Jenius

in #esteem6 years ago

အကျွမ်းကျင်​ဆုံးအလုပ်​နဲ့ အထူးချွန်​ဆုံး တတ်​​မြောက်​မှုအဆင့်​မှာ ရှိ​နေပြီဆိုရင်​ အဲ့ဒီလူကို ပညာရှင်​အဆင့်​လို့ သတ်​မှတ်​​လေ့ရှိကြပါတယ်​...

လေးစားမှုနဲ့ ခရီးဦးကြိုပြုတတ်​ကြတယ်​။အ​မေရိကန်​လို နိုင်​ငံမှာဆိုရင်​ ပညာရှင်​ဆိုတာနဲ့ ​မြှောက်​စားဖို့ အဆင်​သင့်​ရှိ​နေတတ်​ကြတယ်​လို့ ဆိုပါတယ်​။ ဒါဟာ သူတို့တိုင်းပြည်​ရဲ့ ပညာရှင်​အ​ပေါ်တန်​ဖိုးထားမှုနဲ့ ပညာအ​ပေါ် ​လေးစားမှုပဲ ဖြစ်​ပါတယ်​...။

နယ်​ပယ်​တစ်​ခုမှာ ပညာရှင်​တစ်​​ယောက်​ဆိုတာ ​သော့တစ်​ခုလိုပဲ အ​ရေးပါလှပါတယ်​။စက်​မှုနယ်​ပယ်​ဆိုပါစို့..စက်​မှုပညာရှင်​​တွေမရှိရင်​ ​နောက်​ထပ်​​ ​နောက်​ထပ်​ ​တော်​တဲ့ တတ်​တဲ့ စက်​မှုပညာရှင်​​တွေကို မ​မွေးထုတ်​​ပေးနိုင်​ရင်​ အဲ့ဒီစက်​မှုနယ်​ပယ်​ဟာ တိုးတက်​ထွန်းကားလာမှာ မဟုတ်​ပါဘူး။ပို​ကောင်းတဲ့ ပို​တော်​တဲ့ ပညာရှင်​မျိုးဆက်​သစ်​​တွေကို ဆင့်​ကဲ လက်​ဆင့်​ကမ်းကြရင်း ဒီ​နေ့​ခေတ်​ကြီးဟာ တစ်​ဆင့်​ချင်း တိုးတက်​​ပြောင်းလဲလာတာ ဖြစ်​ပါတယ်​။

ဒီနိုင်​ငံဟာ စိုက်​ပျိုး​ရေးနိုင်​ငံ ဖြစ်​ပါလျက်​နဲ့ စိုက်​ပျိုး​ရေးစနစ်​က အခြားနိုင်​ငံ​တွေ​လောက်​ မထွန်းကားတာဟာ အခြားနိုင်​ငံ​တွေ​လောက်​ စိုက်​ပျိုး​ရေး ပညာရှင်​​တွေကို စိုက်​ပျိုး​ရေးကဏ္ဍ​တွေမျာ အသုံးမချလို့ပဲ ဖြစ်​ပါတယ်​။ဈေးကွက်​မထွန်းကားတာဆိုရင်​ ​ဈေးကွက်​ ပညာရှင်​​တွေကို အသုံးမချလို့ပါပဲ..။

အခြားနိုင်​ငံ​တွေက နယ်​ပယ်​ကဏ္ဍ အသီးသီးမှာ ကျယ်​ပြန့်​ထွန်းကားလာကြတာဟာ နယ်​ပယ်​အစုံမှာ ပညာရှင်​အစုံကို ​နေရာ​ပေးကြလို့ပါပဲ။ သူတိုက ပညာရှင်​ရဲ့ တန်​ဖိုးကို သိ​တယ်​။ ပညာရှင်​ရဲ့ ပညာက​နေ ရလာမယ့်​ အကျိုးအမြတ်​ကိုသိတယ်​။ ဒီ​တော့ ပညာရှင်​​တွေကို အရူးအမူး ဆာ​လောင်​လိုအပ်​​နေကြ​လေ့ရှိတယ်​။
ဒါ​ကြောင့်​လည်း ပညာရှင်​တစ်​​ယောက်​ရပြီဆိုတာနဲ့ တစ်​နိုင်​ငံနဲ့ တစ်​နိုင်​ငံ အပြိုင်​အဆိုင်​ အလုအယက်​ ကြိုဆိုကြ ဖိတ်​​ခေါ်ကြနဲ့ ဖြစ်​​နေကြတာပါ။

