ခြင်္သေ့လည်ပြန် (2)

in #busy6 years ago (edited)

@bobokyaw.jpg

တစ်ခါတစ်ရံတော့ တွေးမိပါသည်။ နေ့တိုင်း စာတွေရေး ။လက်လှမ်းမှီသလောက်
လေ့လာ အသစ်အသစ်တွေကို စမ်းသပ် ဒေါ်လာလေးတွေ ရနိုးရနိုးနဲ့ လုပ်ကိုင်
လာသည်မှ အားပျက်ချင်လာသလိုရှိသည်။ အားတင်းရင်း အားပေးရင်းနဲ့
ဆက်လို့ လျှောက်ရပါလေသည်။
ဒါတွေလုပ်နေတာ မှန်ရဲ့လား လမ်းကြောင်းများ လွဲနေသလား အရူးအမူးဖြစ်နေ
တဲ့ ကိုယ့်စိတ်ကိုယ်လည်း အကြိမ်ကြိမ် အဖန်ဖန် သတိထား စောင့်ကြည့်ရ
ပါသည်။ အချိန်တွေ မလွန်ခင် ပြင်ဆင်သင့်က ပြင်ရမည်မဟုတ်လား
လွန်ကာမှ ပြင်မရလျှင် အခက်ကြီးခက်ရပေလိမ့်မည်ပေါ့
စိတ်ကို အနားပေးဖို့တော့ လိုအပ်ပါလေသည်။ တာဝန်ဆိုတာကြီးက ဘယ်သူက
မှ အတင်းထိုးထည့်ပေးနေတာတော့မဟုတ် ကိုယ့် တာဝန်ကိုယ် ၀န်တာလေး
လာမိသည်။ တစ်ခြားမိတ်ဆွေများလို ပေါ့ပေါ့ပါးပါးလေး နေချင်လာသည့် စိတ်
လည်းဖြစ်ပေါ်လာပြန်သည်။ ခက်နေသည်က ကိုယ့်မှာ မျှော်လင့်ချက် ယုံကြည်
ချက်ဆိုသည့် မျှားခေါ်ရာနောက် ကိုယ်တိုင် စိတ်ပါဝင်စားစွာ လိုက်နေခဲ့ပြီ
ကမ်းနဲ့လည်း ဝေးသထက် ဝေးလို့လာပြီဖြစ်သည်။ ဒိအချိန်မှတော့ ရပ်တန့်မနေ
သင့်တော့ နောက်ပြန် မလှည့်သင့်တော့
တကယ်တော့ စတီးမစ်မှာ စာရေးသည် စတင်းတွေ ရှာသည်ဆိုသည်ကား
လွယ်လင့်တကူ ရနေသည်မဟုတ် ဆိုလိုချင်တာက လွယ်သည့်အလုပ်မဟုတ်ပါ
ဟု တည့်တည့်သာ ဆိုချင်မိသည်။ စာရေးတာ မလွယ်ပါ အင်မတန်ခက်ပါသည်။
ဖိအားများစွာရှိသည်။ စိုးရိမ်စိတ်နဲ့ စိတ်မွန်းကျပ်မှုများ မလွတ်လပ်မှုများကလည်း
ဘ၀ရဲ့ အချိန် တစ်ချို့ကို ဖဲ့ယူနေသည်ဟု ခံစားလာရသည်။
အပျော်လုပ်သည်ဆိုတာထက် ပိုလွန်လာခဲ့ပြီမဟုတ်ပါလား။
မနက်လင်းလာ စတီးမစ်အကြောင်းတွေးသည် လုပ်သည် ရေးသည် တင်သည်
ရနိုးရနိုး မျှော်သည် ရလာတော့လည်း ဒီထက်ရချင်သည့် လောဘက ခေါင်းထောင်လာသည်။ ဒိထက် ကြိုးစားအားထုတ်သည် ကြာတော့ လူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်လာသည်။
ဈေးကျခြင်းဆိုတဲ့ ထိုးနှက်ချက် က ထိခိုက်မှု အများဆုံးသော ထိုးနှက်ချက်ဖြစ်သည် ဒါက သဘာဝဘဲဟု ပေါ့တန်စွာ တွေးထားလို့မရ ဆိုတာ
သဘောပေါက်လာသည်။ ဒီလမ်းပေါ် လျှောက်နေသမျှ ဒီဒဏ်ကို အချိန်နှင့်အမျှ
ခံစားရလိမ့်မည်။ ရှောင်လွှဲလို့ကားမရ။ရှေ့ခရီးအတွက် လိုအပ်ချက် စိတ်ခံစားမှု ဖီလင် ခံနိုင်ရည် အတွက် ဈေးအတက်အကျကို နံပါတ်တစ်နေရာတွင် ထည့်သွင်း စဉ်းစားရပေလိမ့်မည်။
သေချာတာကတော့ စတီးမစ်ကို ရိုးအီလာသလို ခံစားနေရခြင်းဖြစ်သည်။ မလုပ်
လည်းမနေနိုင် လုပ်လည်း စိတ်တွေ ပင်ပန်းလှပေသည်။ မရတုန်းကတော့လိုချင်
သည် လိုချင်တော့ ကြိုးစားသည် ကြိုစားတော့ ရသည်။ ရတော့ ပူပင်ရပြန်သည်။ စည်းဘောင်တစ်ခုတော့ ကန့်သက်ထားဖို့ လိုအပ်ခဲ့လေပြီ
အလုံးစုံ မျှော်လင့်ခြင်းနှင့် အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းသည် တစ်ချိန်တွင်
မိမိအား အခက်တွေ့စေနိုင်ပါသည်။
@bobokyaw

