တစ်ခုခုတော့တွေ့ရမယ်

in #busy6 years ago

@bobokyaw.jpg

အခြေအနေကတော့ ကောင်းလှသည်မဟုတ် တဖြည်းဖြည်းခြင်း ပျောက်ကွယ်
သွားတော့မလားတောင် ထင်ပါသည်။ ဒီပုံအတိုင်းသာဆိုရင်တော့ သိပ်မဟန်
မျှော်လင့်ချက်တွေ မှုန်ဝါးကုန်လိမ့်မည်။ လုပ်ကိုင်ထားရတာတွေက မနည်းမနော
အသွေးအသားတွေကို စတေးပြီး ရင်းနှီးခဲ့ရတာတွေအတွက် စိတ်မကောင်း
ဖြစ်မိပါသည်။ အဲ့ဒီလောက် ကံမဆိုးသင့်ဘူးလို့တော့ ထင်နေတုန်းပါ။
အများမျှော်လင့်သလို အကောင်းဆုံးဆိုသည့် အနေအထားကိုလည်း အမှန်တော့
မမျှော်လင့်မိခဲ့ပါ။ သင့်တင့်သော အတိုင်းအတာတစ်ခု မျှ ကောင်းမွန်ခြင်းကိုတော့
ယုံကြည့်ခဲ့ပါသည်။
အခုတော့ ဘာပြောရမှန်းမသိအောင်ဖြစ်ရတော့မည်လော အဲ့သလိုတော့
မလုပ်ပါနဲလေ။ နင်ဒီအတိုင်း ဆက်သွားလို့ကတော့ တိုင်းပြည်ပျက်လိမ့်မည်။
ကောင်းမွန်သော အပြောင်းအလဲတစ်ခု လုပ်မှရလိမ့်မည် လုပ်တော့လုပ်လာ
လိမ့်မည်ဟုလည်း ထင်ပါသည်။ အမြန်ဆုံး အကောင်အထည်ပေါ်လာပါစေ
ဆုတောင်းနေမိသည်။
မင်္ဂလာရှိသောနေ့ မင်္ဂလာရှိသောအချိန် အဲ့ဒီအချိန်လေး မျှော်နေပါသည်။
ယုံကြည်ရာအတွက် လျှောက်သောလမ်းဝယ် နောင်တဟူသည် သူစိမ်းသက်သက်သာဖြစ်နေလိမ့်မည်။ ရူးမိုက်တယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့
အလုပ်မဟုတ်တာတော့ သိတယ်။ အဲ့ဒါကို ဖြစ်အောင် လုပ်ကြည့်ချင်သေးတယ်။
@bobokyaw

Sort:  

I am very confident that will be successful in this social media steemit,
because I see you are very creative at all in writing, the contents of this post is very extraordinary, and I really enjoy it

Thanks you tommy123

Congratulations! By using @tipU service today you have won @steembasicincome share from @tipU :) From now on @steembasicincome (or one of its accounts) will upvote your posts :)

@tipU gives 2 @steembasicincome shares daily to random service users.

Thanks you tipu

အခြေနေတွေ သိပ့်ပြီးဆိုးရွှားသွားပြီးရင်
အကောင်းဆုံး နေ့ရက်ဆိုတာ ဖြစ်ပေါ်လာမှာပါဗျာ
အဲ့ဒီနေ့ကို ရောက်မလာသရွေ့တော့
ဒီဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့သာ အဓိကကျလိမ့်မယ်။
အဲ့ဒီနေ့ကို…………?

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63994.25
ETH 3062.19
USDT 1.00
SBD 3.94