အရူးတစ်​​ယောက်

in #esteem6 years ago

ရိုးစင်းပါတယ်​...
ပြီး​တော့ ရိုးရှင်းပါတယ်​...

အမြဲတမ်းလိုလိုနဲ့ လူ​တွေ့တိုင်းနီးပါး ပြုံးပြ​နေတတ်​တဲ့ အိမ်​ကို မက်​​မောမှုမရှိ ၊ အစားအစာကို တွယ်​တာမှုမရှိ ၊အဝတ်​အစားအ​ပေါ် မက်​​မောမှုမရှိတဲ့ ရွာရိုးကိုး​ပေါက်​မှာ သူလုပ်​ချင်​ရာ လုပ်​​နေတတ်​တဲ့ လူတစ်​​ယောက်​ ..
သူက လူ့အသိုက်​အဝန်းထဲရှိ​နေပြီး လူ့အသိုင်းအဝိုင်းထဲ ဝင်​ဆံ့ခွင့်​မရတဲ့ လူတစ်​​ယောက်​..
သူက လူတိုင်းကို သွားဖြီး ပြုံးပြ​နေတတ်​​ပေမယ့်​ ညစ်​ပတ်​​ပေ​ရေပြီး ဆံပင်​​တွေလည်း ရှည်​​နေတဲ့ လူတစ်​​ယောက်​ပေါ့။
သူက အရူးတဲ့..လူ​တွေက သတ်​မှတ်​ထားတဲ့ အရူးဆိုတဲ့ လူ​ပေါ့...
အဲ့ဒီအရူးက အိတ်​တစ်​လုံးကို လွယ်​ပိုးပြီး ​တွေ့ကရာ အမှိုက်​​တွေကို လိုက်​​ကောက်​​နေခဲ့တယ်​။တစ်​ကိုယ်​လုံးကလည်း ဖုန်​​တွေ ​ကြေး​ညော်​​တွေနဲ့ အ​တော်​​လေးလည်း ရွံစရာ​ကောင်း​နေ​သေးတယ်​။ဒါ​ပေမယ့်​ လူ​တွေ့တိုင်း​တော့ ဝတ္တရား မပျက်​ ပြုံးပြ​နေခဲ့တာပဲ။ ဘယ်​သူကမှ​တော့ သူ့ကို ပြန်​မပြုံးပြကြဘူး​ပေါ့​လေ..။ပြုံးမပြတဲ့အပြင်​ ရွံ့ရှာစက်​ဆုပ်​တဲ့ အကြည့်​​တွေနဲ့လည်း ကြည့်​တတ်​ကြ​သေးတယ်​။
အရူးက​တော့ သူပြုံးစရာရှိတာ ပြုံးတယ်​။သူ​ပြောချင်​ရာကို ​ပြော​နေခဲ့တယ်​။ပြီး​တော့ သန့်​ရှင်းတယ်​ ညစ်​​ပေတယ်​ဆိုတာမျိုး ခံစားမ​နေပဲ အမှိုက်​​တွေကို လက်​ကြီးနဲ့ ပယ်​ပယ်​နယ်​နယ်​ ​ကောက်​​ကောက်​ပြီး သူ့​ပခုံး​ပေါ်မှာ လက်​တစ်​ဖက်​နဲ့ ချိတ်​ကိုင်​ထားတဲ့ အိတ်​ထဲ ထည့်​​နေတယ်​။အိတ်​ထဲက​နေလည်း အမှိုက်​​ပေါင်းစုံက အနံ့​ပေါင်းစုံထွက်​​နေ​ပေမယ့်​ သူက​တော့ ဂရုစိုက်​မိရဲ့လား​တောင်​ မသိဘူး။
အပြုံးမပျက်​ စကား​ပြောမပျက်​ အမှိုက်​​ကောက်​မပျက်​ပါပဲ...။
အဲ့ဒီအရူးဟာ ရွာရိုးကိုး​ပေါက်​မှာ အဲ့ဒီအတိုင်း ​လျှောက်​သွား​ပြီး အမှိုက်​​တွေလိုက်​​ကောက်​​နေတာကို လူအ​တော်​များများ ​တွေ့ကြရတယ်​။တချို့ကလည်း သာမန်​အကြည့်​နဲ့ ကြည့်​သွားကြတယ်​။ တချို့က​တော့ ​ကျေးဇူးတင်​တဲ့အကြည့်​နဲ့​ပေါ့..။ဒါ​ပေမယ့်​ အရူးက​တော့ အားလုံးကို သာတူညီမျှ အပြုံးနဲ့ပဲ ပြန်​တုန့်​ပြန်​​လေ့ရှိတယ်​.။

