ဖလား လေးရာနားဘဲရောက်သေးတယ်

in #esteem5 years ago

@bobokyaw.jpg
ဒီနေ့လဲ စတင်းမွန်းစတား အကြောင်း နဲနဲ ဖောကြည့်ပါဦးမယ် အမှန်ကတော့ သူ့အကြောင်း မနက်ဖန်မှ ရေးမလို့ပါဘဲ
အကြောင်းအမျိုးမျိုးနဲ့ ဒီညအတွက် ဒီကောင်လေးနဲ့ဘဲ ပို့စ် တစ်ပုဒ် တည်လိုက်ပါရစေဦး
စတင်းမွန်းစတားဆော့လာတာ တစ်လနီးပါးရှိပြီဖြစ်ပါတယ်။ ခန့်မှန်းမိသလောက် အတိအကျက မမှတ်မိတော့လို့ပါ
အခုဆိုရင်တော့ ကစားသူတွေလည်း တစ်စတစ်စ များပြားလို့လာနေပါပြီ ယခုလို စတင်းဈေး ဇောက်ထိုးဆင်းနေချိန်မှာတောင်
စတင်းမွန်းစတား ဂိမ်းက အောင်မြင်တယ်ဆိုတဲ့ အခြေအနေကို ကျော်လွန်လို့နေမယ်ထင်ပါတယ် လက်ရှီအခြေအနေအရ ကစားသူ နှစ်ထောင် ကျော်သွားလို့ သုံးထောင်နားကို ချဉ်းနင်းဝင်ရောက်လျှက်ရှိနေပါပြီ ဒါကလည်း စတီးမစ်အသုံးပြုသူ
အမှန်အကန်အသုံးပြုသူတွေ ဘယ်လောက် ကျန်နေသေးလဲဆိုတာကို အကြမ်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်
စတင်းဈေးကျတော့ အချို့ စာမရေးဖြစ်တော့ဘူး ဂိမ်းဆော့ဖြစ်နေတယ်ပေါ့ ဂိမ်းရဲ့ ရှေ့လားရာလမ်းကြောင်းကလည်း
အခြေအနေကောင်းတယ်ဆိုတော့ ၀ါသနာပါသူ စိတ်ဝင်စားသူတွေ လက်ကမချတမ်းကစားနေကြတာ တွေ့ရပါတယ်
စတီးမစ်အကောင့်လျှောက်သလို ဖရီးမဟုတ်တာတောင် ဒီလိုအသုံးပြုသူ များပြားနေတာဟာ စတီးမစ်အတွက် အလားအလာ
ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ကစားသူတိုင်း ဆယ်ဒေါ်လာတော့သွင်းရတယ်ဒါကို ၀မ်းပန်းတသာသွင်းလို့ ဆော့ကြပါတယ်
လက်ရှိစတင်းဈေးလည်းကျနေတယ်။ တကယ်လို့ စတင်းဈေး တက်လာရင် ကစားသူတွေ အလွန်များလာပါဦးမယ်
အခုတော့ ဖရီးဘောတွေ အများကြီး ချပေးနေပါတယ် စတင်းမွန်းစတား အဲ့ယားဒရော့ ပေါ့ သူမပြောဘူးနော် ကိုယ်ကမြင်တာပြောတာ ဖရီးပေးတုန်း ရသမျှ ကြိတ်ဆွဲထားပါတယ်လို့။ အခုထိတော့ နေ့တိုင်း ပေးနေတုန်းဘဲ
ဈေးနည်းနည်း တန်သော တန်ဖိုးကြီးကဒ်တွေတော့ ထုတ်ရောင်းဖြစ်ပါတယ် ။လိုအပ်သော ကဒ်တွေတော့ ပြန်လည်အသုံးပြု
ဖြစ်တယ်။ ဒီနေ့အထိတော့ ဒီရာသီပွဲစဉ်မှာ ဖလား လေးရာနားဘဲရောက်သေးတယ် တစ်နေတုန်း မကစားဖြစ်သေးတာကြောင့်လည်း ဖလားမတက်နိုင်သေးတာပေါ့ နောက်တစ်ခုက ဖလားတက်ရခက်နေတယ်လေ ရာသီကုန်ခါနီးမှ အသကုန် ဗျင်းမယ်လို့ စဉ်းစားထားပါတယ်

Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ပုံမှန်လေး သာယူဗျာ။ ပြီးခါနီးမှ ဝုန်း

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94