လူ​သေ​ကောင်​ရဲ့မနက်​စာ

in #esteem5 years ago

*** လူ​သေတစ်​​ကောင်​ရဲ့ မနက်​စာ ***

လမ်းတိုလမ်းစ​တွေကို ​ကောက်​ယူဆုပ်​ကိုင်​ပြီး
ခရီးရှည်​ဆီ ရွက်​ဖွင့်
ဆေးသားရင့်​ သ​င်္ကေတ​တွေဆီ
လက်​ပြန်​နှုတ်​ဆက်​ရင်း
ပုံ​သေနည်းမဲ့ လမ်းရှည်​ကို
အံ့​သြမင်​တက်​စွာ ရင်​ခုန်​တယ်​..

အပြည့်​အစုံမရှိတဲ့ အလင်းတံခါးကအထွက်
ညှပ်​ပူးညှပ်​ပိနဲ့
ရယ်​မိရယ်​ရာ ရယ်​မိ​သေးတယ်​...

အနက်​​ရောင်​ ကတ္တီပါသား​တွေထက်​မှာ
မိန်း​မောရင်း
ကံမ​ကောင်းရှာတဲ့ ကြယ်​ဟာ
ဆု​တောင်းရာ ဖြစ်​လာတယ်​...

အလင်းဝတ်​ရုံ မစိုးမပို့နဲ့
နှင်းစက်​​တွေ မုန်​တိုင်းခတ်​ကြမယ်​ဆို​တော့
လက်​ကြား​လေးနဲ့ 
ဘာမှမရှိတဲ့ ဦး​ခေါင်းကို​တောင်
ကာကွယ်​မိ​သေး....

လမ်းရှည်​​တွေရပ်​တန့်
ခြေဖဝါး​တွေကို စတင်​သနားမိရာကစလို့
ဆည်းဆာဝင်​ခွင့်​မ​ပေးဖို့
ငါ ဆု​တောင်းတယ်​....

ဆည်းဆာကို ကြိုက်​လို့ထက်
မနက်​လင်းမှာ ​ကြောက်​လို့
လမ်းမရဲ့အရှည်​​တွေကို
ကန့်​လန့်​ဖြတ်​ရင်း
ခေါက်​တုံ့​ခေါက်​ပြန်​ လမ်းဆုံး​နေရတာ
ငါ့မှာ
မနက်​စာ မရှိဘူး......

အား...........။ ။

I'm ATM.
Photo image

Sort:  

သင့်​ခ်

အယ် ကဗျာဥာဏ်မရှိလို့ သိပ်နားမလည်

Posted using Partiko Android

လိုက်​မမီဘူးဗျာ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for using esteem app.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87