ဒီနိုင်​ငံမှာ​တော့ ပညာရှင်​​တွေကို ​နေရာ​ပေးမှု အားနည်း​သေးတယ်​လို့ပဲ မြင်​မိပါတယ်​။

ပညာရှင်​တစ်​​ယောက်​ဖြစ်​လာဖို့ ဖြတ်​သန်းရတဲ့ အ​တွေ့အကြုံ​တွေ သင်​ယူရမှု​တွေ ကြိုးစားရမှု​တွေက သာမန်​လူထက်​ ပိုပြီး ဖြတ်​သန်းရ​လေ့ရှိကြပါပါတယ်​။ ပုံမှန်​အားဖြင့်​​ပေါ့​လေ။
အဲ့ဒီလို​အ​ခြေအ​နေ​တွေထဲကမှ အများထဲက တစ်​​ယောက်​ဆိုတာမျိုး တစ်​​ထောင်​မှာ တစ်​​ယောက်​ ​တစ်​​သောင်းမှာ တစ်​​ယောက်​​တောင်​ ​ပေါ်ထွန်းဖို့ မလွယ်​ကူတဲ့ ပညာရှင်​​တွေကလည်း ရှိ​နေတတ်​ကြပါ​သေးတယ်​။
သူတို့ကို​တော့ ​မွေးရာပါ ပါရမီထူးသူ အင်​မတန်​ ကံ​ကောင်းသူများလို့ သတ်​မှတ်​ထားတတ်​ကြပါတယ်​။

အခြား​သော ပညာရှင်​​တွေ မ​နေမနား ကြိုးစားပမ်းစားနဲ့ သူတို့ထူးချွန်​ရာနယ်​ပယ်​ကို ရှာ​ဖွေ​နေကြရချိန်​မှာ အဲ့ဒီ​မွေးရာပါ ပါရမီရှင်​​တွေက​တော့ သက်​​တောင့်​သက်​သာနဲ့ သူတို့ပညာ​တွေကို အသုံးချ​နေ​လေ့ရှိတတ်​ကြပါတယ်​..။

ကြိုးစားမှုနဲ့ ဖြစ်​လာတဲ့ ပညာရှင်​​တွေက​ကျောက်​မီး​သွေးဘဝက​နေ စိန်​ဖြစ်​လာမျိုးနဲ့တူပြီး ပါရမီရှင်​ပညာရှင်​​တွေက​တော့ စိန်​အဖြစ်​နဲ့ ​မွေးဖွားလာသလိုပါပဲ။ တန်​ဖိုးထားတတ်​သူ​တွေအတွက်​ အင်​မတန်​ အဖိုး မဖြတ်​နိုင်​​လောက်​တဲ့ ရတနာ​တွေပဲ ဆိုပါ​တော့...။

ရတနာဆိုတာမျိုးက အရိုင်းတုံးအဖြစ်​နဲ့ဆို သိပ်​ပြီး လူမသိနိုင်​ကြ​သလို တန်​ဖိုးကို မသိတဲ့ လူ​တွေလက်​ထဲမှာ ဆိုရင်​လည်း တန်​ဖိုးမဲ့​နေတတ်​ပါတယ်​။

တန်​ဖိုးရှိတဲ့အရာဆိုတာ တန်​​ဖိုးသိတဲ့လူ​တွေ လက်​ထဲမှာ ပိုပြီး ​တောက်​ပတတ်​တာမျိုးပါ...။

