နေတက်နေပြီလေ

in #busy6 years ago

inlay.jpg

ဟောဒီလိုညမျိုးပေါ့ ဘ၀မှာ
အခါခါကြုံခဲ့ဖူးတယ် မပြည့်စုံခြင်းက
အဖော်မွန်တစ်ယောက်လို မကွဲမကွာ
အမြဲသာ အတူရှိနေခဲ့
မောင်းထုတ်တာတောင်
ထွက်လို့မသွားခဲ့ဘူး
အလွန်ချစ်ခင်နေပြတော့လည်း

နေပါစေလေ ချစ်လို့နေမှာပါ
ဒီလိုနဲ့ဘဲ ကိုယ်လည်းသူ့ကို
ချစ်ခင်တက်လာခဲ့တယ်
နေသားကျတဲ့ဘ၀မှာ နေတက်လာတယ်
ဘယ်နေရာက ထွက်ပေါ်လာမယ်
မသိပါလေသော ကံကောင်းခြင်းလက်ဆောင်

တိတ်တ ခိုး မျှော်လင့် ချက်တွေက
မရဲတရဲနဲ့ မ၀ံ့ မရဲပါဘဲပေါ့ လေ
အော် ဘ၀မှာ တစ်ခါတလေ
ကံကောင်းခြင်းတွေက နောက်မှာ
စောင့်လို့ နေတယ်တဲ့လား

မလာပါနဲ့ မခေါ်တော့ပါဘူး
မင်းမရှိလည်း နေတက်နေပါတယ်
အားလုံးက ကျေနပ်ရင်းနဲ့ပေါ့
အဖော်အပေါင်းနဲ့ အတူရှိနေတာ
မင်းတစ်ယောက် သိမှ သိပါလေစ
မသိ လည်း နေပါ ငါတော့ နေတက် နေပြီဟ
@mm7
photo - google image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25