snaxbountyprogram ပို့စ်တင်ခြင်းနှင့် ရောက်တက်ရာရာ အပိုင်းအစများ

in #esteem5 years ago

snaxbountyprogram ပို့စ်တင်ခြင်းနှင့် ရောက်တက်ရာရာ အပိုင်းအစများ
image.png
ဒါကတော့ snaxbountyprogram ဒုတိယနေ့အတွက် ပို့စ်တင်တာပါ တစ်ရက် တစ်ပုဒ် တင်လို့ ရတယ်ဆိုရင်တော့ မဆိုးဘူး ပြောရပါမယ် တစ်ရက် တစ်ထောင် ဆိုတော့ နှစ်ရက် ကို နှစ်ထောင် ကျော်လောက် ရနိုင်မလားလို့ပါဘဲ ဘယ်လောက်ရရပါ ရသလောက် ကျေနပ်ပါတယ် အခုလို စာရေးတာက ပိုရနိုင်တယ်ဆိုတော့ စာရေးတာကို ပိုလုပ်ရမှာပါဘဲ ဈေးကတော့ ဘယ်လောက် ပေါက်လာမလဲ မသိပါဘူး ဒါလည်း ပေးသလောက် ကျေနပ်ရမှာပါဘဲ အလကားရတာဘဲလေ ကိုယ့်ဘက် ဘာအားစိုက်ရတာမှတ်လို့ သူပြောတဲ့ သက်မှတ်ချက်လေး ၀င်အောင် လုပ်ပေးလိုက်ရင် အဆင်ပြေပြီဆိုတော့ လုပ်ရတာ အခက်အခဲမရှိပါဘူး အလကားပေးနေတုန်းကို ယူစရာရှိတာ ယူထားလိုက်ကြတာပေါ့ ဈေးချရောင်းမှဆိုရင် ကိုယ်လည်း လိုက်ပြီး မ၀ယ်နိုင်ပါဘူး အဲ့လောက်လည်း အရင်းအနှီး မတက်နိုင်ပါဘူး ဖရီးရတာလေးတွေဘဲ လုပ်ရမှာပါ

ဖရီးရတယ်ဆိုပေမယ့်လည်း အလကားဟေ့ ရော့အင့်ဆိုပြီးလာပေးတာတော့ မဟုတ်ပါဘူး သူက ဘယ်လိုလိုအပ်ချက်လေးတွေ တော့ ရှိတယ် ဒါလေး ဘောင်ဝင်တယ်ဆိုရင် ပေးမယ် ဒါမျိုးဆိုတော့ ထိုက်သင့်သလောက်တော့ အားထုတ်ရပါတယ် ကိုယ်က လုပ်စရာရှိတာ လုပ်ထားရမှာပါဘဲ ဈေးကွက်ပေါ်ရော်ကမှ ကိုယ်မလုပ်မိလေခြင်း ဆိုရင်တော့ ခံစားရခက်နေပါ့မယ် လုပ်ထားတာတော့ အမှားမရှိပါဘူး ရနိုင်သလောက်လေးတော့ အားထုတ်လုပ်ကိုင်ရပါလိမ့်မယ်

အခက်အခဲကြီးမှ မဟုတ်တာဘဲ စာလေးဘာလေး ကြည့်ကောင်းအောင်ရေး တင် သူတို့ သက်မှတ်တဲ့ ဘောင်ထဲ ရောက်သွားရင် အဆင်ပြေတာပါဘဲ မနေ့ကတော့ တစ်ပုဒ် တင်ကြည့်လိုက်တယ် စာရင်းထဲတော့ ၀င်သွားတာ တွေ့တယ် နောက်သုံးရက်လောက်နေမှ ရမရ ထပ်ကြည့်ရပါဦးမယ် ရတယ်ဆိုရင်တော့ ပြီးပြီဘဲလေ တစ်ရက် တစ်ပုဒ်တင်လို့ အဆင်ပြေရင်တော့ သုံးပုဒ်လောက်တော့ မှီမယ်ထင်တယ် သုံးပုဒ်လောက်မှီ ရင်တော့ သုံးထောင်လောက် ရမလားလို့ပါဘဲ တွက်ရေးကတော့ ရှယ်ပါဘဲ
ရမရတော့ စောင့်ကြည့်ပါဦးစို့လေ

အခုတော့ အီးစတင်းကနေ တင်လိုက်တယ် အီးစတင်းကလည်း ခုတလော ဈေးကိုင်နေပါတယ် သုံးစွဲသူ များလာလို့ဘဲလား စပန်တွေ များနေလို့ဘဲလား ဘာလား ဘာလား ဘာဖြစ်ဖြစ်ပါ စတီးမစ်ပေါ်မှာ အထောက်အပံ့အကောင်းဆုံးကတော့ အီးစတင်းပါဘဲ သူ့ရဲ့ အထောက်အပံ့ တွေက ကိုယ့်ပါဝါရဲ့ သုံးပုံနှစ်ပုံလောက်ထိ ရှိပါတယ် ဘယ်လောက် များတယ်ဆိုတာတော့ ကိုယ်သာ အသိဆုံးပါဘဲ အခုလို မရတစ်ချက် ရတစ်ချက်နဲ့လည်း တင်နေရမှာပါဘဲ ကိုယ်တွေရဲ့ အကောင်းဆုံး ပရိုမိုးရှင်းဆိုတော့ မတင်လို့လည်း ကိုယ့်ကို ဘယ်သူမှ လာဘုတ်မှာမဟုတ်ပါဘူး အီးစတင်းကဘဲ အသေခအချာ လာဘုတ်ပေးမှာပါ

စတီးမစ်ပေါ်မှာ ရောက်လာတာ တစ်နှစ်ကျော်လို့ နှနှစ်ပြည့်လုပါပြီ အခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ သင့်ပါပြီ ဒါပေမယ့် ခုထိ စပေါ့တွေကို မျှော်နေရတုန်းပါဘဲ ကယ်တင်ရှင်တွေရဲ့ အထောက်အပံ့ တောင်းခံနေရတုန်းပါဘဲ အဲ့ဒီလို အခြေအနေက လွတ်မြောက်ချင်တာကတော့ စတီးမစ်ပေါ်မှာ ဆက်လက်လျှောက်လှမ်းမှာရဲ့ ပထမဆုံး ရည်မှန်းချက်ပါဘဲ အဲ့ဒီရည်မှန်းချက် ပြည့်မှီဖို့ လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ် တစ်သက်လုံး အထောက်အပံ့နဲ့ ရပ်တည်ဖို့က မဖြစ်ချင်ပါဘူး တစ်ချိန်မှာ အထောက် အပံ့ကင်းစွာနဲ့ စတီးမစ်ပေါ်မှာ ရပ်တည်ချင်ပါတယ် ကြိုးလည်း ကြိုးစားနေပါတယ် မကြာခင်မှာ ဖြစ်တည်လာမယ်လို့လည်း ယုံကြည်ပါတယ်
Author : @bobokyaw
image

Sort:  

သူက တစ်ပုဒ်အတွက်သာ ပေးတာလို့ သိရပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

New japanese speaking community Steem Meetup badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84