လိုအပ်သော လေးစားမှု

in #busy6 years ago

bobo (3).jpg

အောင်မြင်သောသူ တစ်ယောက်လို့
အများက အသိအမှတ်ပြုခံရသူများဟာ
တကယ်ကိုဘဲ မိမိကိုယ်ကိုလေးစားသူတွေဖြစ်တယ်လေ
အဲ့ဒီလို လေးစားမှုအားကြောင့်လည်း
လုပ်ငန်းဆောင်တာတွေကို အောင်မြင်သည်ထက်
အောင်မြင်လာစေရန် လုပ်ဆောင်နိုင်စွမ်းကြတာပေါ့

အလုပ်တစ်ခုက အောင်မြင်တယ်
ကိုယ်လုပ်တာ အဆင်ပြေတယ်ဆိုရင်
ကိုယ့်ရဲ့ ယုံကြည်ချက်ဟာလည်း တက်လာတာဘဲ
လေးစားမှုလည်း ပိုလို့ တိုးလာရတာဘဲပေါ့
အလုပ်တစ်ခုအောင်မြင်လို့ ခံစားရတဲ့
ကျေနပ်ခြင်း ပီတီလေးက ဘာနဲ့မှကိုမတူပါဘူး

ကိုယ့်ရဲ့အောင်မြင်ခြင်းဆိုတာ အများက
အသိအမှတ်ပြုတာ မပြုတာက အရေးမကြီးပါဘူး
ကိုယ်တိုင်က ကျေနပ် ပျော်ရွှင်တယ်ဆိုရင်
ဒါဟာ တကယ့်အောင်မြင်ခြင်းပါဘဲ
ကိုယ့်ရဲ့ကြိုးစားမှုက တကယ်ကို ထိုက်တန်တဲ့
အသီးအပွင့်ကို ရရှိတယ်ဆိုတာ
လိပ်ပြာလုံဖို့ဘဲလိုတယ်လေ
အမြင်မတူတာတွေကို တူညီအောင်
လိုက်ညှိနေလို့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်တယ်
လိုအပ်တာက သင့်ကိုယ်သင် လေးစားမှု
အပျက်ယွင်းစေပါနဲ့
@mm7
photo-google image

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89