Steemmonsters သို့ တစ်ကျော့ပြန်ခရီး

in #community5 years ago

Steemmonsters မကစားဖြစ်တာတောင် အတော်ကြာနေပြီ။ ဒီနေ့မှ ပဲ ဝင်ကြည့်ဖြစ်တယ်။ လိဂ်ကတော့ ဘရောင်း ၁ ကနေ ပြစရမှာ ဖြစ်ပါတယ်။ ရာသီကုန်သွားရင်တော့ Reward ကဒ် ကိုးခုရမှာ ဖြစ်ပါတယ်။

လက်ထဲမှာကလဲ ကဒ်တွေ သိပ်မရှိတော့ပါဘူး။ အသက် ကဒ်တွေပဲ ရှိပါတော့တယ်။ ကစားရမှာလဲ အရင်လို စိတ်အားထက်သန်မှု မရှိတော့ပါဘူး။ သူက တိုက်ရိုက် စတင်းမရပဲနဲ့ ကဒ်တွေကို ရောင်းမှ ပိုက်ဆံရတာဆိုတော့ သိပ်မလွယ်လှပါဘူး။ မိမိလက်ထဲမှာ ကဒ်တွေ ပိုက်မိနေမှာလဲ စိုးရပါသေးတယ်။ ဒီအတွက်ကြောင့် စောစောစီးစီး ရောင်းထုတ်ပစ်လိုက်တာပါ။ တစ်ကယ်လို့ ကဒ်တွေကို သတ်မှတ်ထားတဲ့ ဈေးတစ်ခုနဲ့ ပြန်ဝယ်ပေးမယ်ဆိုရင်တောင်မှ ဆက်ကစားဖြစ်မယ်ထင်ပါတယ်။

ပြိုင်ပွဲတွေကတော့ ဝင်မပြိုင်ဖြစ်တော့ပါဘူး။ ကိုယ့်လက်ထဲမှာ ကဒ်တွေက မစုံတော့တဲ့အတွက် ဝင်ပြိုင်လဲ နိုင်မှာ မဟုတ်ပါဘူး။ ရှိတဲ့ ကဒ်တွေကို ရောင်းထုတ်ပစ်ဖို့ပဲ စဉ်းစားရပါတော့မယ်။ ရသမျှဈေးနဲ့ ရောင်းထုတ်ပစ်လိုက်ပြီး နောက်အသစ်လာမည့် ဂိမ်းတစ်ခုအတွက် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

အသစ်လာမည့်ဂိမ်းကတော့ သေသေချာချာ ပြင်ဆင်ပြီးမှ စတင်မယ်လို့ သိရပါတယ်။ အဲဒီဂိမ်းအကြောင်းတော့ သိပ်မသိရသေးပါဘူး။ Ogame နဲ့ တူတယ်လို့တော့ ပြောကြပါတယ်။ Ogame အကြောင်းကို အရင်လေ့လာရမယ် ထင်ပါတယ်။ ဒီနေရာမှာလဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်ထင်ပါတယ်။ ရင်းရမယ့် Steem ပမာဏကလဲ များပါတယ်။ Steemmonsters တုန်းက အ​ခြေအနေကောင်းပေမဲ့ လုပ်တာနောက်ကျတဲ့သူတွေက သိပ်အဆင်မပြေပါဘူး။ Dw မှာကတော့ လုပ်တဲ့သူများပေမယ့် များများရင်းတဲ့သူတွေကတော့ အရင်းရဖို့ ခက်နေတုန်းပါပဲ။

Dw ကအချိန်ပိုပေးရပေမဲ့ ရတဲ့ အကျိုးအမြတ်ကလဲ ပိုများပါတယ်။ SM ကတော့ ကိုယ့်ဆီမှာ ရှိတဲ့ ကဒ်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်ဘယ်လောက်တော်တော် ကဒ်တွေက ကွာလွန်းနေရင်လဲ တိုက်လို့မရပါဘူး။ Steem ဂိမ်းတွေရဲ့ အားနည်းချက်တော့ ဘာမှ အဆင်သင့် မဖြစ်သေးခင် စတင်တာပါပဲ။ အဲဒီတော့ လူတွေက ဘာလုပ်ရမှန်းမသိပဲ ဖြစ်ကုန်ကြပါတယ်။ ကောင်းတဲ့အချက်ကတော့ ဘာဂိမ်းပဲ ကစားကစား အပ်ဗုတ်ရနိုင်တဲ့အတွက် ကုန်ကျစရိတ်ကို ပြန်ကာမိပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=163
Sort:  

Drug ထုတ်တာ အားရပြီလား

Posted using Partiko Android

အားမရသေးပါဘူးဗျာ။ Too 100 ထဲဝင်ရင် တော်ပါပြီ။

I am an automatic upvote bot, only for #steemmonsters, #steemmonster. If i liked your post, you will get an upvote. Only for Steemmonsters. Once a day, i published the posts, that have recieved an upvote.

အင်း ကျွန်တော်လည်း ရသလောက် ရောင်းပလိုက်မှ ပဲ SM တွေ ဒါမှ အရင်း ထွက်လာမယ်

Posted using Partiko Android

တဖက်ကိုတော့ လွှတ်မှရမယ် ဘရို။ ဘရိုကတော့ အခြေအနေကြည့်လိုက်ပါဦး။SM ဆီကလဲ အပ်ဗုတ်ရနေတာပဲလေ

မရတော့ဘူး ဘဒို လက်လွန်ထားပြီးပြီ။ စတင်းတွေရတော့မှ လိုအပ်တဲ့ ကဒ်လေးတွေ ပြန်ဝယ်ပြီး ကစားတော့မယ်။ :)

Posted using Partiko Android

sm ကတော့ နေ့တိုင်း quest လုပ်ဖြစ်ပါတယ် အက်ဗုတ်ရဖို့အတွက်က အဓိကဖြစ်နေတယ် ရတဲ့ကဒ်တွေကတော့ အရင်လိုမကောင်းတော့ဘူး ဈေးကလဲမရဘူးဖြစ်နေတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02