မြင်လွှာ
ဒိုင်ယာရီ တစ်ဝက်တစ်ပျက်နဲ့ ခရီးဆက်ခဲ့ရတဲ့ညနေ
အတိတ်တွေ မရေတွက်နိုင်တော့ဘူး
အပိုင်းပိုင်းပြတ်နေတတ်တဲ့ စိတ်ဓါတ်တွေကို
တစ်စစီ ဆက်စပ်ရင်း
ဂျိုကာရုပ်ကို မျက်နှာဖုံးလုပ်
စုတ်ပြတ်နေတဲ့ အတိတ်ကို မလုံ့တလုံဖုံးအုပ်ရင်း
လမ်းတို့က စမ်းတဝါးဝါး
အိမ်မက်တို့ ပျောက်ရှဖူးရဲ့
မျက်ရည်တွေတစ်ခန်းရပ် အပြုံးကို တပ်ပေါင်းစု
အခုထိတိုင်လေ
ရယ်မောခြင်းကို မရှာဖွေအားဘူး
ဒီတော့
ငိုကြွေးခြင်းကို ရှောင်ရှားရုံနဲ့
ယောင်မှားနေခဲ့တဲ့ ပုံရိပ်တွေကတော့
အခုထိ
ပုံရိပ်စစ်တွေကိုပဲ
ထင်ယောင်မှတ်မှားနေခဲ့ ။ ။
I'm ATM
MSU .021
Photo crd.
😓
😃😃