုပ်နိုင်စရာတွေ လုပ်ချင်စရာတွေ လုပ်လို့ရတာတွေ များစွာများစွာ
ကျန်ရှိလို့နေပါသေးသည်။ အသိပညာနဲ့ အတက်ပညာနဲ့ အရာရာကို အရှုံးအမြတ်
ဈေးမတွက် သူအတွက်ကတော့ စတီးမစ်မှာ အလွယ်တကူ ရှင်သန်ကြီးထွားနိုင်ပါသေးသည် ဘယ်အရာတွေလဲ ဘယ်လိုအရာတွေလဲ
အဲ့ဒီလို တော့ ပြောရခက်သေးသည်။ ဒါတော့ လုပ်ပါ ဒါကိုလုပ်ပါ ဒီလိုလုပ်ပါဟု
လမ်းညွှန်ပေးရခက်ပါသည်။
စတီးမစ်လမ်းပေါ်အချိန်ကြာကြာလျှောက်ပါ စတီးမစ် ရပ်ကွက် အကြိုအကြား နှံ့အောင်
သွားပါ ရောက်ရာနေရာမှာ စတီးမစ်မိတ်ဆွေ အသိအကျွမ်းများများဖွဲ့ပါ
ဒါလောက်လုပ်ရင်ကို ဘယ်လိုလုပ်ရမယ် ဘာတွေ လုပ်ရမယ်ဆိုတာ သူတစ်ထူးက
ညွှန်ပြစရာမလိုဘဲ မြင်လာတွေ့လာမည်သာဖြစ်သည်။
စတီးမစ်မှာ အချိန်တွေများစွာ သုံးခဲ့သည် အချို့လမ်းကြောင်းတွေ (ဒေါ်လာအကြောတွေ) တွေ့ပါသည် မြင်ပါသည် အနံ့ရပါသည်။
သို့သော် ........ ကိုယ်သွားနေတဲ့လမ်းကြောင်းနှင့် လမ်းမသင့်ခြင်း ကိုယ့်အခြေအနေနဲ့
မကိုက်ညီခြင်းတွေကြောင့် ကျော်ခဲ့ရသော အခွင့်အရေးတံခါး အတော်များများတွေ့ခဲ့ဖူးပါသည်။
လုပ်နိုင်စွမ်းသူတွေအတွက် တကယ်ကိုအခါအခွင့်သင့်စေမည့် အခြေအနေတွေ ရှိနေပါသည်။
လူအများထင်မြင်နေတာတွေ ရှိသည် စတီးမစ်မှာ အောင်မြင်ဖို့ဆိုရင် ပါဝါအားကြီးရမယ် ကိုယ်ဘာတင်တင် ဘုတ်ကြိးကြီးပေးမယ့်သူရှိရမယ် အင်္ဂလိပ်စာ
ကျွမ်းကျင်ရမယ်။ စာရေးဆရာတစ်ယောက်လို ဖွဲ့ကာနွဲ့ကာ ရေးနိုင်ရမယ်
စသဖြင့်ပေါ့ အဲ့သလို အခြေအနေ အကြီးကြီးတွေ ရှိရမယ်လို့ ထင်မြင်ကြသည်။
ကိုယ်တိုင်လည်း တစ်ချိန်က ထင်မြင်ဖူးသည်။ယခုလည်းထိုအမြင်အစွဲသည်ကပ်ငြိနေတုန်းဖြစ်သည်။
အမှန်တကယ်က ထိုအရာတို့သည် မလိုအပ်မဟုတ် လိုအပ်ပါသည်။ တကယ့်လိုအပ်
ချက်တို့ကားမဟုတ်ခဲ့ ထိုအရည်အချင်းများသည် အခြံအရံမျှသာ ဖြစ်လေသည်။
စတီးမစ်မှာ အဓိကလိုအပ်သည်ကား တစိုက်မက်မက် လုပ်ဆောင်ဖို့သာဖြစ်သည်။
ငါးပွက်ရာ ငါးစာချနေလို့တော့ အရာထင်ဖို့ ခက်လေသည်။ ယုံကြည်ချက် ခိုင်မြဲဖို့လိုသည်။ မိမိကျင်လည်ရာ ၀န်းကျင်ထဲမှာတင် ပြီးပြီးရော အချိန်တွေမကုန်သင့်
အခြား ၀န်းကျင်တွေကို မပြတ်လေ့လာ သင့်ပါသည်။ ထပ်ပြောရရင်တော့ စတီးမစ်
လမ်းကြိုလမ်းကြား ရပ်ကွက်ကြိုရပ်ကွက် ကြား နှံ့အောင် သွားပါလေ
ကိုယ်နဲ့ကိုက်ညီတဲ့ တစ်ခုခုမကသည့် ထူးခြားသော အသစ်များ အဟောင်းများကို တွေ့လာရမည်သာဖြစ်သည်
Author : @bobokyaw

Coin Marketplace

STEEM 0.34
TRX 0.12
JST 0.039
BTC 69684.47
ETH 3531.05
USDT 1.00
SBD 4.73