Sort:  

စတီးမစ်​မှာ စာ​ရေးရတာ တစ်ဖြည်းဖြည်းနဲ့ငြီး​ငွေ့လာပြီ
ဈေး​တွေကကျ ဘုတ်​ကမရ
ဘော့​တွေသုံး​တော့ အရှုံး​ပေါ်ပြန်​ bro​ရေ....

ဈေးတက်ရင်တော့ ဘုတ်ပြန်အားထည့်ရတော့မယ်

Congratulations @bobokyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

ကျေးဇူးတင်ပါတယ်ဗျာ

အစိုးမရသောအရာပါတကား

ဘာမှမသေချာဘူး အားလုံးမှားယွင်းနေ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 9.13% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you sneaky ninja.

You got a 2.33% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ် ပို့ပရိုမော်တာကြီးရေ

This post received upvote from @tipU :) | Voting service | For investors.

Thanks you tipu.

တို့စလုပ်စဉ်က 0.90 Sbd လေ၊ ခုတော်သေးတာပ။

ခုက ဆိုးတယ်လို့ မဆိုသာသေးဘူးပေါ့ ဆရာရယ်
ဖြေသာပါသေးတယ်

ကိုယ်ကိုတိုင်ကလုပ်နေတာဆိုပေမယ့်လည်း
သူခိုင်းတာကို နေ့စဉ်မပျက် လုပ်နေရသလိုပါပဲ
လုပ်မှရမှာဆိုတော့လည်း လုပ်နေရတာပဲလေ။
ဒီလောက်ထိပင်ပန်းခံလာပြီးမှတော့ စာရေးရင်း ပို့စ်တင်လိုက် လုပ်နေတာက အကောင်းဆုံးပါပဲဗျာ။
ပြုံးလိုက်မဲ့လိုက်ဖြစ်အောင် လုပ်နေတဲ့ စတီးမစ်ငွေဈေးကွက်ကြီးကိုတော့ အရှုံးမပေးပဲ ကြံကြံခံရင်း
လုပ်လက်စနဲ့တော့ မထူးပါဘူး ဆက်ပြီးမောင်းနှင်နေတာက အကောင်းဆုံးပါပဲဗျာ……

ပုံမှန်လေးသွားနေတာ အကောင်းဆုံးပါဘဲ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94