ရွာနဲ့ ကြုံခဲ့ဖူးသမျှ (part 1)

in #esteem5 years ago

မိုးတဖွဲဖွဲရွာ​နေတယ်​။
ဆောင်းရာသီထဲ ဝင်​လာပြီဖြစ်​တဲ့ ဒီလိုအချိန်​ဟာ ဒီ​ဒေသအတွက်​ အိပ်​ယာထဲ ​စောင်​ထူထူနဲ့ ​ကွေးလို့ အ​ကောင်းဆုံး အချိန်​ပါပဲ။
ဒါ​ပေမယ့်​ ဒီ​ဒေသရဲ့ ​ဆောင်းရာသီက အဲ့ဒီ​လောက်​ စိတ်​ချလို့မရဘူး။ မိုးရာသီဆိုရင်​ လယ်​ကွင်းပြင်​​တွေဟာ ရွံ​တွေ​​ဗွက်​​တွေနဲ့ လယ်​စိုက်​ချိန်​​တွေ ဖြစ်​တယ်​။ လမ်းခရီး​တွေက စိတ်​ပျက်​ဖွယ်​​ကောင်း​လောက်​​အောင်​ ဆိုးရွားတယ်​။
ဒီ​တော့ ကိုယ့်​အလုပ်​ကို ​အေး​ဆေးလုပ်​ကြရင်း မိုးထဲ​ရေထဲမှာ ​အေးချမ်းတယ်​လို့ ထင်​ရစရာ​တွေရှိတယ်​။ ​ဆောင်းရာသီရဲ့ အချို့အရာ​တွေနဲ့ ယှဉ်​လိုက်​ရင်​​ပေါ့..။
ချမ်း​အေးတဲ့ ​နှင်း​တွေ စွတ်​စို​နေတဲ့ ​ဆောင်း..။လတ်​ဆတ်​တဲ့​ဆောင်း...။ အ​တော်​နှစ်​လိုဖွယ်​​ကောင်းတဲ့​ဆောင်းမှာ ဘယ်​အရာက ဆိုးရွား​စေတာလဲ။
ပြောပြမှာ​ပေါ့..။
လမ်း​တွေက ​ခြောက်​​သွေ့ကုန်​ပြီ။ လယ်​​တွေကလည်း သိမ်းဆည်ကုန်​ကြပြီ..။ ​နေ့တာတိုတာကလွှဲရင်​ တစ်​​နေကုန်​ လမ်း​လျှောက်​တာ​တောင်​ ​ချွေးတစ်​စက်​ထွက်​ချင်​မှ ထွက်​တဲ့ရာသီထဲမှာ စိုးရွံစရာ​တွေပါ သယ်​​ဆောင်​လာကြတယ်​။

အ​ရှေ့ဖက်​​တောင်​နဲ့ အ​နောက်​ဖက်​​တောင်​​တွေကို ဆက်​စပ်​ဖို့ အ​ရှေ့ဖက်​​တောင်​နဲ့ အ​နောက်​ဖက်​​တောင်​ကြားက လယ်​ကွင်း​တွေကို ဖြတ်​သန်းသွားကြရမယ်​။ ​ဆောင်းရာသီက နှင်း​တွေ စို​နေတာက လွှဲရင်​ အဆင်​​ပြေပါတယ်​။ ​မြေကြီး​တွေက သွားလာလို့ ​ကောင်းပြီ​လေ..။
လှုပ်​ရှားသွားလာမှု​တွေကို ပိုပြီး အာရုံစိုက်​လုပ်​​ဆောင်​ရတဲ့ ​ဆောင်းရာသီဟာ ဒီ​ဒေသအတွက်​ ​အေးချမ်းလွန်း​နေတဲ့အရာ​တော့ မဟုတ်​ခဲ့တာ ကြာပြီ​ပေါ့..။

