(၃)ဆေးကုလားမ - လျှော်ဖြူ ပင်

in #esteem6 years ago

image

မြန်မာနိုင်ငံ၌ လျှော်ဖြူစေးခွာယူ ရောင်းချခြင်းလုပ်ငန်းသည် တောတောင် များအနီးရှိ ကျေးလက်ဒေသခံများ၏ စား ၀တ်နေရေးအတွက်လည်းကောင်း၊ အပိုဝင်ငွေရရှိရေးအတွက်လည်းကောင်း လွန်ခဲ့ သောဆယ်စုနှစ်များမှစတင်၍ ယနေ့အချိန် ထိ နေ့စဉ်လုပ်ကိုင်နေကြသော လုပ်ငန်း တစ်ခုဖြစ်ပါသည်။

image

သို့သော်လည်း ယခု အခါ သစ်တောများပြုန်းတီးခြင်းနှင့်အတူ သဘာဝလျှော်ဖြူပင်များလည်း တဖြည်း ဖြည်း မျိုးတုန်းရှားပါးလာသဖြင့် အစေး ထုတ်ယူရရှိနိုင်မှုလျော့နည်းလာရာ အချို့ ဒေသခံများသည် နေအိမ်ခြံစည်းရိုးများတွင် လည်းကောင်း၊ ယာခင်းစည်းရိုးများတွင် လည်းကောင်း စမ်းသပ်စိုက်ပျိုးကြည့်ရာ တွင် အောင်မြင်ဖြစ်ထွန်းပြီး အစေးရရှိမှု ကောင်းမွန်သဖြင့် စိုက်ပျိုးလျှင် အကျိုး ရရှိကြောင်း လက်တွေ့သိမြင်လာကြသည်။

image

မြန်မာလျှော်ဖြူစေး၏ ပြည်တွင်းပြည်ပ ဈေးကွက်နှင့် ၀ယ်လိုအားသည် နှစ်စဉ် ပုံမှန်ရှိနေသဖြင့် ယခုအခါ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများနှင့် အချို့လုပ်ငန်းရှင်များ သည် စီးပွားဖြစ်လျှော်ဖြူပင် စိုက်ခင်းများ ကို စတင်တည်ထောင်စိုက်ပျိုးလျှက်ရှိပါ သည်။

Cd #original/ photo #Google

ကျေးဇူးတင်ပါသည်။

Sort:  

This post has received a 1.25 % upvote from @drotto thanks to: @aungyi.

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11