ခြောက် ခြောက် ကပ် ကပ် (@aggamun)

in #eng5 years ago

စတင်း အင်ဂျင်မှာလည်း ခုတလော ဈေးတွေက ထိုးကျနေပါတယ်။ ဘာလုပ်လုပ် အရောင်းအဝယ် ကောင်းသည်မရှိပါ။ အားလုံး လိုလို အနှုတ် လက္ခဏာ ဆောင်နေကြပါတယ်။ ဘယ်နေရာ ကြည့်ကြည့် ခြောက်ကပ်ကပ် နိုင်လွန်းနေပါတယ်။

ခြောက်ကပ်ကပ် မနိုင်တာ တစ်ခုတော့ရှိပါတယ်။ အဲဒါက တော့ စတင်းအင်ဂျင်က stake လုပ်ထားတဲ့ token တွေ က reward တွေ ပြန်ရနေတာကတော့ မဆိုးဘူးလို့ ဆိုရပါ့မယ်။ ကျွန်တော်က တော့ ဆရာသမား များလို ကိန်းဂဏန်း ကြီးကြီး ကို stake မလုပ်နိုင်ပါ။

ရှိသမျှလေး ခြစ်ခြုတ်ပြီး ရသလောက်သာ stake လုပ်ထားပါတယ်။ ဒါကြောင့် reward ပြန်ရတော့လည်း ပြားစွန်းလေး လောက်ပေါ့ဗျာ။ ရတဲ့ပြားစွန်းလည်း အလကား မနေရပါဘူး။ ထပ်မံ stake လုပ်ပါတယ်။ ဒါကြောင့် reward တစ်ခါ claim ပြီးဆို နည်းနည်း တော့ အလုပ်ရှုပ်ပါတယ်။

reward တွေ claim လိုက် ပြီးတော့ stake လုပ်လိုက် market အနေအထား လေး show လိုက် buy လိုက် sell လိုက် order တင်လိုက် cancel လိုက်နဲ့ ကို keychain တွေနဲ့ အလုပ်ရှုပ်ရပါကြောင်း ဗျို့။ ဒီအချိန် လေးတော့ ခြောက်ကပ်ချိန် မရပါဘူးဗျာ။ keychain တွေ copy/paste မမှားအောင် ဂရုစိုက်နေရတယ် မလား။

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=110

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39