လိုက်လို့ မှီကြပါဦးမည်လား

in #esteem5 years ago (edited)

eew.jpg
https://nextcolony.io
အာကာသ စစ်ပွဲဂိမ်းက တိုက်ပွဲတွေ စရတော့မယ်လို့ သိရတယ် ဘယ်လို တိုက်ရမယ်ဆိုတာတော့ တကယ့်ကို နဖူးတွေ့ ဒူးတွေ့ တိုက်ရမှဘဲ သိမှာပါ စမ်းပြီးတိုက်ခိုက်ကြည့်ရမှာဖြစ်ပါတယ် အစပိုင်းကတော့ အလွဲလွဲ အမှားမှားတွေ လုပ်မိမယ်ထင်ပါတယ်
အကျိုးအမြတ် ခွဲဝေ ပေးမှုတွေလည်း လာတော့မယ်ထင်ပါတယ် လာလဲ လာမှဘဲ အခုချိန်ထိ တစ်စုံတစ်ရာ မမြင်ရသေးတော့ ရင်းနှီးသူတွေလည်း အနည်းငယ်တော့ စိတ်ပူစရာ ကောင်းနေပါတယ် လစ်ပြေးသွားရင်တော့ ပက်လက်လန်ရဦးမယ်
အဲ့သလိုတော့ မဖြစ်လောက်ဘူးထင်တာပါဘဲ ကိုယ်က စတင်ပြီးတော့ ပေးထားရတာဖြစ်လို့ ကိုယ့်ဆီ ပြန်ရောက်မလာမချင်းကတော့ ရာနှုန့်း ပြည့် စိတ်ချရတယ် မဆိုနိုင်သေးပါဘူး အနည်းငယ်တော့ တွေးပူပါတယ်
သူ့ရဲ့ စည်းကမ်း ကလနားတွေက ဘယ်လို ရှိမယ် မသိရသေးတာကလည်း တစ်ခုအပါအ၀င်ပေါ့
အရင် ဆေးဝါးဂိမ်းတုန်းက ရင်းနှီးသူတွေ အရှုံးကြီးရှုံးခဲ့တာမျိုးတော့ မဖြစ်လာလောက်ဘူးလို့ မျှော်လင့်ပါတယ်
ဆေးဝါးဂိမ်းမှာ အကြီး အကျယ် ဆုံးရှုံးထားသူတွေကတော့ ယခု အာကာသ ဂိမ်းထဲမှာ ပြန်မတွေ့ရတာများပါတယ်
ဆေးဝါးဂိမ်းက အမှားတွေ အများကြီး လုပ်သွားတာ မြင်ရပါတယ်
အခုလည်း ရင်းနှီးသူက အနည်းငယ်ဘဲရပြီး ရင်းနှီးမှု မပါဘဲ ဖရီးကစားသူတွေအတွက်ပါ အကျိုးအမြတ်ခွဲဝေရဦးမယ်ဆိုရင်တော့ သိပ်အလားအလာ မကောင်းနိုင်ပါဘူး ရင်းနှိးထားမှု များလေ အရင်းပြန်ရဖို့ ခက်လေ အနေအထား ဖြစ်လာစရာရှိပါတယ်
တကယ်လို့သာ ခွဲဝေပေးမှုက သမာသမက်ကျပြီး အချိုးကျ အနေအထားပေးလာမယ်ဆိုရင်တော့ နောက်ထပ် ရင်းနှီးထည့်ဝင်မယ့်သူတွေ များစွာ ထွက်ပေါ်လာမှာပါ
ဒီနေ့ထူးခြားမှုကတော့ ထိပ်ဆုံးက တစ်ယောက်ဟာ မနေ့က ဂြိုလ် ဆယ့်တစ်လုံးတည်း ပိုင်တာပါ ဒီနေ့မှာတော့ ဂြိုလ် နှစ်ဆယ့် နှစ်လုံးတောင် ပိုင်ဆိုင်နေပါပြီ ဘယ်လိုများ လုပ်လိုက်တာလဲ ဆရာရယ်
ကိုယ်တွေမှာတော့ ဂြိုလ်တစ်လုံး ရဖို့ အရေး ဘုရားတစ်ဆူပွင့်အောင် စောင့်ရတာထက် ပိုကြာနေသလားလို့ ထင်နေမိတာပါ
သူကတော့ တစ်ရက်တည်း ဂြိုလ် ဆယ်လုံးကျော် ဘယ်လိုများ ရှာလိုက်တာပါလိမ့် ၀ယ်လိုက်တာများလား နေရာအတိအကျသိတယ်ဆိုတဲ့ အခြေအနေများလား ဒါဆိုရင်တော့ မြေပုံညွှန်းရောင်းစားနေကြတာများလား
ဘာပြောပြော အဲ့သလောက်တော်လွန်းတာကိုတော့ လေးစားရပါပြီ
အပေါ်ကိုမော့ကြည့်ရတာ လည်ပင်းညောင်းပါတယ်လေ ကိုယ့်ဂြိုလ်ကိုယ်ရှာတာက အကောင်းဆုံးပါ ထိုက်သလောက်တော့ ရဦးမှာပါလေ

Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks you @esteemapp

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66569.64
ETH 3235.92
USDT 1.00
SBD 4.31