ကံကောင်းခြင်းတို့ စုဝေးရာနေ့တစ်နေ့

in #esteem5 years ago (edited)

bbshwe3.jpg

ဒီနေ့တော့ ကံကောင်းခြင်းတွေ စုပေါင်းလာသော နေ့တစ်ရက် ဖြစ်ခဲ့ပါပြီ
အဆင်ပြေခြင်း မပြေခြင်း ကံကောင်းခြင်း မကောင်းခြင်းတွေက တစ်လှည့်စီ တစ်ခါစီဖြစ်တက်ပါတယ်
ဒါပေမယ့် ဒီတော့ တစ်လှည့်စီ မဟုတ်ဘဲ သုံးလှည့် ဆက်တိုက်ဖြစ်ခဲ့ရပါတယ်
စတင်းမွန်းစတားက အခုတလော ကြပ်တည်းသည့်တိုက်ပွဲနဲ့ ရလာဒ် နည်းပါးခြင်းတို့ စုံကျရောက်နေတာသတိ
ထားမိပါတယ်
ချန်ပီယံ ပြန်ရောက်ဖို့ တစ်ရက်လုံး တိုက်ခဲ့ရပါတယ် ကံကောင်းစွာနဲ့ဘဲ ချန်ပီယံကို ရောက်သည်ဆိုရုံလေးပြန်ရောက်
လာခဲ့တယ် ရောက်ပြီး သိပ်မကြာပါဘူး နေ့စဉ် တိုက်ပွဲ တိုက်ရပါတယ်
ချန်ပီယံမှာ ထိန်းပြီး နေ့စဉ်ပွဲ ငါးပွဲ အနိုင်တိုက်နိုင်ရင် ကဒ် နှစ်ဆယ်ရမှာဖြစ်ပါတယ်

bbshwe.jpg

ပွဲစဉ်စတယ်ဆိုတာနဲ့ ဘာအတွဲနဲ့ တိုက်ရမှာလဲ ဆိုတာကို ပြေးကြည့်ရပါတယ် အတွဲ မကောင်းရင် အောက်ပြန်ဆင်း
ရမယ်မဟုတ်လား ကံကောင်းချင်တော့ ကိုယ့်ရဲ့ အားကောင်းသော အတွဲဖြစ်တဲ့ သရဲအတွဲနဲ့ ကျတယ်လေ
အဆင်တော့ပြေပြန်ပါပြီ သရဲအတွဲနဲ့ဆိုတော့ အောက်ဆင်းစရာမလိုတော့ပါဘူး
ချန်ပီယံမှာဘဲ ထိန်းပြီးတိုက်လို့ရပြီပေါ့ သိပ်မတိုက်လိုက်ရပါ ကိုးပွဲလောက်တိုက်ပြီးတာနဲ့ နေ့စဉ်ပွဲကပြီးသွားပါပြီ
ကဒ်နှစ်ဆယ်လည်း ရပြီလေ
ရလာတဲ့ကဒ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်ပါတယ် ကံကောင်းခြင်းတွေက ဆက်တိုက်ပါဘဲ
ဟုတ်ပါတယ် ကံကောင်းပါတယ် ယနေ့မှ စပေးသော ဟီးရိုးအသစ်လေးရတယ် ပိုကံကောင်းတာက အဲ့ဒီကဒ်က
ရွှေကဒ်လေးဖြစ်နေတယ် ဒီထက်ကံကောင်းတာက အဲ့ဒီရွှေကဒ်လေးက လက်ရှိ ဒေါ်လာ လေးဆယ်ကျော် နဲ့
အရောင်းတင်ထားနိုင်ပါပြီ ကံဆက်ကောင်းမယ်ဆိုရင်တော့ အဲ့ဒီကဒ်လေး အရောင်းအ၀ယ်ဖြစ်သွားဖို့ပါဘဲ
ဒီနေ့တော့ ကံကောင်းသွားပါပြီ အဆင်ပြေသွားပါပြီ

bbshwe2.jpg

စတင်းမွန်းစတားက နေ့စဉ် စတင်းတွေ ရနေပါတယ် မကစားရသေးရင် ၀င်ကစားထားလိုက်ပါ
ခက်ခဲသော အလုပ်မဟုတ်ပါ ကလေး လူကြီး ကျား မ မရွေး ကစားလို့အဆင်ပြေပါတယ်
စတင်းတွေလည်း အမြဲရပါတယ် ယနေ့အချိန်အထိ စတင်း သုံးရာခန့် ထုတ်ယူထားနိုင်ပါပြီ
ရက်ဖာခေါ်နေတယ်တော့ မထင်ပါနဲ့ ဘယ်လင့်မှမပေးပါဘူး ကိုယ်ရသလို ရကြစေချင်လို့ပါ
အဆင်ပြေရင် အမြန်သာ ကစားလိုက်ပါ မိတ်ဆွေ နောက်မကျသေးပါ
နေ့စဉ် စာရေးတာကနေ ရတာက တူးစတင်းတောင် မပြည့်ပါဘူး ဒီနေ့ရတဲ့ အကောင်လေး အရောင်းအ၀ယ်
တည့်သွားရင် စတင်း တစ်ရာ့နှစ်ဆယ်ရမှာဖြစ်ပါတယ် ဒါဟာ တစ်ကောင်တည်းရောင်းရတဲ့ ဈေးဖြစ်ပါတယ်။

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

စတင်းတွေလည်း အမြဲရတော့မိုက်တယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မိုက်တယ် ကိုယ်တွေကတော့မထိန်းနိုင်ဘူး
ပြန်ဆင်းလာရတယ်

နောက်ဆုံးတော့လည်း အတူတူပါဘဲလေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85