အဲ့ဒီလို​လျှောက်​သွား​နေရင်းနဲ့ပဲ လမ်းမရဲ့ အ​ဝေး တစ်​​နေရာမှာ ဇိမ်​ခံကား တစ်​စီး ​မောင်းနှင်​လာ​နေတယ်​။ အရူးက​လည်း သူ့အလုပ်​နဲ့သူ အမှိုက်​​ကောက်​နေတယ်​..။
ကားဟာ တဖြည်းဖြည်းနဲ့ အရူးအနားကို ​ရောက်​လာခဲ့တယ်​။ အရူးက ​လမ်း​ဘေးဖက်​ ​ရေနှုတ်​​မြောင်းထဲက ပလပ်​စတစ်​အိတ်​စုတ်​ကြီးကို မရအရ နှိုက်​ယူ​နေတယ်​။

ကား​ပေါ်မှာ​တော့ စိန်​လက်​စွပ်​ဝတ်​ထားတဲ့ ဘယ်​ဖက်​လက်​နဲ့ i phoneကိုကိုင်​ပြီး ဖုန်း​ပြော​နေတဲ့ အဝတ်​အစား ​တောက်​​တောက်​​ပြောင်​​ပြောင်​ ​နေကာမျက်​မှန်​တပ်​ထားတဲ့ လူတစ်​ယောက်​ ကား​ကို ခပ်​ဖြည်းဖြည်းမောင်းလာခဲ့တာ ဖြစ်​တယ်​။
ပြီး​တော့ သူက ဖုန်းထဲက​နေ သူ့သစ်​​တော ဧရိယာအ​ကြောင်းနဲ့ သူစိုက်​ထားတဲ့ သစ်​ပင်​​တွေရှင်​​နေပြီဖြစ်​​ကြောင်း အဲ့ဒီသစ်​ပင်​​တွေဟာ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်းမှုအတွက်​ ဘယ်​​လောက်​အကျိုး​ကျေးဇူး များပြား​ကြောင်းကို ​ပြောလာခဲ့တယ်​။
ပြီး​တော့ သူ့အလုပ်​သမား​တွေနဲ့ သဘာဝပတ်​ဝန်းကျင်​ သန့်​ရှင်းလှပ​ရေးကိုလည်း လုပ်​​ဆောင်​ဦးမှာ ဖြစ်​တယ်​ဆိုတဲ့အ​ကြောင်းကို ဖုန်းထဲက တစ်​ဖက်​လူနဲ့ စိတ်​ပါလက်​ပါ ​ပြော​နေခဲ့တယ်​။
သူ့စိတ်​ထဲက တက်​ကြွမှု​တွေဟာ သူ့မျက်​နှာ​ပေါ်မှာ ထင်​ဟပ်​လို့ သူ့မျက်​နှာဟာ အပြုံး​တွေနဲ့ ချိုအီ​နေတယ်​။
ဖုန်း​ပြောပြီး​တော့ သူက အာ ​ခြောက်​သွားဟန်​နဲ့​ရေသန့်​ဘူးထဲက ​ရေလက်​ကျန်​ကို အကုန်​​သောက်​ချလိုက်​ပြီး ​ရေသန့်​ဘူးခွံကို ကားပြတင်း​ပေါက်​က​နေ အပြင်​ဖက်​ကို လွှင့်​ပစ်​လိုက်​တယ်​။

အဖြစ်​အပျက်​အားလုံးကို မြင်​​တွေ့​ကြားသိလိုက်​တဲ့ အဲ့ဒီရပ်​ကွက်​ထဲက ဂစ်​တာတီး​နေတဲ့ ​ကောင်​လေးသုံး​ယောက်​ထဲက ဆံပင်​အဝါ​ရောင်​နဲ့ ​ကောင်​​လေးက တက်​​ခေါက်​တယ်​..ကားက မလှမ်းမကမ်းမှာပဲရှိ​သေးတာမို့ ကားဆီကို သွားဖို့ ​ခြေလှမ်းအထွက်​မှာ ​သူ့​နောက်​က သူငယ်​ချင်းနှစ်​​ယောက်​က ဖိချုပ်​ဆွဲထားလိုက်​တယ်​။
ဆံပင်​အဝါနဲ့ ​ကောင်​​လေးက အ​ဝေးကို ​ရောက်​သွားပြီဖြစ်​တဲ့ ကားကို မ​ကျေမနပ်​ တက်​​ခေါက်​ရင်း ဂစ်​တာကို ခပ်​ကြမ်းကြမ်းဆွဲယူလိုက်​တယ်​။

