Drugwars effective battle

in #community5 years ago

မနေ့ကရေးခဲ့တဲ့ ပိုစ့်ကို ဖတ်ပြီးပြီ လို့ထင်ပါတယ်။ ဒီနေ့ကတော့ အဲဒိအကြောင်းပဲ ဆက်ရေးမှာ ဖြစ်ပါတယ်။ Battle တွေရဲ့ သဘောတရားကို နားလည်လာတဲ့အခါမှာ ကိုယ့်ဘက် က ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ဘယ်လို တိုက်ရမလဲ ဆိုတာကိုပါ သဘောပေါက်လာပါတယ်။ တစ်ကယ်ဆိုရင် corporative လုပ်ပြီး တိုက်မယ်ဆိုရင် ဘယ်သူ့ကို မဆို နိုင်အောင် တိုက်နိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သူတို့က ပြန်တိုက်လာမှာ ကိုလဲ ကြောက်ရပါသေးတယ်။

Battle တွေက တိုက်တဲ့သူဘက်က အရမ်းသာပါတယ်။ ကိုယ့်စိတ်ကြိုက်ယူနစ်ကို သုံးပြီး တိုက်လို့ရတာ ဖြစ်ပါတယ်။ ခံရတဲ့သူဘက်ကတော့ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ အဓိက အချက်ကတော့ အတိုက်ခံရတဲ့သူရဲ့ စစ်သားတွေကို ပြုန်းတီသွားအောင် လုပ်ဆောင်တာပါပဲ။

သူများကို တိုက်လို့ နိုင်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်ဘက်က ဆုံးရှုံးမှုနည်းအောင် ဘယ်လို တိုက်ရမလဲ ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ကိုယ့်ဘက်က လူနည်းနည်းပဲ ပေးရပြီးတော့ သူ့ဘက်က လူတွေအများကြီးပေးရရင် ကုန်ကြမ်းတွေရဲ့ တန်ဖိုးနဲ့ တွက်ရင်တောင် ကိုယ့်အတွက် အများကြီးကျန်ပါတယ်။ ပြီးတော့ နောက်တစ်ခါ တိုက်ဖို့အတွက် အသင့်ပြင်ထားလို့ရပါတယ်။

အပေါ်က ပုံမှာ ပြထားတာက ဒီနေ့ တိုက်မည့် ပစ်မှတ်ပါ။ ရလာမည့် ကုန်ကြမ်းတွေက သိပ်တော့မ များပါဘူး။ ဒါဆိုရင် တိုက်ရတာရော တန်ရဲ့လား ဆိုတာ စဉ်းစားစရာပါ။ သူ့အင်အားက မနည်းပါဘူး။ သူ ဘယ်လောက် ကုန်ကြမ်းတွေ သုံးထားသလဲ ဆိုတာ တွက်ကြည့်လို့ရပါတယ်။

Unit NameNo of unitsDrugs per unitAlcohol per unitsTotal drugTotal Alcohol
Big_mama49 K12 K36 K48 K
Bouncer431.4 K1.3 K60.2 K55.9 K
Gunman23.6 K3.2 K7.2 K6.4 K
Rowdy860004.8 K0
Total108.2 K110.3 K

သူ အတော်ကို ရင်ပြီးထုတ်ထားရတာပါ။ ကျွန်တော်ကတော့ နောက် ထပ် ၆ နာရီပြည့်လို့ shield ပျက်တဲ့ အချိန်ကို စောင့်ပြီး တိုက်ချင်တာပါ။ ဒါကြောင့် အခုအချိန်မှာ သူ့ကို တိုက်ထားတာပါ။ ကျွန်တော့်အနေနဲ့ သူ့ကို တိုက်ရတာ အကျိုးအမြတ်ရော ရှိရဲ့လား။ သူ တပ်ဖွဲ့တွေကုန်သလောက်ပါ ကျွန်တော့် တပ်ဖွဲ့တွေကုန်မယ်ဆိုရင် ၁၀ ဆလောက် ရှုံးနေပါပြီ။ ရတာက 10 K လောက်ရယ် ကုန်မှာက 100K ဆိုတော့ အတော်ကို ရှုံးနေပြီပေါ့။ ဘယ်လိုဖြစ်လာမလဲ ဆိုတာ အောက်မှာ ဆက်ကြည့်ကြပါစို့။

အဖြေကတော့ အပေါ်ကပုံမှာ ပြထားသလို ထွက်လာပါတယ်။ ကျွန်တော့်ဘက်ကတော့ နည်းနည်ပဲ ကုန်ပါတယ်။ သူ့ဘက်ကတော့ အကုန်ကုန်သွားပါတယ်။ ရတာကလဲ သိပ်မရလှဘူး။ ကျွန်တော်မြတ်လားရှုံးလားဆိုတာအောက်မှာ ကြည့်လို့ရပါတယ်။

Unit NameNo of unitsDrugs per unitAlcohol per unitsTotal drugTotal Alcohol
Rowdy960005.4 K0
Bouncer11.4 K1.3 K1.41.3
Knifer13 K8003 K800
Total9.8 K 2.1 K

အဖြေကတော့ ရှုံးပါတယ်။ ဒါပေမဲ့ သူ့ရဲ့တပ်ဖွဲ့တွေကုန်သွားတယ်။ နောက်တစ်ကြီမ် shield ပြုတ်တဲ့ အချိန်မှာ တိုက်ဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကိုယ်ကြိုက်တဲ့ အကောင်တဲ့ တိုက်လို့ရမှာ ဖြစ်ပါတယ်။( မျှော်လင့်ထားတာပါ) နောက် ၆ နာရီအတွင်းမှာ ပြန်မဝင်ကြည့်လောက်ဖူးထင်ပါတယ်။ သူ့တပ်ဖွဲ့တွေလဲ ထားထားတယ်ဆိုတော့ စိတ်ချနေမယ်လို့ ယူဆရပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=57
Sort:  

နောက် ၆နာရီမှာ သူကလည်း ဝင်မကြည့်
အခြားလူကလည်း လက်မဦးရင်တော့ မြတ်ပြီပေါ့။

Posted using Partiko Android

၆ နာရီ ပြည့်သွားတော့ ဘာဆက်ဖြစ်သေးလဲ ဘဒို

ကျွန်တော်မတိုက်လိုက်ရဘူး ဘရို။ သူများဦးသွားတယ်။ အခုမှ တိုက်ထားတယ်။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76