အကယ်​၍များ မိတ်​​ဆွေတို့ရဲ့ သူငယ်​ချင်းထဲမှာ ​မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်​တစ်​​ယောက်​ကို ​တွေ့ခွင့်​ရခဲ့မယ်​ဆို တန်​ဖိုးထားကြဖို့ တန်​​ကြေးကို သိကြဖို့ သတိ​ပေးလိုက်​ချင်​ပါတယ်​။
ပညာရှင်​တစ်​​ယောက်​ကို ပိုင်​ဆိုင်​ခွင့်​ရဖို့ မလွယ်​ကူသလို ပညာရှင်​တစ်​​ယောက်​ကို ဆုံးရှုံးခံလိုက်​ရတာဟာ အင်​မတန်​ နစ်​နာလွန်းလို့ပါ...။

သင့်​ကို သတိ​ပေးလိုက်​ပါ့မယ်​။
သင့်​အနီးအနားမှာ ရှိ​နေတဲ့ သင့်​ရဲ့ မိတ်​​ဆွေဖြစ်​​နေတဲ့ Aye Thet Moe ဆိုတဲ့ ကျွန်​မဟာ ​မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်​တစ်​​ယောက်​ပါပဲ..
သူ့ရဲ့ ပါရမီထူးဖြစ်​တဲ့ သူအကျွမ်းကျင်​ဆုံး အတတ်​​မြောက်​ဆုံး အရာ​တွေကို ​တန်​ဖိုးထားပြီး သူ့ပညာအတွက်​ ဝိုင်းဝန်းချီး​မြှောက်​ကြဖို့ အကြံ​ပေးလိုက်​ချင်​ပါတယ်​။ သင်​တို့ကို မဆုံးရှုံး မနစ်​နာ​စေချင်​လို့ဆိုတဲ့ ​စေတနာအမှန်​နဲ့ ​ပြောခြင်း ဖြစ်​တယ်​ဆိုတာလည်း နားလည်​​စေချင်​မိပါတယ်​...။

Aye Thet Moeရဲ့ ​မွေးရာပါ ပါရမီနဲ့ ပညာရှင်​အဆင့်​ သတ်​မှတ်​ရမယ်​ဆိုရင်​​တော့ သူဟာ အစားအ​သောက်​ပညာရှင်​ပဲ ဖြစ်​ပါတယ်​......။

ကဲ ဘာလုပ်​​နေတာလဲ...
ကျွေးကြ ​မွေးကြ​လေ....
ပညာရှင်​ကို တန်​ဖိုးမထားတတ်​ကြဘူးလား...
ရှားပါးလွန်းတဲ့ ​​မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်​တစ်​​ယောက်​ကို အဆုံးရှုံး ခံ​ချင်​​နေပြီလား....
တန်​ဖိုးသိကြစမ်းပါ.....
ပြီးကျ နှ​မြော​နေကြရမှာစိုးလို့ သတိ​ပေးတာ​နော်​....
မ​ပြောမရှိနဲ့.....

အိုင်​အမ်​ ဂျီးနီးယပ်​စ်​...
Msu 021.
Photo credit. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​အနီးအနားမှာ ရှိ​နေတဲ့ သင့်​ရဲ့ မိတ်​​ဆွေဖြစ်​​နေတဲ့ Aye Thet Moe ဆိုတဲ့ ကျွန်​မဟာ ​မွေးရာပါ ပါရမီထူးနဲ့ ပညာရှင်​တစ်​​ယောက်​ပါပဲ..

လေးစားပါတယ်။


Respect



Source Link

ဟီး...ဟီး....မိုက်​တယ်​မလား..

ဟီး...ဟီး....မိုက်​တယ်​မလား..

အခုလိုအစားအသောက်နဲ့ပတ်သက်ပြီးပညာရှင်အချင်းချင်းတွေ့ရတာဝမ်းသာပါတယ်။@hnineikhaingဆိုတဲ့ပညာရှင်ကတော့ အပူအစပ်တွေအရမ်းကြိုက်ပါတယ်နော်😁

ရှိတ်​...😁😁

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66931.79
ETH 3249.50
USDT 1.00
SBD 4.10