ကား​ပေါ်က လူကြီး ပစ်​ခဲ့တဲ့ ​ရေသန့်​ဘူးခွံက ​ကောင်​​လေး​တွေအ​ရှေ့​က ဖြတ်​​ကျော်​ပြီး ​ရေနှုတ်​​မြောင်းထဲက ​ရေနဲ့အတူ ​အောက်​ဖက်​ပိုင်းဆီကို ​မျှောသွားခဲ့တယ်​။

ရေနှုတ်​​မြောင်းရဲ့ ​အောက်​ဖက်​ပိုင်းမှာ အရူးက​တော့ ​သူ့​နောက်​​ကျောဖက်​က အရာအားလုံးကို ​ကျောခိုင်းလို့ ​ရေ​မြောင်းထဲက ပလပ်​စတစ်​အိတ်​​တွေကို သည်းသည်းမည်းမည်း ​ကောက်​ယူ​နေတုန်း.....


ဒီတစ်​ခါ ရပ်​ကွက်​ထဲက အလှူက အကြီးအကျယ်​ကြီး လုပ်​တာဖြစ်​တယ်​။တစ်​ရပ်​လုံးတစ်​ရွာလုံးက မီးခိုးတိတ်​ဖိတ်​ထားပြီးသား.
အလှူလုပ်​တဲ့ သူ​ဌေးက အ​တော်​လည်း သ​ဘော​ကောင်းတယ်​။ဖော်​​ရွေသလို ရက်​​ရောတယ်​။သူ​ဌေးက ​ရော်​ဘာခြံကျယ်​ကြီး​တွေကို ပိုင်​ဆိုင်​သူတဲ့။
သူ့လုပ်​ငန်း​တွေအဆင်​​ပြေရင်​​ပြေသလို ရပ်ကွက်ထဲ အမြဲအလှူ
လုပ်​​နေကျဖြစ်​တယ်​။အခုအလှူကလည်း သူ့လုပ်​ငန်း​တွေ အဆင်​​ပြေလို့ ဖြစ်​မှာ​ပေါ့။
အလှူမှာ လူတိုင်းနီးပါးက ဝတ်​​ကောင်းစားလှ​တွေနဲ့ ​ပျော်​တပြုံးပြုံး ဖြစ်​​နေကြတယ်​။မြို့လို့ မဆိုသာ ​တောရွာဆို​ပေမယ့်​ မြို့နဲ့ သိပ်​မ​ဝေးတဲ့ ရွာကြီးကြီးဆို​တော့ ခန်းမ ဘာညာ မရှိဘူး။အလှူတိုင်းက အိမ်​မှာပဲ မဏ္ဍပ်​လုပ်​ပြီး ​ကျွေး​မွေးတာမို့ အဲ့ဒီ အလှူလုပ်​တဲ့ရပ်​ကွက်​ထဲက လူအ​တော်​များများက ဧည့်​ခံ​ကျွေး​မွေးခြင်းမှာ ကူကြရတယ်​။

လာသမျှလူ​တွေကို ဧည့်​ခံ​ကျွေး​မွေး​နေကြတာ အားရစရာမို့ အလှူရှင်​သူ​ဌေးကလည် ​ပျော်​တပြုံးပြုံးနဲ့ ​ကျေနပ်​​နေတယ်​။သူ​ဌေးရဲ့ ဘယ်​လက်​မှာ​တော့ စိန်​လက်​စွပ်​ကြီးက တလက်​လက်​နဲ့ ​။အိမ်​​ဘေးမှာလည်း သူ​ဌေးရဲ့ဇိမ်​ခံကားကို ရပ်​ထားတယ်​..။ကား​မှန်​ကို ​ဖောက်​ထွင်းလို့ ကား​ရှေ့ခန်းမှာ ​ရေသန့်​တစ်​ဘူးနဲ့ တစ်​သျှူးတစ်​ဘူးကိုလည်း မြင်​နိုင်​ပါတယ်​။

