ဆုတောင်း (@aggamun)

in #esteem5 years ago

မိုးရာသီ ရောက်ပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင်ငံက အရင်လို စိတ်အေး လက်အေး နေလို့ရတဲ့ အခြေအနေ မဟုတ်တော့ပါ။ ကျွန်တော် သိသလောက်တော် နာဂစ် ဖြစ်ပြီးတော့ တစ်နှစ်မှ စိတ်အေးရတဲ့ နှစ် မဖြစ်ခဲ့ပါ။ ဒီတစ်နှစ်တော့ ဘယ်မြို့ ဘယ်တိုင်းမှာ ရေကြီး ရေမြှုပ်လေ ပြီ ဟူသော သတင်းများ နှစ်တိုင်းလိုလို ကြားလာရတော့ သည်။ မိမိနှင့် တိုက်ရိုက် မသက်ဆိုင် သေးသော်လည်း ကြားရတဲ့ သတင်းက စိတ်မချမ်း မြေ့စရာ ပင်။

kpzpreeeq7.jpg
source

ရုပ်သံ တွေထဲ မြင်ရကြားရ သည့် အနေအထား တွေက အတော်လေး နာကျင်စရာ ကောင်းလှသည်။ ငယ်ငယ်က တော့ မိုးများလို့ ရေပါတာလောက်ပဲ သိပါတယ်။ အခုတော့ ရေကြီးခြင်း ဖြစ်စဉ်များကို အတော်အသင့် သိရှိပြီး အမှား အမှန်တွေ လည်း သိမြင် နားလည်ခဲ့ပါပြီ။ အခုလို သိလာ ပြန်တော့လည်း မဆီမဆိုင် ခံစားနေရသူများ နှင့်အတူ ဒေါသလည်း ထွက်မိပေမယ့် ခုချိန်မှာက လက်တလော ဒုက္ခကို အဆင်ပြေမယ့် နည်းလမ်း တွေ အကူအညီတွေက ပို အရေးကြီးနေသည်။ social ပေါ်မှာတော့ #savethemyanmar , #saveramanya စသဖြင့် လှုပ်ရှားမှုတွေကို တော့ မြင်တွေ့နေရပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူ အပေါင်းကလည်း တတ်စွမ်း သမျှ လှူဒါန်း ပေးကမ်း နေကြတာလည်း တက်ညီလက်ညီ ရှိပါတယ်။ တစ်နိုင်ငံလုံး ရေဘေးက အမြန်ဆုံး ကင်းဝေး ကြပါစေ ဗျာ။

Written by @aggamun

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28