အခု မိုးတဖွဲဖွဲ ရွာ​နေတယ်​။
ရပ်​ရွာလုံခြုံ​ရေးအတွက်​ ပြည့်​သူ့စစ်​တစ်​​ယောက်​ အိပ်​​နေပြီဖြစ်​တဲ့ ​စောင်​ခြုံထဲက လူးလဲ ထပြီး အ​နွေးထည်​​ အင်္ကျီ​တွေ အ​နွေးထည်​​ဘောင်းဘီ​တွေကို ဝတ်​လို့ ကင်းလှည့်​သွားရပြီ..။
တစ်​ညစ နှစ်​ညစလို့ ဒီတစ်​​ဆောင်းလုံး သူ​ကောင်း​ကောင်း အိပ်​ရ​တော့မယ်​ မထင်​ဘူး..။

မကြာခင်​ ကြားရ​တော့မယ့်​ ဘယ်​မှာ​တော့ ဟိုဖက်​ဒီဖက်​ ဖြတ်​သန်းသူချင်းဆုံကြလို့ တိုက်​ပွဲ ဖြစ်​သွားသတဲ့။မ​နေ့က ဟိုး အ​ရှေ့​တောင်​ဖက်​မှာ တဂျိန်းဂျိန်းနဲ့ အသံ​တွေကြားတယ်​ လို့ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ တီးတိုး ဆိုပြရ​တော့မယ်​။ည​နေ ​နေဝင်​တာနဲ့ အပ်​ကျသံကြားရ​လောက်​​အောင်​ လူသံသူသံ​တွေ တိတ်​ဆိတ်​​နေတဲ့ ​ချောက်​ချားဖွယ်​ရာ​တွေကို ရင်​တုန်​​စောင့်​စား​ကြရ​တော့မယ်​။
ဒီလို​ဆောင်း​တွေ အဓိပ္ပါယ်​မဲ့လွန်းခဲ့တာ ကြာပြီပဲ..။

စောင်​ခြုံထဲ ​ကွေးလို့​ကောင်းတဲ့ ဒီလို​ဆောင်း​တွေမှာ အိပ်​​ရေးပျက်​ခဲ့ရတာ ကြာပြီပဲ..။
စိုးရွံစိတ်​​တွေ တထိတ်​ထိတ်​နဲ့ အိပ်​ပျက်​ခဲ့ရတာ​တွေ​လေ....။

