တစ်ခါတစ်မျိုး မရိုးကြရအောင်

in #busy6 years ago

@bobokyaw.jpg

မိုင်တဲကတော့ ပုံစံတစ်မျိုးနဲ့ ရှိတ်ခိုင်းနေပါပြီ ပထမမူလ တာထွက်လာတုန်းကလို
မဟုတ်တော့ပါဘူး အစပထမတုန်းကတော့ ရှိတ်လိုက်တိုင်း လက်ဆောင်တွေ
ရပါလေသည်။ နည်းသည် များသည်က အဓိက မဟုတ်ပါဘူး ရတယ်ဆိုတော့
အားလုံးက ကျေနပ်ပျော်ရွှင်ကြပါလေသည်။ တကယ်လည်း ပျော်စရာကောင်း
သည် စိတ်ကျေနပ်မှုလေးရပါလေသည်။ စာတိုပေးပို့ခွင့်တွေရတယ် ဒေတာ
လက်ဆောင်လေးတွေရတယ် ဖုန်းဘေတောင် ထည့်ပေးသေးတယ်လေ
ဖုန်းတွေလည်းရကြတယ် အားလုံး မိုင်တဲမှ မိုင်တဲ ဖြစ်ခဲ့ရပါသည်။
ဖြစ်ရမည်ဘဲလေ အရင်အော်ပရေတာတွေ မလုပ်ပေးတာတွေ သူက လုပ်ပေး
လိုက်တာကိုး။ လိုင်းကလည်း မြန်တော့ သုံးရတာ စိတ်ချမ်းသာသည်။
အချို့နေရာတွေတော့ အဆင်မပြေဟု ကြားမိသည်။
မူဆယ်မှာတော့ သုံးတဲ့သူဘဲ နည်းနေသေးလို့လားမသိ မြန်ချက်ကတော့ အတော်လေးကို မြန်ပါလေသည်။
လက်ဆောင်တွေရလို့ ပျော်လို့ ရွှင်လို့ ၀မ်းသာလို့မှ အားမရခင်မှာဘဲ အနှီးမိုင်တဲ
သည် အချိုးများပြောင်းလေတော့သည်။ အရင်လို လက်ဆောင်တွေ မပေးတော့
လက်ဆောင်ပေးသည့် နေရာတွင် ဆုတောင်းစာများဖြင့် အစားထိုးလာတော့သည် စိတ်မရှည်သူများ လက်သီးလက်မောင်းတန်းလို့
စုံတကာစေ့အောင် အသံတွေ ထွက်ကြလေတော့သည်။ မိမိကတော့ သူတို့စတင်ပြောင်းလဲသည့်ညတွင် ဖုန်းဘေများစွာ ရလိုက်ပါသည်။ လှုပ်တိုင်း
ပေါက်လို့ ရှိတ်တိုင်းဖုန်းဘေရသည့် ညတစ်ညဖြစ်ခဲ့သည်။
မိုင်တဲသည် အပြောင်းအလဲမြန်သူ မဟုတ်ပါ ဆိုသည်ကိုတော့ သိနေခဲ့ပါသည်။
အခုလို ရက်ပိုင်းအတွင်းတော့ ရုတ်တရက် စိတ်ပြောင်းစရာမရှိနိုင်ပြီလေ ။သူ့ရဲ့
တားဂါတ် အပြည့်အ၀မှ မထိသေးတာဘဲ သူဘယ်ပြောင်းလဲပါ့မလဲ သို့သော်
ပြောင်းလဲခြင်းသည် ရုတ်တရက် ဖြစ်ပေါ်ခဲ့သည်။ နောင်များမှ ကြားသိရသည်ကတော့ သူပေးသည့် လက်ဆောင်များသည် အလွန်ရက်ရော
လွန်းသည့်အတွက် သုံးစွဲသူများ မိုင်တဲ တစ်လုံးသာမြင်တော့သည့် အခြေအနေသို့ ဆိုက်ရောက် သွားပုံရပါလေသည်။ သူ့ရဲ့ ဈေးကွက် ထိုးနှက်ချက်လက်သီးက ပြင်းသွားပုံရသည်။ အဘယ်မျှ လက်သီးပြင်းသနည်း
ဟု တွေးကြည့်မိသော် အောင်လရဲ့ ချန်ပီယံ လက်သီးထက်တော့ မလျှော့တာ
သေချာပါလေသည်။ အခြားအော်ပရေတာများ လှုပ်လှုပ်ရွရွ ဖြစ်သွားစေမှာ မလွဲ
ပါဘူး။ ဒီနေ့တော့ ဂျာနယ်ဝယ်ဖတ်ဖြစ်ပါသည်။
မိုင်တဲက သုံးစွဲသူတွေကို ဂျင်းထည့်နေပြီ ဆိုသည့် အသံထွက်လာရခြင်းရဲ့
အကြောင်းအရင်းကို သေချာစွာ သိလိုက်ရပါလေသည်။ အထင်မှားသွားစေခဲ့
တာဖြစ်ပါလေသည်။ မှားလည်း မှားချင်စရာပါဘဲ ထင်မယ်ဆိုလည်း ထင်ချင်စရာပါဘဲ သူက ဘာမပြောညာမပြော ပြောင်းလဲသွားသည်ဘဲလေ
တကယ်တမ်းတော့ မိုင်တဲက ချစ်စရာကောင်းပါသည်။ သူအရင်က ပေးသလို
မပေးတော့သော်လည်း ပေးလို့ရသည့် နည်းဖြင့် ပေးပါလေတော့သည်။
ယခုအခါ ဖုန်းလေးကို လှုပ်ခါလိုက်မည် ဆိုလျှင်ဖြင့် ဆုတောင်းစာများနှင့်အတူ
ကံစမ်းမဲ ကုတ်နံပါတ်လေးများ ရရှိကြပါလေသည်။ ထိုကံစမ်းမဲ ကုတ်နံပါတ်လေးတွေသည် ကားတစ်စီးကိုပင် ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါလေသည် အတော်ကို ရက်ရောသည့် မိုင်တဲ ဖြစ်လေသည်။
အိုင်ဖုန်းဆိုသည့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်တွေလည်း တပြုံတမ အတွဲလိုက် ပါသေးသည်။ မြင်ကွင်းကျယ် တီဗွီတွေလည်း ရဦးမည် မိုင်တဲကထုတ်တဲ့ ဖုန်းတွေလည်း ပေးနေသည်။ ပိုလို့တောင် အခွင့်သာသေးသည်ဟု မြင်ပါလေသည်။
တစ်ရက်လျှင် ကံစမ်းမဲလက်မှတ်သုံးစောင်နှင့်ဆုတောင်းစာခုနှစ်စောင်ရပါသည်။ တစ်ပါတ်လျှင် ကံစမ်းမဲ အနည်းဆုံး အစောင်နှစ်ဆယ်ရလိမ့်မည်။ လာမည့်တနင်္လာနေ့တွင် ကံထူးသူတွေ ထွက်ပေါ်လာပေတော့မည်။မည်သူတွေရသည်ဖြစ်စေ ဒါဟာဝမ်းသာကြည်နူးစရာကောင်းလှပေသည်။ ဖုန်းဆင်းကပ်လေးတစ်ခုက ကားတစ်စီးကို ပိုင်ဆိုင်စေနိုင်သည် ဆိုသည်မှာ အိပ်မက်မဟုတ်တော့လေပြီ
အမှန်တကယ်ဖြစ်လို့လာပါပြီ
မိုင်တဲရဲ့ အရှိုက်ထိုးသည့် လက်သီးပြင်းတို့သည် တစ်လုံးပြီး တစ်လုံးထွက်ပေါ်
လာလိမ့်ဦးမည်ဟု ထင်မြင်ပါလေသည်။
အခြားအော်ပရေတာများသည်လည်း ကစားကွက်ပြောင်းလို့လာနိုင်လေသည်။
မြေကွက်တွေပေးတာ တိုက်ခန်းတွေပေးတာ ဘုရားဖူးခရီးစဉ်တွေ နိုင်ငံခြားအလည်အပတ်သွားခွင့်တွေ စသဖြင့် မက်လုံးများစွာ ပေးလာတော့မည်ဟု ထင်ပါသည်။ ဘာဖြစ်ဖြစ် မိုင်တဲကတော့ ချစ်စရာကောင်းလွန်းနေလေပြီ

