ဖလားတစ်ထောင်ကျော်ပြီလား

in #esteem5 years ago

Screenshot_2018-12-06-13-26-08.png

ရာသီလိဒ်ပွဲစဉ် သရီးက ပြီးဆုံးဖို့ ရက်အနည်းငယ်သာလိုတော့တာပါ ကိုယ့်မှာတော့ မြင်တဲ့အတိုင်းပါဘဲ Silver သရီးကိုတောင်
မနည်းရုန်းကန်ပြီးတက်လာရပါတယ် အခုမှ ဘုတ်စတားကဒ်က လေးကတ်ဘဲရပါသေးတယ်
ဆရာတွေကတော့ ဂိုးတောင် ပြီးကြပါတော့မယ် ဒိုင်းမွန်းကိုတောင် မျက်စောင်းထိုးနေကြပါပြီ
ဒီရာသီတော့ လိမ်ဖယ်ဖယ်နဲ့ ဒီအတိုင်းသွားမလား မသိတော့ဘူးဗျာ ဘာမှ ရလိုက်မယ်မထင်တော့ဘူး
အချိန်ကလည်း သိပ်မပေးဖြစ်တော့ ဖလားတက်ဖို့ အခက်အခဲရှိနေပါတယ်
အချိန်ပေးတိုက်ရင်တော့ ဂိုးလောက်ကို ရောက်မယ်လို့ ထင်ပါတယ် အထင်သာရှိပါတယ် လက်တွေ့တော့ မရောက်နိုင်တော့ပါဘူး
တိုက်ပွဲက တိုက်ရတာ အရမ်းခက်ခဲနေပါတယ် ကိုယ့်ဟီးရိုးတွေက နိမ့်နေတော့ ဘယ်လိုမှ မယှဉ်သာပါဘူး
စစ်အင်အားတောင့်တင်းအောင် လုပ်မှကို ရတော့မယ့်အခြေအနေပါဘဲ
ကဒ်တွေ ရောင်းစားခဲ့မိတာ ဒီမှာအဖြေပေါ်တာပါဘဲ
လေဘယ်မြင့်တဲ့သူတွေက သာသာယာသာတိုက်ပြီး တက်နေချိန် ကိုယ်တွေက ရုန်းကန်နေရပါတယ်
ဒီနေ့မှကို ဖလား တစ်ထောင် ကျော်သည်ဆိုရုံလေး ကျော်သွားပါတယ်
ဒါတောင် ဖလား အလှူပေးတဲ့ သူ ငါးယောက်လောက်တွေ့ပါသေးတယ်
မတိုက်လိုက်နဲ့ တိုက်လိုက်ရင် အရှုံးချည့်ပါဘဲ
စစ်ရေးအမြင်ရှိသူတွေကတော့ အခုချိန်မှာ အေးရာအေးကြောင်းဖြစ်နေပါပြီ
စစ်ရေးအတွေ့အကြုံ နုနယ်သော ကိုယ့်အဖို့မှာတော့ ဖလား အနည်းငယ်သာ ရပါသေးတယ်

Screenshot_2018-12-06-13-26-28.png

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

ကျော်နေပါပြီ။ ရုတ်တရက် ဝဋ်ခံနေရသလိုပဲ ရှုံးပွဲဆက် ချက်က။ lvl မြင့်မှ ပဲရတော့မယ်။

Posted using Partiko Android

ဟုတ်တယ် ဘရားသားရေ လေဘယ်တွေ မြှင့်ပေးမှ အဆင်ချောမယ့်ပုံဘဲ
ဒီအတိုင်းကတော့ ချွေးပျံတာ အဖက်တင်တယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66004.40
ETH 3243.40
USDT 1.00
SBD 4.19