ခွင့်လွှတ်ပေးလိုက်ရမှာပါ

in #busy5 years ago

arguing-1296392__340.png

သူမ သေချာစွာ တွေးကြည့်နေမိပါလေသည် အချစ်ဆိုတာ တစ်ဝက်စီ ခွဲ ပြီး လူနှစ်ယောက်ကို ပေးလို့ရသ လား အဲ့သလိုပေးချင်မိနေပြီလား
လူတစ်ကိုယ်မှာ အချစ်စိတ် မှာ နှစ်ခုဒါမှမဟုတ်ရင်လည်း သုံးခုများ ရှိလေသလား ဒါလည်း တွေးစရာပါဘဲ
ဒီလိုအခြေအနေတွေကို မေသီသည် အရူးစိတ်ကူး ပမာ အဆီအငေါ်မတည့်စွာ စိတ်ရူးပေါက်ပြီးတော့ တွေးနေမိပါသည်
စိတ် ထဲမှာ ထပ်တလဲလဲ မေးနေမိလေ သည် ဒီအတွေးများလို အပြင်မှာ တကယ်ဖြစ်နေကြတာလား
မေသီသည် မျက်ရည်များ ဝဲလာလျက်က တစ်ကိုယ်တည်း မဲ့ပြုံး ပြုံးမိလိုက်ပါလေသည်။ ဒါပေမယ့် သို့သော် ဘယ်သူ့ ကို ပြုံးမိမှန်း သူ့ဘာသာ သူမသိ။
ကိုတင်အေးကိုဖြင့် မမုန်းရက်နိုငပါဘူး သူ့ကိုမမုန်းပါဘူး အမှန်မှာ ကိုတင်အေး၏အမူ အရာ၊ အပြောအဆို၊ အသွေးအ သွင်တို့သည် သူ့အသည်းကို
စိုးမိုး နိုင်နင်းနေပေပြီလေ သူကအနိုင်ယူလို့ ရက်စက်ပါပေ့ ကိုတင်အေးရယ်ဟု သူ ငိုရှိုက်မိ သည့်တိုင်အောင် ကိုတင်အေး မနက်တိုင်း သူ့ဆီလာသည်ကို
သတိရမိသေးသည်သူကတော့သတိရလိမ့်မည်မဟုတ်ပါဘူး ချစ်ရိပ်လျှံ နေသည့် သူ့မျက်နှာကို မြင်မိ သည်ဘယ်လိုမှ မေ့လိုက်လို့မရပါ
အမှန်တကယ်ဘဲမေသီ မဲ့ပြုံးပြုံးသည်မှာ လောကကိုဖြစ်သည်နောက်လေကသစ်တစ်ခုမွေးဖွားလာသလိုပါဘဲ
ဟုတ်ပါသည် ဤလောက သည် အူချာလည်အောင် ရူးသွပ် နေပေသည်သူ့အတွက် လှပခြင်းကင်းနေသည် ပုထုဇနော ဥမ္မတ္တ
ကောတို့သည် ချစ်မှု၊ ကြိုက်မှု၊ သွားမှု၊ လာမှု၊ နေမှု၊ ထိုင်မှုတို့ ဖြင့် တစ်သက်တာလုံး ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြသည်ဘယ်လိုရှောပုန်းရမလဲ
သို့သော် ဘယ်သူတွေ ဘယ်လိုဖြစ်၍ ပျက် ကြသော်လည်း လောကအရှုပ်အ ထွေးများအနောက်တွင်မူ ခွင့် လွှတ်ခြင်းကသာ
အရာရာကို ပြီး ဆုံးနိုင်ရတော့၏ဒါကိုသဘောပေါက်လိုက်ပါသည် လောက၏အ ဖြစ်အပျက် ပွေလီလီတို့ကို သုံး သပ်မိလေလေ ဘာကိုမဆို ခွင့်လွှတ်နိုင်လေလေ
ဖြစ်တော့သည်သူ့ကို ခွင့်လွှတ်ပေးလိုက်ရတော့မည်လေ ဒါမှသာ နှစ်ဦးသား စိတ်လက်ချမ်းသာကြပေတော့မည် ခက်နေသည်ကား
အဖြစ်အပျက်တွေကို မေ့လိုက်လို့ မရသေးခြင်းပင်ဖြစ်ပါလေသည်။
@nightgirl
photo-google image

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76