ဝီးကူက ယုံကြည်လို့ရပြီလား

in #esteem5 years ago

reality-1098745_960_720.jpg
https://pixabay.com/fr/photos/r%C3%A9alit%C3%A9-real-vraiment-vrai-1098745/

စတီးမစ်နဲ့ တူနေတာဖြစ်လို့ ယုံရခက်ကြီးပါလို့ ပြောရင်လည်း ရပါတယ် အခုချက်ချင်းတော့ အဆင်ပြေလာမယ်လို့ မမှတ်ယူထားသင့်ပါဘူး သူလည်း သူ့ အခက်အခဲတွေနဲ့သူ ဖြစ်လို့ စိတ်ရှည်ဖို့တော့ အတော်ကို လိုအပ်နေပါဦးမယ် စတီးမစ်နောက်ကနေ လိုက်မှာဖြစ်ပါတယ် ဘယ်အထိ လိုက်နိုင်မှာလဲ မလှမ်းမကမ်းကနေလား ခပ်ဝေးဝေးကနေလား ဒါမှမဟုတ် ပခုံးချင်းယှဉ်လာနိုင်မည်လား ထင်မှတ်မထားတဲ့ ၀ှက်ဖဲတွေ ထုတ်သုံးပြီး ကျော်တက်သွားမည်လား (ဖြစ်မလာသေးရင်တော့ ဒီအခြေအနေက ရယ်စရာကောင်းနေပါတယ်) ဖြစ်ချင်လည်းဖြစ်လာမှာပေါ့
ဝီးကူ စထွက်လာတော့ တော်တော်လေးကို အိုးနင်းခွက်နင်းနိုင်ပါတယ် အလျှော့ပေးခြင်းများစွာနဲ့ ပေါပေါလောလော လုပ်ပေးလိုက်တယ် လူတွေက ဘာမှမတန်သေးတာကိုဘဲ ၀ိုင်းလုပ်ကြတာ သူတို့ မမျှော်မှန်းထားတဲ့ အထိ အကောင့်လျှောက်သူတွေ များသွားတယ်
ဆိုင်းအပ် ဘောနပ်က နည်းပါးတယ် ဆိုသော်လည်း အကောင့် တစ်ခုကနေ တစ်ခုကို ချက်ချင်း လွှဲပြောင်းလို့ရတော့ အကောင့် များများ စုလိုက်ရင် ပါဝါ သောင်းဂဏန်းက အသာလေး ရောက်ရောဘဲ
ဒီအချက်ကို သဘောပေါက်လွယ်တဲ့ သူတွေက ပါဝါ စုကြတာပေါ့ တစ်ရက်တစ်ရက် အကောင့် ဖေါက်သူ ပိုပြီးတိုးလို့လာပါတယ်
လျှော့မသွားဘူး တစ်ရက်ကို ထောင် ဂဏန်းလောက်ထိ အင်အားတိုးနေတော့ တော်တော်များတယ်လို့ ဆိုနိုင်တယ်
စတီးမစ်လို သုံးရက် တစ်ပါတ် နှစ်ပါတ် စောင့် စရာမလိုတော့ လွယ်တယ်လေ အခုလျှောက် အခုရ အခုတန်းပြီး ဘုတ် အခုတန်းပြီး လွှဲ ပြောင်းရတော့ ဒီထက် လွယ်ပြီး ကောင်းတာ မရှိနိုင်တော့ဘူး လုပ်ကြပြီပေါ့
ပြီးတော့ သူ့ရဲ့ အားသာချက်က ဗုတ်တစ်ချက်ရဲ့ အထွက်နှုန်းက အတော်များတယ်လေ
ပါဝါ ခြောက် ထောင်လောက်နဲ့ ဗုတ်တစ်ချက်ပေးတာက ရှစ်ဆယ် ၀န်းကျင်လောက်ထိ ထွက်တော့ ဗုတ်ပေးရတာ အရသာ ရှိလိုက်ပါဘိ