ပြောပြပါအုံးမယ်​...
ဒီအ​ခြေအ​နေ​တွေ စတင်​လည်​ပတ်​မယ့်​​ဆောင်းမှာပဲ ဖြစ်​ပျက်​ခဲ့တာ​တွေ​လေ..။
အ​မေဖြစ်​သူက သားအိမ်​​ခေါင်းကင်​ဆာဖြစ်​လို့ မိုးညှင်း​ဆေးရုံမှာ ​​ဆေးရုံတက်​​နေရတယ်​။အဲ့ဒီအ​မေကို ​ဆေးရုံ​စောင့်​အဖြစ်​ အမကြီးဖြစ်​သူက အ​မေ့အနား ရှိ​နေတယ်​။ ​အမကြီးရဲ့​အောက်​ ​မောင်​ဖြစ်​သူက မြို့​ပေါ်မှာ အထက်​တန်း ​ကျောင်းသားတစ်​​ယောက်​အဖြစ်​ အ​ဆောင်​​နေတယ်​။
အ​ဖေဖြစ်​သူက ရုံးဝန်​ထမ်းတစ်​​ယောက်​မို့ မိုး​ကောင်းကို ရုံးတက်​ရတယ်​။
အိမ်​မှာ​တော့ ဆယ့်​နှစ်​နှစ်​ ဆယ့်သုံးနှစ်​အရွယ်​ အငယ်​ဆုံး မိန်းက​လေးတစ်​​ယောက်​နဲ့ ​ခွေးတစ်​​ကောင်​ကျန်​ခဲ့တယ်​..။ ဒီလို​ခေတ်​ကာလထဲ ဒီမိန်းက​လေးရဲ့လုံခြုံမှုဟာ ​အနီးအနားက ​ဆွေမျိုးသားချင်း​တွေကို မှီခို​နေရတယ်​။
က​လေးမ​လေးက အငယ်​ဆုံးသမီး ၊ သူ့ဘာသာ ထမင်းဟင်း ချက်​မစားတတ်​ဘူး။ အလုပ်​သွားရက်​​တွေ ရုံးတက်​ရက်​​တွေနဲ့ မိုးချုပ်​သွားတတ်​တဲ့ ဖခင်​ကို​မျှော်​​နေရတဲ့ည​နေဆို ကျမတိအိမ်​မှာ လာအိပ်​ဖို့ သွား​ခေါ်လာရတယ်​။
သူ့အိမ်​နဲ့သူ စာကျက်​ရင်း ည ရှစ်​နာရီ​လောက်​အထိ သူ့ကို ​စောင့်​​ပေးရတယ်​။တစ်​ခါတ​လေ အ​ဖေ ဖြစ်​သူ ပြန်​​ရောက်​လာ​ပေမယ့်​ တစ်​ခါတ​လေ​တော့ ပြန်​မ​ရောက်​ဖြစ်​ဘူး။ မိုး​ကောင်းနဲ့ ရွာကို လူးလာ​ခေါက်​ပြန်​ သွား​နေရတဲ့ လူက အ​ဆောင်​က သားဆီကိုလည်း သွားရတယ်​...။ ​ဆေးရုံက မယားဆီလည်း သွားရတယ်​။ အိမ်​က သမီးကိုလည်း လုံးလုံးလျားလျား စိတ်​မချရပြန်​ဘူး..။
အချို့ရက်​​တွေမှာ က​လေးမဟာ နံနက်​စာ မစားပဲ ​ကျောင်းသွားခဲ့တဲ့ရက်​​တွေရှိတယ်​။ အိမ်​မှာလာစားဖို့ ​ခေါ်​ပေမယ့်​ သူက အမြဲတ​စေ​တော့ လာမစားဘူး။သူ့အ​ဖေဟာ အချို့ည​တွေမှာ သမီးဖြစ်​သူကို ကျွန်​မတို့နဲ့ အိပ်​​စေပြီး ရွာက ပြည်​သူ့စစ်​​တွေနဲ့အတူ ကင်း​စောင့်​​သွားရ​သေးတယ်​။
မီးဖိုခွင့်​မရတဲ့ ​ဆောင်းတွင်း​အေး​အေးကြီးမှာ ​မြေကြီး​တွေနဲ့ ​ဆောက်​ထားတဲ့ ကင်းတဲထဲ ညလုံး​ပေါက်​ ထိုင်​​နေခဲ့ကြရတဲ့ မငြိမ်းချမ်းတဲ့ နယ်​​မြေထဲ အဲ့ဒီအချိန်​တုန်းက ​သေနတ်​သံ​တွေဟာ အခုထိ နားထဲ စွဲ​နေမိတုန်း...
သေနတ်​သံ ဆက်​တိုက်​ကြားလာရတာနဲ့ စုရပ်​အဖြစ်​ထားတဲ့ ဘုန်းကြီး​ကျောင်းကို အမြန်​ဆုံး​ပြေးဖို့ ည​နေ​တွေတိုင်းမှာ မိသားစုတိုင်းက ကိုယ်​စီကိုယ်​ငှ မှာကြား​နေကရတဲ့ ည​နေ​တွေ​ပေါ့..။

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အော် ဆောင်းတွင်းတောင် ရောက်လာတော့မယ်

Posted using Partiko Android

အော် ဆောင်းတွင်းတောင် ရောက်လာတော့မယ်

Posted using Partiko Android

Nice post

Posted using Partiko Android

ဒီလိုစာ မျိုးတွေ ဖတ်ရရင် ဟို လူတွေကို သတ်ချင်တယ်။

Posted using Partiko Android

မြင်ယောင်မိ ခံစားမိ ကိုယ်ချင်းစာမိ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97