နှစ်ရက်တစ်ကြိမ်ပေးတဲ့အပ်ဗုတ်

in #esteem5 years ago

နှစ်ရက်တစ်ကြိမ်ပေးတဲ့အပ်ဗုတ်

all444.jpg

Photo Credit : https://steemmonsters.com/#
စတင်းမွန်းစတားကတော့ စတီးမစ်ပေါ်မှာ ပထမဆုံး ကစားခဲ့ရသော ဂိမ်းကောင်းတစ်ခုပါဘဲ
တာထွက်ေ ကာင်းခဲ့သော ဂိမ်းဖြစ်သလို ယခုလက်ရှိ အချိန်မှာလည်း အောင်မြင်မှု ရှိနေတဲ့ ဂိမ်းဖြစ်ပါတယ်
ကစားသူတွေ အကျိုးအမြတ် ရယူနေကြဆဲ ဂိမ်းပါ လူတိုင်းတော့မ ဟုတ်ပါဘူး ရင်းနှီးကစားသူများအတွက် အကျိုးအမြတ်
များစွာ ရရှိလို့နေကြပါတယ် ကိုယ်တွေကတော့ အရှိန်ကောင်းတုန်းကဘဲ ပါဝင် အားထည့်ခဲ့လေတော့ ယခုလို အင်အားနဲ့ ၀င်ရတဲ့ အချိန်မှာ အဆင်ပြေမှုနည်းပါတယ် ကိုယ်တွေ ဘဲ ဒီလို နောက်ဆုပ်လိုက်တာလား လို့ အရင်က ထင်မိပါတယ်
သေချာ ပြန်လေ့လာကြည့်မိတော့ ကစားသူ လေးချိုး သုံးချိုးလောက်က ကိုယ်တွေ လုပ်သလို လုပ်သွားကြတာပါဘဲ
ကျန်တဲ့ တစ်ချိုးကတော့ ထိပ်ပိုင်း နံပါတ်စဉ် တစ်ရာ ၀န်းကျင်က လူတွေဘဲ ဖြစ်ပါတယ် သူတို့ကတော့ ဒေါ်လာ ထောင်ချီပြီး ရင်းနှီးထားတဲ့သူတွေပါ အများစုကတော့ ထိုက်သင့်တဲ့ အကျိုးအမြတ်တွေ ကိုယ်စီကိုယ်ငှ ယူပြီးလို့ နောက်ထွက်သမျှ ဂိမ်းတွေ နောက် လိုက်ပါသွားခဲ့ကြပြီဖြစ်ပါတယ်။
နောက်ဂိမ်းတွေကလည်း သူ့ဟာနဲ့သူ အဆင်ပြေကောင်းမွန်ကြပါတယ် ဆေးဝါးဂိမ်းကနေလည်း အဆင်ပြေခြင်းတွေ ရရှိပြီးကြသလို မကြာခင် လာတော့မယ် အာကာသ စစ်ပွဲကနေလည်း ရသင့်ရထိုက်တာတွေ ရတော့မှာပါ
အခုဆိုရင် စတင်း ရရှီနိုင်တဲ့ လမ်းကြောင်းက ပိုများလာပါတယ် ထွက်ပြီးသမျှ ဂိမ်းတွေကလည်း စတင်းတွေ မရပ်မနားရရှိနေတုန်းပါဘဲ နည်းတာ များတာတော့ လုပ်ဆောင်အားထုတ်မှုနဲ့ ကံတရားပေါ်မူတည်တာပေါ့
ရတာတော့ ရနေတာပါဘဲ ဂိမ်းမကစားသူကတော့ လုံးဝ မရပါဘူး ဒါကတော့ မျှတတဲ့ အဖြေပါဘဲ ဒါကြောင့် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စတင်း ၀င်လာမယ့် လမ်းကြောင်းဖြစ်မယ်ဆိုရင် လုပ်ထားသင့်တယ် ကစားထားသင့်ပါတယ်
အခုဆိုရင်ဘဲ စတင်းမွန်းစတား ရဲ့ နှစ်ရက်တ စ်ကြိမ်ပေးသော အပ်ဗုတ်ကို အရယူနေတုန်းပါ ဒါက အသေချာဆုံးသော အလုပ်လည်းဖြစ်ပါတယ် နောက်ဂိမ်းတွေဆီကလည်း တန်ဖိုးရှိတဲ့ အပ်ဗုတ်တွေ ရလို့နေပါတယ်ဂိမ်းကစားတာက အကျိုးရှိတယ်ဆိုတာ လက်တွေ့ပါဘဲ ဂိမ်းတွေကနေ ရလာတဲ့ အထောက်အပံ့တွေနဲ့ စတင်းအင်အား တိုးပွားလာအောင် လုပ်ဆောင်နေပါတယ်

Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66396.53
ETH 3174.43
USDT 1.00
SBD 4.15