မှတ်ချက် မိမိသည် မိုင်တဲရဲ့ဝန်ထမ်း မဟုတ်ပါ မိုင်တဲနှင့်လည်း အမျိုးမတော်ပါ မိုင်တဲလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံထားခြင်းမရှီပါ။ အခြောက်တိုက် လောဘီလုပ်နေခြင်းအမွှန်းတင်နေခြင်းလည်းမဟုတ်ရပါ။ သုံးခဲ့ဖူးသမျှအင်တာနက်ဖုန်းအော်ပရေတာတို့တွင် သူ့လောက်အဆင်ပြေတာ
မကြုံခဲ့ဖူးတာတော့ သေချာပါလေသည်။

@bobokyaw

Sort:  

I understand nothing in your writing

နင်နားလည်အောင်လည်း ငါကမရေးတက်ပါ

This post received upvote from @tipU :) | Voting service | For investors.

ကျေးဇူးတင်ပါတယ်

You got a 2.30% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 7.14% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you senaky ninja

သူများထက်ပိုပြီးလက်ဆောင်တွေပေးနေတော့မျက်မှန်တက်ခံလိုက်ရတယ်ဗျာ
ခုတော့နေ့တိုင်းရနေပါရဲ့ တစ်ပတ်အတွက်ကုဒ်နံပတ်တွေ
တစ်ရက်ကိုငါးခုလောက်ရတယ် ဟဲဟဲ

စုထားပေါ့ကွာ ကံကောင်းရင်တော့ ရမှာပေါ့

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66569.64
ETH 3235.92
USDT 1.00
SBD 4.31