cyber-glasses-1938449_960_720.jpg
https://pixabay.com/fr/photos/lunettes-de-cyber-virtuel-1938449/
ဆယ်ခါဗုတ် ရှစ်ရာ တစ်ထောင်ဝန်းကျင် ထွက်တော့ ပါဝါ အတက်နှုန်းက အလွန်မြန်တာပေါ့ အစပိုင်းက အဲ့သလိုကို လွယ်ခဲ့တာ
လုပ်တဲ့သူတွေက စတီးမစ်ပေါ်က လူတွေချည့်ဘဲ တစ်နည်းအားဖြင့် လူလည်တွေချည့်ဘဲပေါ့
ဘာဖြစ်လာလဲဆိုတော့ နာမည်အလွဲသုံးစားမှုတွေ ရှိလာတယ် စတီးမစ်ပေါ်က နာမည်ကြီးတွေရဲ့ အမည်ကို သုံးပြီး အကောင့်ဖေါက်တာတွေ ဖြစ်လာတယ်
ထူးထူးဆန်းဆန်းတွေ့ရတာကတော့ ဂွတ်ကာမရ နှစ်ယောက်ဖြစ်နေတာဘဲ အဲ့နှစ်ယောက်မှာ ဘယ်သူက အစစ်လဲဆိုတာ လူတွေ စိတ်ဝင်စားကြတယ် နှစ်ယောက်လုံးကလည်း သူက အစစ် ငါက အစစ်နဲ့ ငြင်းနေကြတာ ဝေဖန်သုံးသပ်သူတွေကလည်း အုပ်စု သုံးခု ကွဲသွားတယ် ဟိုဘက်ကို အစစ် ထင်တာက အုပ်စုတစ်ခု ဒီဘက်ကို အစစ်ထင်တာက အုပ်စု တစ်ခု နှစ်ယောက်လုံးက အတုတွေပါလို့ ယူဆတာက အုပ်စု တစ်ခု
နောက်ဆုံး ၀ီးကူ တာဝန်ရှိသူ တစ်ဦးက အစစ်ဖြစ်သူက စတီးမစ်မှာ မီမို မက်ဆေ့လေးရေးပြီး အတည်ပြုပေးပါလို့ ဆိုလိုက်တော့
အဲ့ထဲက တစ်ယောက်က စိတ်ဆိုးပြီး မင်းတို့ ၀ီးကူဆီ ဘယ်တော့ မှ ပြန်မလာတော့ဘူးဆိုပြီး နောက်ဆုပ်သွားလို့ အငြင်းပွားမှုက အဆုံးသက်သွားခဲ့တယ် အခုချိန်ထိလည်း ဂွတ်ကာမရ ၀ီးကူဆီ တကယ်ဘဲ လာခဲ့သလား မလာခဲ့ဘူးလားဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ခဲ့ပါဘူး ဒီအဖြစ်ကို သိချင်ရင်တော့ ဂွတ်ကာမရ နာမည်နဲ့ ၀ီးကူမှာ ပရိုဖိုင်ရှာကြည့်နိုင်ပါတယ် နောက်တစ်ယောက်ကတော့ ရီးရဲလ် ဂွတ်ကာမရ ဖြစ်ပါတယ် သူတို့ နှစ်ယောက်ရဲ့ အပြန်အလှန် အငြင်းပွားတဲ့ ကောမန့်တွေ ပြန်ဖတ်နိုင်ပါတယ်
အခုတော့ ၀ီးကူ တစ်ကယ်ဘဲ ဈေးကွက်ထဲ ၀င်ရောက်လို့ လာနေပါပြီ နောက်ထပ် အငြင်းပွားဖွယ် အမည်နာမတွေ ကျန်နေပါသေးတယ်
သင့်နာမည်ကော ၀ီးကူမှာ ဘယ်သူတွေ အလွဲသုံးစားလုပ်ထားလဲ စစ်ကြည့်ပါဦး

Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87