တခါတလေ

in #esteem6 years ago

တစ်ခါတစ်လေ
တစ်ချို့မှားယွင်းမှုတွေ
ဖြစ်တည်လာမှုက ထူးဆန်းတယ် ။

အရာအားလုံးက
သေချာတယ် မလွဲတော့ဘူး
တည်ဆောက်ထားလို့
ခိုင်မာသွားပြီ
ဘယ်အရာတွေကမှ
နှောက်ယှက်လို့မရနိုင်တော့ဘူး
မဖျက်ဆီးနိုင်ဘူးလို့
ထင်လိုက်မိတဲ့အခါမှ
ပြိုကွဲသွားတယ်
ပျက်စီးသွားတယ်…

တစ်ချို့အရာတွေအပေါ်ကို
ယုံကြည်မှုတွေလွန်ကဲလွန်းမိတဲ့အခါ
စိတ်ချလက်ချ နဲ့တစ်ခြားအားနည်းတဲ့ဘက်ကို
မျက်နှာမှု လိုက်ပြီး ဖာထေးဖို့
ကြိုးစားနေချိန်မှ
အဲ့ဒီ ယုံကြည်ထားတဲ့အရာတွေက
ဖောက်ပြန်ကြတာပဲ ။

ထင်မှတ်မထားလောက်အောင်ကို
အံ့သြ ထူးဆန်းစွာဖြင့်
ဖြစ်တည်ပြီး ဖောက်ပြန်ကြတာ။
ဟုတ်ကောဟုတ်ပါ့ မလားဆိုတဲ့
အတွေးတွေ နဲ့ပြန်ဆန်းစစ်ပြီး
ဆွံ့အ သွားနိုင်တဲ့
ဖြစ်စဉ်တွေနဲ့ ပြည့်နက်နေတုန်းပဲ ။

ဘာကြောင့်လည်းဆိုတာကိုလည်း
စဉ်းစားလို့မရ
အဖြေကိုရှာကြည့်တော့လည်း
ဇဝေဇဝါ နဲ့
သူ့ဘက်ကပဲ မှားသလိုလို
ကိုယ့်ဘက်ကပဲမှားသလိုလို
ဝေခွဲမရ တဲ့ အခြေအနေတွေကြားမှာ
ကိုယ့်ပဲ မှားတာပါ လေ
ဆိုတဲ့ အတွေးနဲ့ မိမိအမှားတစ်ခုလို့သာ
သတ်မှတ်လိုက်ရပြန်ကော ။

ဆိုးတာတစ်ခုက
ကိုယ်ယုံကြည်ပြီး ပေးဆပ်ထားတဲ့
အရာတွေက ဘဝ မှာ
ရှိသမျှ ပိုင်ဆိုင်သမျှ
အရာအားလုံးနီးပါးအထိ
ဖြစ်နေတော့
အတော်ကိုဝမ်းနည်းဖို့ကောင်းတာပါပဲ ။

ဒီလိုပါပဲလေ
ဖြစ်တတ်ပါတယ်
တစ်ချို့ အရာတွေက
မှတ်မှတ်ရရ သတိထားမှပဲ
မှားယွင်းကြသလို
တစ်ချို့အရာတွေကြတော့လည်း
ထင်မှတ်မထားတဲ့ အရာတွေကနေ
မှားယွင်းဆုံးရှုံးမှုတွေ ရှိတတ်ကြပါတယ် ။
image

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 69796.92
ETH 3521.66
USDT 1.00
SBD 4.70