ပြီးပြည့်စုံခြင်း

in #busy6 years ago

အလုံးစုံပြီးပြည့်စုံတယ်ဆိုတာဟာ တကယ်တမ်းဆန်းစစ်ကြည့်ရင် စကားအဖြစ်သာရှိတာပါ ။ ဘယ်လောက်ဖဲ ပြည့်စုံကြွယ်ဝနေလဲ အဲ့ဒီလူအဖို့ မှာကား " ငါတော့ ပြည့်စုံသွားပြီ ဘဝမှာဘာမှမလိုတော့အောင် ပြည့်စုံသွားပြီ " လို့  သူတွေးပြီး ရပ်တန့်နေမှာမဟုတ်ပါဘူး ။

သူ့ ရဲ့ပြည့်စုံကြွယ်ဝခြင်းတွေကို နောက်ထပ်ဘယ်လိုထပ်ပြီး တိုးလာအောင် များလာအောင် သူလုပ်ရမလဲဆိုတဲ့ အတွေးနဲ့သာ သူဆက်လက်ရုန်းကန်နေအုံးမှာပါ ။ သူဟာ တယောက်ထဲ အမျိုးမရှိခဲ့ရင်တောင် သူ့ ပစ္စည်းပြည့်စုံကြွယ်ဝခြင်းတွေကို ဘယ်လိုလှူဒါန်းခဲ့မယ် ။ ဘယ်ဘဏ်ထဲမှာသူထည့်ပြီး ရလာတဲ့အတိုးတွေကို သူဘယ်နေရာတွေအတွက် လှူဒါန်းရမယ်ဆိုပြီး အစီအစဉ်တွေဆွဲပြီး သူ့ အလုပ်ကိုဆက်လက်တိုးပွားအောင် လုပ်ကိုင်နေမှာပါ ။ ဒါဟာ ဆွေမျိုးမရှိတဲ့ ကြွယ်ဝချမ်းသာသူရဲ့ ယေဘူယျအတွေးပေါ့ဗျာ ။ အတိအကျပြောဘို့ ဆိုတာကတော့ သူ့ စိတ်ထဲ ကျနော်ဝင်ကြည့်လို့ မှမဖြစ်နိုင်တာ 90% ခန့် မှန်းပေါ့ ။

FB_IMG_1514312838483.jpg

ဆွေမျိုးမိသားစုရှိတဲ့ ကြွယ်ဝသူတွေကျတော့ ပိုဆိုးပြီပေါ့ ။ ငါ့သားအတွက် ငါ့သမီးအတွက် ငါ့မြေး ငါ့မြစ်အတွက်စသည်ဖြင့် နောက်ဆုံး ဆယ်ဝမ်းကွဲအမျိုးတွေထိ သူ့ ရဲ့ပေးကမ်းချင်တဲ့စိတ်တွေက ပါလာတော့မှာပါ ။ ဒီလိုတွေးလေလေ သူ့ ရဲ့လက်ရှိအလုပ်တွေနဲ့ ကြွယ်ဝမှုတွေကို တဖက်တလမ်းက အရင်းအနှီးတွေထုတ်ပြီး ဆက်လက်လုပ်ကိုင်ရှာဖွေနေအုံးမှာပါဘဲ ။
ဒါကြောင့်များသောအားဖြင့်သော သာမန်လူတို့ ၌ ထာဝရအတွက် အလုံးစုံပြီးပြည့်စုံသွားခြင်းဆိုသည်မှာ မရှိနိုင်ပါ ။

FB_IMG_1514458258981.jpg

all photos credit # facebook

@paingheinkyaw

Sort:  

Congratulations @paingheinkyaw, this post is the eighth most rewarded post (based on pending payouts) in the last 12 hours written by a Newbie account holder (accounts that hold between 0.01 and 0.1 Mega Vests). The total number of posts by newbie account holders during this period was 4295 and the total pending payments to posts in this category was $2539.89. To see the full list of highest paid posts across all accounts categories, click here.

If you do not wish to receive these messages in future, please reply stop to this comment.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85