အလှူဧည့်​ခံပွဲ လူစည်​​နေတဲ့အချိန်​မှာပဲ အမှိုက်​​တွေ ​ကောက်​​နေတတ်​တဲ့ ညစ်​ပတ်​​ပေ​ရေလွန်းတဲ့ အရူးက အလှူမဏ္ဍပ်​ဆီကို ရစ်​ဝဲ ရစ်​ဝဲနဲ့ ​ရောက်​လာခဲ့တယ်​။အစားအ​သောက်​​တွေရဲ့ အနံ့ကသူ့ရဲ့ အစာစားချင်​စိတ်​ကို ဖြစ်​​နေ​စေပြီ​လေ။
အရူးက သူသယ်​​ဆောင်​လာတဲ့ အမှိုက်​အိတ်​ကို ချလို့ မဏ္ဍပ်​ထဲ ဝင်​ဖို့ အလုပ်​မှာ ဆံပင်​အဝါ​ရောင်​နဲ့လူတစ်​ယောက်​က ရပ်​ကွက်​ထဲက ​ခွေး​လေ​ခွေးလွှင့်​ ​ခွေးမ ပိန်​တစ်​​ကောင်​ကို လိုက်​ရိုက်​ထုတ်​​နေတာေ​တွ့လိုက်​ရပြီး ​ခွေးမပိန်​ဟာ တဂိန်​ဂိန်​နဲ့​အော်​လို့ အရူးဖက်​တည့်​တည့်​ကို ​ပြေးလာ​နေတယ်​။ အ​ရူးလည်း ​ကြောက်​အား လန့်​အားနဲ့ ​ခုန်​​ရှောင်​လိုက်​​တော့ ​ခွေးကို လိုက်​ရိုက်​တဲ့ လူက အရူးကို မြင်​သွားတယ်​။
အရူးကို တစ်​ချက်​ကြည့်​ပြီး မဏ္ဍပ်​ထဲ ပြန်​ဝင်​သွားပြီး အလှူရှင်​ သူ​ဌေးကို စကားသွား​ပြော​နေတယ်​။ မျက်​လုံး​တွေက​တော့ အရူးဆီကို ​ရောက်​လာကြတယ်​။
အရူးက အလှူမဏ္ဍပ်​ထဲ ဝင်​ဖို့ မဝံ့မရဲ ဖြစ်​​နေတုန်းမှာပဲ အရူး​ရှေ့ကို လူတစ်​​ယောက်​​ရောက်​လာပြီး ကြွပ်​ကြွပ်​အိတ်​နဲ့ ထုပ်​ထားတဲ့ ထမင်းနဲ့ဟင်းကို အရူးကို လာ​ပေးတယ်​..။ပြီး​တော့ ဒီအနားမှာ မ​နေနဲ့ ခပ်​​ဝေး​ဝေးကိုသွားလို့လည်း ​ပြောသွားတယ်​။ အရူးက ဝမ်းသာအားရ အကြည့်​​တွေ့နဲ့ ထမင်းလာ​ပေးတဲ့လူရဲ့ ​ကျောပြင်​ကို ကြည့်​လိုက်​မိတယ်​။ ဆံပင်​က​တော့ အဝါ​ရောင်​နဲ့ ​အသက်​သိပ်​မကြီး​သေးတဲ့ ​ကောင်​​လေးတစ်​​ယောက်​ပါ...။

အရူး ထမင်းထုပ်​ကို ယူပြီး အလှူမဏ္ဍပ်​နဲ့ ခပ်​​လှမ်းလှမ်းက သူများအိမ်​​ရှေ့က သရက်​ပင်​တစ်​ပင်​အာက်​မှာ ထိုင်​ချလိုက်​တယ်​။ထမင်းစားမလို့လုပ်​​တော့ ​စော​စောက ရိုက်​ထုတ်​ခံထားတဲ့ ​ခွေးမပိန်​​လေးက အမြီး​လေးတနှံ့နှံ့နဲ့..။ထမင်းနဲ့ ဟင်းကို နယ်​ပစ်​လိုက်​ပြီး ​ခွေးမပိန်​အတွက်​ တစ်​ဝက်​ခွဲပြီး ​မြေကြီးမှာ ပုံ​ပေးလိုက်​တယ်​။ ​ခွေးမပိန်​က အားရပါးရ စားလိုက်​တယ်​။ သူလည်း ​ခွေးမပိန်​စားသလို စားလိုက်​တာ ​ခွေးမပိန်​လည်းကုန်​​ရော ကြွပ်​ကြွပ်​အိတ်​ထဲက သူ့ထမင်းလည်း ​ပြောင်​သလင်းခါ​နေပြီ။
အဲ့​ဒီ​နောက်​ အရူးဟာ ​ထမင်းထည့်​​ပေးခဲ့တဲ့ ကြွပ်​ကြွပ်​အိတ်​ကို လွှင့်​ပစ်​လိုက်​တယ်​။
မဏ္ဍပ်​ဆီကို ကြည့်​ပြီး ပြုံး​နေကျအတိုင်း ပြုံးပြလိုက်​တယ်​။ပြီး​တော့ ​စော​စောက သူစားလို့ ပစ်​ချထားတဲ့ ကြွပ်​ကြွပ်​အိတ်​ကို ပြန်​​ကောက်​လိုက်​ပြီး သူဆွဲယူလာတဲ့ အိတ်​ထဲထည့်​လို့ အဲ့ဒီ​နေရာက​နေ ထွက်​ခွာသွားတယ်​..

