တူညီမှုမရှိနိုင်တာ

in #busy6 years ago

bobo (15).jpg

အရာအားလုံးမှာ တူညီမှုမရှိနိုင်တာ သဘာဝပါ
အမြင်တွေကတော့ တူညီမည်မဟုတ်ပါ
မိမိစိတ်ကို မိမိအားပေးရမည်သာဖြစ်လေသည်။ အောင်မြင်မှု ပုံရိပ်များကိုသာ ပြန်လှန်ကြည့်ရှုရပါမည်။
ဘ၀တွင် ချမ်းသာသုခ မခံစားရသူ မိမိအလုပ်အကိုင် မိမိဘ၀အခြေအနေတို့အတွက် အမြဲစိတ်ပျက်နေ
တက်သူတို့မှာ မိမိအတွင်းစိတ်တွင် ဗွီဒီယိုတိပ်ခွေထဲမှ မိမိရဲ့ မအောင်မြင်မှုတွေ ဆုံးရှုံးနစ်နာမှုတွေ
အရှက်တကွဲ အကျိုးနည်းဖြစ်ရမှု စသည့်ဆိုးရွားသည့်အပိုင်း အပျက်ဘက် အဆိုးဘက်အပိုင်းများကို
သာ အဖန်ဖန်ပြန်လှန် ကြည့်ရှုနေမိလေတော့သည်။
မိမိရဲ့ လက်ရှီအလုပ်အကိုင် လက်ရှိဘ၀တွင် အကောင်းကိုမြင်ကာေ၇ှ့အလားအလာကောင်းများကို
မျှော်ကာ ကျေနပ်အားရစိတ် ရှိကြသူတို့ကား စိတ်အတွင်း တိပ်ခွေတွင် အကောင်းပိုင်း အောင်မြင်မှု
ပိုင်း ချီးကျူးပြောဆိုခံရသည့် အပိုင်းတို့ကိုသာ သတိတရ ပြန်လည် ရျုမြင်မိတက်သည့် အလေ့အထရှိ
တက်ကြလေသည်။
သည်လူမျိုးတို့သည် ပြသနာများ အခက်အခဲများ အနှောင့်အယှက် အဟန့်အတားများကြုံရသည့်အခါတွင်
သူတို့သည် မအောင်မြင်မှာကို တွေးပြီး စိတ်ပျက်အားငယ်မနေ တစ်ချိန်က အလားတူလုပ်ငန်းမျိုး
အနေအထားမျိုးတွင် မိမိအောင်မြင်ခဲ့ပုံများကိုသာ ပြန်လည် တွေးတော မြင်ယောင်ကာ ယင်းအတိတ်အာရုံ
ပုံရိပ်က သွင်းပေး ဖြည့်ပေးသည့် စိတ်ဓာတ်အင်အားများအားဖြင့် အခက်အခဲကို ကျော်လွှားနိုင်ကြပေသည်။
ယင်းသို့ ကျော်လွှားအောင်မြင်ပြီး ပြီဆိုသည့်အခါတွင် အောင်မြင်မှုအပေါ် သင့်တင့်ထိုက်တန်စွာ ကြည်နူး
ခံစားခြင်း မိမိကိုယ်ကို ချီးကျူးစကားဆိုခြင်းတို့သည်။ ပြုသင့်သောအရာများဖြစ်လေသည်။ ယင်းသို့
ပြုခြင်းဖြင့် မိမိကိုယ်ကို လေးစားအားထားစိတ် ပိုမိုတိုးတက်လာစေပြီး စိတ်တွင်း ဗွီဒီယိုတိပ်ခွေတွင်
လည်း မိမိကိုယ်တိုင် နှင့်ပါတ်သက်သည့် အပြုဘက် အကောင်းဘက် အာရုံပုံရိပ်များ ပိုပြီး ထင်ရှား
ပီပြင်စေမည် ဖြစ်ပါလေသည်။
သင့်ဘ၀တစ်လျှောက် ဖြတ်သန်းလာ၇ာ လမ်းတစ်လျှောက်တွင် လက်တွေ့ကျင့်သုံးနိုင်တာတွေကို
လည်း ကျင့်သုံးအပ်ပါသည်။ သူတစ်ပါးတို့အား မိမိကိုယ်တိုင်နှင့် စပ်လျှဉ်း ပြီး ပြောဆိုရာတွင်
သေးသိမ်နိမ့်ကျစေသည့် စကားမျိုါ် မိမိရဲ့ အရည်အချင်း အစွမ်းအစတို့ကို ချိုးနှိမ်ရာကျရောက်စေ
သော စကားမျိုးကို မပြောဆို မသုံးနှုန်းသင့်ပါဘူး
အကြောင်းကတော့ ပညတ်သွားရာဓာတ်သက်ပါ ဆိုသည့်အတိုင်း လူရှေ့ သူရှေ့တွင် မိမိကိုယ်ကို
အလကားကောင်ဟု သုံးနှုန်းခြင်း မျိုးသည် မိမိစိတ်ထဲတွင် ပါ ငါသည် အလကားကောင်ဟု
သုံးနုန်းခြင်းမျိုးသည် မိမိစိတ်တွင် တကယ်ကို အလကားကောင်တစ်ယောက်ုဟု ထင်မြင်မိစေနိုင်ပါ
လေသည်။ ဒါကြောင့် စကားပြောဆိုရာတွင်လည်း အစအနောက် အပျော်အပျက်များပြောခြင်းကို
မလွန်စေသင့်ပါဘူး။
@sevenyear7
photo-google image

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17