Last tree

in #esteem5 years ago

*** နောက်ဆုံး တစ်မျှင် ***

တရွဲရွဲ ယိုစိမ့်စီးကျနေတဲ့
အချိန်လေးတွေကို တားဆီးဖို့
မဖြစ်နိုင်ခဲ့ဘူး ။

ရုပ်ဝတ္ထုတွေ
ဖြစ်လိုက် ပျက်လိုက်နဲ့ပဲ
ရွက်ဟောင်းကိုခြွေ
နွေများစွာလည်း သစ်ခဲ့ပြီလေ ။

ဆောင်းရနံ့ ပျံ့ပျံ့က
သင်းသင်းလေး မွှေးးတယ် ။
ဟိုးးး………
ဝေးဝေးးဆီက
ရခဲ့ခြင်းတွေသာ ဖြစ်တယ်ကွယ် ။

ဖြန်းခနဲ
လှမ်းပက်တတ်တဲ့
တခဏတွေအတွက်
ဟတ်ဟတ် ပတ်ပတ် ရယ်မောခဲ့ဖူးတယ် ။

အရည်ကျဲကျဲ
အဖတ်နည်းနည်း
သံယောဇဉ် တည်းတည်းလေးက
ကျပ်ကျပ်တင်းတင်း ပြတ်ပြတ်ထင်းထင်း
ချည်နှောင်ရင်း ရစ်တွယ်တယ် ။

အထပ်ထပ်ရစ်နွယ်
မညှိတွယ်လိုဘူး
ရှေ့ကိုတစ်ချက်တိုး
နောက်ဆံ တစ်ချက်တင်း
ရစ်ပတ်ထားခြင်းတွေ
ထောင်းးးခနဲ
ပြတ်တောက်ဖို့
စိုးစိုးရွံ့ရွံ့ တွန့်တွန့်ဆုတ်ဆုတ်
ဓါးသွားကို
အလှည့်
မျက်လုံးကို
အမှိတ်

" ဟင်းးးး "
ခနဲ
သက်ပြင်းချ ။ ။

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29