လူ​တွေ့ရင်​ ပြုံးပြတတ်​တဲ့ အမြဲတမ်း စကား​တွေ ​ပြော​နေတတ်​တဲ့ အမှိုက်​​တွေကို လက်​နဲ့ ဆုပ်​ကိုင်​ပြီး အိတ်​ထဲသွပ်​ထည့်​​နေတတ်​တဲ့ အဲ့ဒီအရူးဟာ ရွာရိုးကိုး​ပေါက်​ ​လျှောက်​သွား​နေတတ်​သူမို့ မိတ်​​ဆွေတို့ မြို့​တွေ ရပ်​ရွာ​တွေမှာလည်း ​တွေ့​ကောင်း ​တွေ့နိုင်​ပါတယ်​။
စိတ်​ဝင်​စားမယ်​ဆို မိတ်​​ဆွေတို့ပတ်​ဝန်းကျင်​မှာသ​တိ​လေး​​ထားပြီး​ ကြည့်​​ပေါ့...

I'm ATM.
image
@ayethatmon
MSU 021
Photo credit

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by ayethatmon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရိုးစင်းလွန်းလို့ ဘာဆိုလိုချင်​လဲနားမလည်​​တော့ဘူး

အရူးက ရူး​နေ​ပေမယ့်​ အားလုံးကိုတန်းတူဆက်​ဆံနိုင်​တယ်​။ချမ်းသာတဲ့လူ​တွေက သဘာဝကတ်​ဝန်းကျင်​လို့​အော်​ပြီး အမှိုက်​ပစ်​တယ်​။ လူငယ်​​လေးက လူ့သဘာဝကို​ဖော်​ပြတယ်​။ ​ငွေ​ကြေးအရှိန်​အဝါရဲ့​အောက်​မှာ မျက်​နှာလိုအားရ လုပ်​တတ်​တဲ့အ​ကြောင်း..အရူးက အဲ့ဒီအရာ​တွေထဲက​နေ လွတ်​​မြောက်​​နေတယ်

In... ရှင်းပြလိုက်​​တော့လဲ....ဟုတ်​တာပဲ။☺
Good par tal

လူတိုင်းကတစ်​မျိုးမျိုး​တော့ရူးကြတယ်​​နော်​😁

ဟုတ်​ပါတယ်​ လူတိုင်းက ရူးသွပ်​ခြင်းတစ်​မျိုးစီနဲ့ပါ

လေးစားလို့ အစ်မ လို့ခေါ်ပါရစေ
ကျွန်တော်ဖတ်မိသမျှ အစ်မpost တွေထဲမှာ အခု post ကို အကြိုက်ဆုံးပါပဲ ရေများရာ မိုးရွာ၊ မြေနိမ့်ရာ လှံစိုက်ချင် တတ် တဲ့ လူ့လောက
ဇောက်ထိုးမိုးမျှော် ကပေါက်တိ ကပေါက်ချာ ဖြစ်တတ်တဲ့ လူ့ မနောကို ရှုထောင့် တစ်ခုကနေ သရုပ်ဖော် ထားတာလို့ ခံစားမိပါတယ် သည်စာမူလေးကို published လုပ်ဖို့ စိတ်ကူးရှိပါသလား မေးပါရစေ

ဟုတ်​ကဲ့ ​ရွှေအမြု​တေကို​တော့ ပို့ထားကြည့်​ပါတယ်​..​ကျေးဇူးတင်​ပါတယ်​ ကြိုက်​တယ်​ဆိုလို့ပါ

ဟုတ်လား ကောင်းလိုက်တာ ဗျာ ပါခဲ့ရင် ပြောပါဦးနော် ဝမ်းသာပေးရအောင်လို့

ဟုတ်​ကဲ့ပါရှင်

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66361.53
ETH 3253.14
USDT 1.00
SBD 4.43