အစိမ်းတော့အစိမ်းပါဘဲ

in #esteem5 years ago

အစိမ်းတော့အစိမ်းပါဘဲ
all33.jpg
ရတာလေးတွေကတော့ အရောင်တူလေးတွေပါ အသေအချာကို ရွေးပြီးပေးတယ်ထင်ရပါတယ် တကယ်ဆိုပေးလိုက်ပါတော့လား ဈေးကောင်းတာလေးတွေ အခုလို အဖိုးနည်းတာလေးတွေဘဲ ပေးနေတော့ ကစားသူက အားပျက်လာတာပေါ့ဗျာ လုံးဝမကစားတော့တဲ့ တစ်ချိန် ရောက်လာနိုင်ပါတယ် ကိုယ်ကလည်း အဲ့သလို မလုပ်နိုင်သေးပါဘူး ဒါကြောင့် စိတ်ပါရင် ပါသလို ၀င်ကစားပြီး နှစ်ရက်တစ်ခါတော့ ၀င်ကြည့်ဖြစ်အောင် ၀င်ကြည့်ပေးရပါတယ် သူက မပေးတာတော့မဟုတ်ပါဘူး သူပေးတာကို ကိုယ်က ယူတက်ဖို့နဲ့ ယူနိုင်ဖို့ဘဲ လိုတာပါ သူကတော့ မှန်မှန်ပေးနေပါတယ်
ဒီလိုဘဲ နည်းနည်း ချင်း စုရတာပေါ့လေ နည်းနည်းချင်းစုတာက ကိုယ်နဲ့တော့ အကျိုးပေးပါတယ် စိတ်တော့ရှည်ရတာပေါ့ တစ်ခါတည်း ဟုန်းဒိုင်းဆိုပြီး အတုံးလိုက် အတစ်လိုက် အထုတ်လိုက် အထည်လိုက် ရလာမယ့်ကံမျိုး ကိုယ်မှာ မပါဘူးဖြစ်ပါမယ် ဒါကြောင့် အခုလို ဖြေးဖြေး နဲနဲ မှန်မှန်လေး သွားနေရတာကိုဘဲ အဆင်ပြေတယ်လို့ နားလည်ထားရပါတယ်
ဘယ်မရတော့လည်း ညာပြောင်းပြီး ကစားရတာပေါ့ တစ်ဖက်သက်တည်းဆိုရင်လည်း အရင်းပြုတ်နိုင်ပါတယ် အကြီးလားအသေးလား နှစ်ခုတည်းေ ရွးရတာပါ ဒါကိုဘဲ တစ်ခါတစ်ရံ ဆယ်ခါလောက် ဘက်ရွေးမှားတာတွေကြုံလာရတော့ လူလည်း ဖြူကာပြာကာ ဖြစ်ကရောဘဲ မတက်နိုင်ဘူးလေ လောဘတော့ ထိန်းရမှာပေါ့ စိတ်မနိုင်ရင်တော့ မကစားတာကောင်းပါတယ် အခုလည်းနားထားရတယ် အရင်းပြုတ်မှာစိုးလို့ အနိုင်နဲ့ပိုင်းတယ်လို့တော့ မပြောနိုင်သေးဘူး ဘယ်အချိန် ပြန်ပေးရမလဲ မသိနိုင်ဘူးလေ စတီးမစ်ရောက်မှ ကစားနည်း စုံအောင် ကစားနေမိပါကောလား တကယ်ဘဲ စတီးမစ်က စုံလှပါပေတယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86