Poorer

in #esteem5 years ago

#ဆင်းရဲသား...

လိုက်​လံ​ဝေးကွာ​နေသည့်​ အရာ​များထဲ​ပြေးလွှားလိုက်​ရှာရင်း တွန့်​ဆုတ်​​နေ​သော အချိန်​​တွေက ပိုမိုမထင်​မရှား အဖြစ်​တို့ကြုံရ၏။

အမြင်​တို့ကြား ကိုးရိုးကားရား​နေထိုင်​မှုဖြင့်​ စိတ်၏ သပ်​ရပ်​မှုကို အမည်​နာမ ခန့်​ခန့်​ညားညား ထွင်းထုထားချင်​ခဲ့၏။

ကျွန်​မ၏ ဘဝတွင်​ အကြီးမားဆုံး​သော တန်​ဖိုးအားသည်​ ​ရွှေလည်း မမည်​၊​ငွေလည်းမဟုတ်​ ရိုးသားကြိုးကုတ်​ခြင်းသည်​သာ အလွန်​မြတ်​နိုးတန်​ဖိုးထားခဲ့၏။
(လိုချင်​ရင်​ယူပါ​လေ)

အ​နေတတ်​ဖို့ ကြိုးစားရသူ၏ အ​နေမတတ်​ခြင်းအ​ကြောင်းမှားအား ကျယ်​ဖြန့်​ပြန့်​ကား မ​ပြောကြားလို​တော့။
ကိုယ်​စီကိုယ်​ငှ ရှင်​သန်​ခြင်း​လောကအ​ကြောင်း အဓိပ္ပါယ်​​ထောင်​​သောင်းအား အံ့သြ​ငေးရီ သိနားလည်​ချင်​ပါ​သေးသည်​။

နေရာ​ဒေသအမှားမှ ကြီးကျယ်​​သော အိမ်​မက်​အား ဆွဲဖြန့်​ပစ်​ရန်​ အဘယ်​ခွန်​အား မည်​သူ​ပေးသနားပါလိမ့်​???

ပင်​လယ်​လှိုင်းတို့ဖြင့်​ ​ဝေးရာအရပ်​တွင်​ လှုံခြုံ​နေခြင်းငှါ ​တောင်တန်းတို့အား ချစ်​တတ်​ရ​လေ၏။

ပြဌာန်းချက်​ကင်းမဲ့​သော နိုးထရှင်​သန်​ရခြင်းတွင်​ ​ရုပ်​ဝတ္ထုတို့ ​ထောက်​တည်​ရာအားဖြင့်​ ​ဝေးကွာလွန်း​သော အရပ်​တွင်​ ကျွန်​မ တည်​ရှိ​နေပါသည်​...။ ။

I'm ATM. image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84